ကျွန်ုပ်တို့နှင့် အတူရှိတော်မူသော ဘုရား

(ဆာလံ၊ ၁ဝ၇)၌ “ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ဂုဏ် ကျေးဇူးတော်ကိုချီးမွမ်းကြလော့”ဟု မိန့်တော်မူထားပါသည်။ ထိုစကားတော်သည ဘုရားသခင်၏စကားဖြစ်၍ သက်သေရှိပါသည်။ ထာဝရဘုရားသည် ကောင်းမြတ်၍ ကတိတည်သောဘုရားရှင်ဖြစ်ကြောင်း၊ အသက်တာ၌လက်တွေ့ ခံစားသိရှိထားသောသူများ ယနေ့လောကတွင် အမြောက်အမြားရှိနေကြပါသည်။ ထိုသက်သေကို မိတ်ဆွေ၏အသက်တာ၌ ခံစားရပြီးလား၊ မခံစားရသေးပါက ခံစားနိုင်ဖို့ရန် ယနေ့သခင်ယေရှုကဖိတ်ခေါ်လျက်ရှိပါသည်။

ကရုဏာတော်

ကရုဏာတော်ဟူသည် ဘုရားသခင်၏ကျေးဇူးပြုမှုဖြစ်သည်။ မထိုကမတန်ဘဲနှင့် ခံစားရရှိသောအရာဖြစ်သည်။ မိမိတို့ လုပ်ဆောင်ကြောင့် ထိုက်တန်စွာခံစားရရှိသောအရာမှာ ကရုဏာတော်မဟုတ်တစ်စုံတစ်ဦးသောပုဂ္ဂိုလ်က ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်အစဉ်တည်ကြောင်း ပြောဆိုသည့်အခါ ထိုသက်သေကို ခံစားထားသော အခြားသူများက အတူတကွအာမင်ခေါ်၍ ဝန်ခံကြမည်သာဖြစ်သည်။ ဘုရားသခင်၏ကရုဏာကျေးဇူးကို  ခံစားရမှုအမျိုးမျိုးရှိကြပါသည်။ အချို့က ကျန်းမာရေး၊ အချို့ကစိတ်ဒုက္ခပြဿနာ၊ အချို့ကစီးပွါးရေး၊ မိသားစုပြဿနာ စသဖြင့် တစ်ဦးနှင့်တစ်ဦးမတူညီကြပါ။ သို့သော် တူညီသည့်ကဏ္ဍမှာ လူသားတိုင်းဝဋ်ကြွေးကံပိ၍ တမလွန်အရေးစိတ်မအေး ဖြစ်နေကြသည့် ပြဿနာဖိစီးမှုမှ ကယ်မတော်မူခြင်း ဖြစ်သည်။ ဤကရုဏာတော်ကျေးဇူးပြုမူသည် လူသားတိုင်းတန်တူညီမ ခံစားနိုင်ရန် ဘုရားရှင်၏ မေတ္တာနှင့် ပြင်ဆင်ပေးတော်မူ ချက်ဖြစ်ပါသည်။

လူတိုင်းအတွက်အခွင့်အရေး

ဘုရားရှင်သည် မိမိကောင်းမြတ်တော်မူခြင်းကိုသက်သေထူနိုင်ဖို့ရန် လူမျိုးတစ်မျိုးကို ရွေးချယ်တော်ခဲ့ပါသည်။ ထိုလူမျိုး တော်အားဖြင့် လူသားများသည် မိမိကောင်းမြတ်ကြောင်းသိမြင်ခံစားနိုင်ဖို့ရန်ပြင်ဆင်ပါသည်။ ထိုနည်းတူဘုရားရှင် သည် မိမိကောင်း မြတ်ကြောင်းကို အြားသူများခံစားနိုင်ဖို့ ကျွန်ုပ်တို့အား မိမိ၏စကားတော်ကိုနားထောင်စေခြင်းအားဖြင့် သက်သေထူနိုင်ဖို့ရန် အခွင့်အရေးပေးထားပါသည်။

ဘုရားရှင်သည် ဣသရေလလူများကို အဲဂုတ္တုပြည်မှကယ်နုတ်၍ ခါနန်ပြည်သို့ခေါ်ဆောင်ရာတွင် တောလမ်းခရီးမှခေါ် ဆောင်ခဲ့ပါသည်။ ဣသရေလလူတို့သည် လမ်းခရီး၌ဆင်းရဲဒုက္ခကြုံတွေ့သောအခါ ထာဝရဘုရားကိုအော်ဟစ်၍ သူတို့အားထို ဒုက္ခထဲမှ ဘုရားရှင်ကယ်နုတ်ခဲ့ပါသည်။ ထိုအတူ လောက၌အသက်ရှင်စဉ် ကျွန်ုပ်တို့အတွက် အရာရာ၌ပြေလည်မှုရကြမည် မဟုတ်ပါ။ ရွှေငွေဥစ္စာရှိသော်လည်း ထိုအရာများက ကျွန်ုပ်တို့၏ပြဿနာအလုံးစုံကိုမဖြေရှင်းပေးနိုင်ပါ။ လောကကြီးထဲတွင် လူ့အစွမ်းဖြင့်မဖြေရှင်းနိုင်သောပြဿနာများစွာရှိပါသည်။ ထိုသို့ပြဿနာကြုံရခြင်းသည်လည်း ဘုရားရှင်ကမျက်နှာ လိုက်၍မဟုတ်ပါ။ ထိုပြဿနာများဖြင့် ဘုရားရှင်ကိုခေါ်နိုင်ရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ ပြဿနာများထဲမှ ဘုရားရှင်ကို အော်ဟစ်၍ ဘုရားရှင်ကပြန်ထူးပြီး အဖြေပေးသည့်သက်သေကိုရလျှင် ခရစ္စမတ်သည် ကျွန်ုပ်တို့အတွက် အဓိပ္ပါယ်ရှိလာမည် ဖြစ်သည်။ ထာဝရဘုရားသည် အတိတ်ကာလက အသက်ရှင်သောဘုရားဖြစ်ရုံသာမက ယနေ့လည်း အသက်ရှင်တော်မူသော ဘုရားဖြစ် ပါသည်။

ကျွန်ုပ်တို့အတွက်သတင်းကောင်း

ယနေ့လောကတွင် သတင်းအမျိုးမျိုးရှိပါသည်။ သတင်းတိုင်းသည်လူတိုင်းအတွကကောင်းသည်မဟုတ်ပါ။ “ငါ့ကိုယုံကြည် သောသူသည် အပြစ်စီရငခြင်းမခံရ”ဟူသောကတိတော်သည် ကျွန်ုပတို့အတွက် ဘုရားရှင်ပြင်ဆင်သော ခရစ္စမတ်သတင်းကောင်း ဖြစ်ပေသည်။ ထိုသတင်းကောင်းသည် ဒုက္ခပြဿနာထဲမှ ဘုရားရှင်ကိုအော်ဟစ၍ ဘုရားရှင်၏ကယ်မမှုကိုခံစားရကာ ဘုရားရှင်သည်ကတိတော်နှင့်အညီ သစ္စာတည်ကြောင်းသိဖို့ရန်ကျွန်ုပ်တို့ကောင်းကျိုး အတွက် ဘုရားရှင်၏ပြင်ဆင်တော်မူချက်ဖြစ် သည။ ဆင်းရဲခြင်းရှိသမျှမှ ကျွန်ုပ်တို့ကိုကယ်လွှတ်ဖို့ရန် ဘိသိက်ခံယူ၍ ကြွလာတော်မူသော အရှင်သည် သခင်ခရစ်တော်ဖြစ်ပါ သည်။ မည်သည့်ဆင်းရဲခြင်းဒုက္ခထဲမှမဆို ကျွန်ုပ်တို့ကိုကယ်လွှတ်ဖို့ရန် ကိုယ်တော်ရှင်သည် စောင့်မျှော်လျက်ရှိပါသည်။ ကျွန်ုပ်တို့ ကြုံတွေ့ရသည့် ဒုက္ခပြဿနာထဲမှ ကိုယ်တော်ကိုယုံကြည်ခြင်းဖြင့် အော်ဟစ်အကူအညီတောင်းဖို့ရန်သာလိုအပ်ပါသည။ လွန်ခဲ့ သောနှစ်ပေါင်း(၂ဝဝဝ)ခန့်က လောကသို့ကြွလာ၍ သက်သေအမျိုးမျိုးကိုထူပြီးသည့်နောက် ကွယ်ပျောက်သွားသောအရှင်မဟုတ်ပါ။ ယနေ့တိုင်အသက်ရှင်၍ သက်သေထူဖို့ရန် စောင့်မျှော်နေသောအရှင်ဖြစ်ပါသည်။

ဧမာနွေလအရှင်    

အပျိုကညာဝမ်း၌ ပဋိသန္ဓြေွယူ၍ လူ့လောက၌ဖွားသန့်စင်မှုကိုခံယူတော်မူသောထိုအရှင်သည် ကျွန်ုပ်တို့အသက်တာထဲ၌ ကျွန်ုပ်တို့နှင့်အတူအသက်ရှင်လိုသောဘုရားရှင်ဖြစ်သည်။ ကျွန်ုပ်တို့၏ အခက်အခဲပြဿနာများကို သိရှိသလို ကျွန်ုပ်တို့၏ နှလုံးသားလိုအင်ဆန္ဒကိုလည်း သိတော်မူသောအရှင်ဖြစ်ပါသည်။ ထိုအရှင်၏နာမကား ဧမာနွေလ တည်းဟူသော “ကျွန်ုပ်တို့နှင့် အတူရှိတော်မူသောဘုရား”ဟု အနက်ရပါသည်။ ဘုရားရှင်ကို မည်သူမျှလှည့်စား၍မရပါ။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားကမျက်နှာ လိုက်၍မဟုတ်ပါ။ နှလုံးသား၏ဆန္ဒနှင့် တုန့်ပြန်မှုကိုလိုက်၍ အဖြေပေးသော ကြောင့်ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေ၏၏၏၊ သင်သည် ခရစ်တော်ဘုရားကို ယုံကြည်သူမဖြစ်သေးသော်လည်း စိတ်အား မငယ်ပါနှင့်။ ကိုယ်တော်ကို ယုံကြည်နိုင်ပါမည့်အကြောင်း သက်သေ ပေးပါဟု နှလုံးသားကဆန္ဒနှင့်တောင်းခံပါက ကိုယ်တော်သည်သင့်အား အမှန်ပင်သက်သေထူမစမည်ဖြစ်ပါသည်။

သက်သေခံပါ  

သခင်ခရစ်တော် လောက၌ ဖွားမြင်ခြင်းခံတော်မူသည့်အချိန်ကာလတွင် ကောင်းကင်တမန်သည် သိုးထိန်းများထံလာ ရောက်၍ သတင်းကောင်းကိုကြားပြောပါသည် (လု၊၂း၈)။ ထိုအခါ သိုးထိန်းတို့သည် ချက်ခြင်းတုန့်ပြန်ကာ သူငယ်တော်အား သွားရောက်ဖူးမျှော်ကြပါသည်။ ထို့အတူ ယနေ့ခရစ္စမတ်၏ သတင်းကောင်းကို ကျွန်ုပ်တို့ကြားရသည့်အခါ ဦးစွာမယုံကြည် ပါနှင့်။ ယုံကြည်နိုင်ဖို့ရန် သက်သေပေးပါမည့်အကြောင်း မြည်းစမ်း၍ခေါ်ကြည့်ပါ။ သက်သေရကိုရ လျှင်ကိုယ်တော်ကိုယုံကြည်ပါ။ သိုးထိန်းများသည် သတင်းကြားပြောကြောင်းတွေ့ရသည်။ ထိုနည်းတူကျွန်ုပ်တို့လည်း ကိုယ်တော်ရှင်၏ ကောင်းမြတ်ကြောင်းသတင်း ကြားရသည့်အတိုင်း မြည်းစမး၍သက်သေကိုရပြီးနောက် ကိုယ်တောအား ယုံကြည်လာသောအခါ ထိုသတင်းကောင်းကို အခြား သူများပါကြားသိခံစားနိုင်ရန် ထပ်ဆင့်ဝေငှသက်သေခံပါ။ ဤနည်းအား ဖြင့်အခြားသူများလညး ခရစ္စမတ်၏ကောင်းမြတ်ခြင်းကို ခံစားနိုင်ရန် ပါဝင်လုပ်ဆောင်ကြဖို့ မေတ္တာဖြင့်သတိပေးဝေငှလိုက် ရပါသည်။

 

ဆရာကြီးဦးတင်မောင်ထွန်း

လူ မျိုး အ ပေါင်း တို့ အ တွက် ခရစ္စမတ် အ ရှင်။

“…မိ မိ လူ တို့ ကို အ ပြစ် မှ ကယ် ချွတ် မည့် သူ ဖြစ် သော ကြောင့်၊ ယေ ရှု ဟူ သော အ မည် ဖြင့် မှည့် ရ မည် ဟု ကောင်း ကင် တ မန် ဆို ၏။ ( မဿဲ ၁း၂၁)”

ဤ ကျမ်း ပိုဒ် ကို ဖေါ် ပြ ရွတ် ဆို လိုက် သည် နှင့် ယုံ ကြည် သူ အား လုံး ၏ စိတ် တွင် အ လို လို မြင် ယောင် မျက် မှန်း တမ်း မိ နေ သည် မှာ ”ဤ အ ချိန် ကာ လ သည် ခရစ္စမတ်” အ ချိန် ကာ လ ရောက် သည် ဆို သည့် အ သိ ပင် ဖြစ် သည်။ ခရစ္စမတ် ကို ကမ္ဘာ နှင့် အ ၀ှမ်း က နှုတ် တွင် ရေ ပန်း စား နေ သည် မှာ မ ထူး ဆန်း လှ သော် လည်း အ သုံး ပြု ပုံ များ မှာ ကား ဆန်း ပြား နေ သည့် အ လျှောက် အ ကျိုး ရ လာဒ် များ က လည်း ကွဲ ပြား ခြား နား နေ လေ သည်။ Christmas Box, Christmas Tree, Christimas Celebration, နှင့် Christmas Carol , Christimas Discount, Holy day စ သည်၊ စ သည် ဖြင့် စီး ပွါး ရေး အ တွက် သော် ၎င်း၊ အ ပျော် အ ပါး အ တွက် သော် ၎င်း၊ ဘာ သာ ရေး၊ လူ မျိုး ရေး စ သော အ ကြောင်း ပြ ချက် များ စွာ ဖြင့် အ သုံး ပြု ပုံ ခြင်း မ တူ ညီ သည့် နည်း တူ ခ ရစ် တော် အား ယုံ ကြည် လက် ခံ ထား ကြ သော ယုံ ကြည် သူ အ ချင်း ချင်း ကြား မှာ ပင် ခ ရစ္စ မတ် သည် ၀တ် ကောင်း စား လှ ၀တ် သည့် ပွဲ အ နေ ဖြင့် ရှု မြင် တတ် သူ များ က လည်း ရှိ သေး ပေ သည်။ လူ အ မျိုး မျိုး စိတ် အ ထွေ ထွေ ရှိ သည် ဆို သော် ငြား လည်း ခရစ္စမတ် ကို ထို ဓ လေ့ ထုံး တမ်း စဉ် လာ များ နှင့် အ တူ ဆင် နွဲ ရန် ကား လုံး ၀ သင့် လျှော် မှန် ကန် ခြင်း မ ရှိ ပါ လေ။ အ ကြောင်း မှာ ထို အ သုံး ပြု ပုံ သည်၊ မှန် ကန် သင့် မြတ် လျှော် ကန် ပါ က သ ခင် ဘု ရား ၏ ဘုန်း တော် ထင် ရှား စေ နိုင် သ လို၊ အ ကယ် ၍ သင့် မြတ် လျှော် ကန၊် ဘု ရား ပေး ထား သော လမ်း စဉ် မ ဟုတ် ပါ က ရောက် လ တံ့ သော အ ကျိုး တ ရား တို့ သည် ကား သ ခင့် ဘုန်း လည်း မ ထွန်း လင်း၊ လော က သား တို့ အ တွက် လည်း အ ကျိုး မ ရှိ၊ အ ဆုံး တွင် ဘုန်း တော် ညှိုး နွမ်း စ ရာ ပင် ဖြစ် စေ သော ကြောင့် တည်း။

၁။ ခရစ္စမတ် အဓိပ္ပါယ်။
ခ ရစ် တော် ဘု ရား ၏ လူ့ ဇာ တိ ခံ ယူ ခြင်း နှင့် တ ဖန် ကြွ တော် မူ လာ မည့် အ ချိန် ကာ လ ကို စောင့် မျှော် ရင်း က န ဦး ယုံ ကြည် သူ များ က မိ မိ တို့ ၏ စစ် မှန် ၍ မွန် မြတ် လှ သော ယုံ ကြည် ခြင်း တ ရား တော် အ တွက် ညှင်း ပန်း နှိုပ် စက် ခြင်း၊ သတ် ဖြတ် မှု များ အ ကြား မှာ တ ဦး နှင့် တ ဦး တိုး ၍ ခိုင် ခန့် စေ ရေး အ တွက် လေး ရာ စု တွင် စ တင် ခဲ့ ကြ ကြောင်း သ မိုင်း ဆ ရာ တို့ က မှတ် တမ်း တင် ခဲ့ ကြ လေ သည်။ ယ နေ့ ကျွန်ုပ် တို့ အ သုံး ပြု နေ ကြ သော ခရစ္စမတ် ကတ် ကို ဟင် န ရီ ကိုလ် က ၁၈၄၃ ခု နှစ် တွင် စ တင် တီ ထွင် ကာ ပုံ နှိပ် အ သုံး ပြု ခဲ့ ကြောင်း သိ ရ လေ သည်။ အ ကယ် စင် စစ်၊  ခရစ္စမတ် အဓိပ္ပါယ် မှာ ”ဘု ရား နှင့် လူ ပေါင်း စည်း ခြင်း” ပင် ဖြစ် သည်၊ Christ+Mass= Christmas ဟူ ၍ ဖြစ် လာ ခြင်း ပင် ဖြစ် သည်။ ထို့ ကြောင့် နှုတ် က ပါတ် တော် သမ္မာ ကျမ်း စာ က “ယေ ရှု ခ ရစ် သည် အ ပြစ် ရှိ သော သူ တို့ ကို ကယ် တင် ခြင်း ငှါ ဤ လော က သို့ ကြွ လာ တော် မူ သည် ဟူ သော စ ကား သည် သစ္စာ စ ကား ဖြစ် ၏၊ အ ကြွင်း မဲ့ ခံ ယူ အပ် သော စ ကား လည်း ဖြစ် ၏” ဟူ ၍ ဆို ထား လေ သည်။ (၁ တိ ၁း၁၅) ထို့ ကြောင့် “လူ နှင့် ဘု ရား ပေါင်း စည်း ခြင်း” ကို ခရစ္စမတ် ဟူ ၍ ခေါ် ဆို သော ကြောင့်၊ ဧ ကန် စင် စစ် လော က တ ခု လုံး ၏ အ ကျွတ် တ ရား လမ်း အ တွက် ၀မ်း မြောက် ဖွယ် ရာ သီ တင်း ကောင်း တ ရား ကြား ပြော ရာ အ ချိန် ကာ လ ပင် ဖြစ် လေ သည်။ ထို့ အ တွက် ကြောင့် လည်း နိုင် ငံ တိုင်း လို လို တွင် ဘာ သာ ရေး ပွဲ လမ်း သ ဘင် များ ဖြင့် ကျင်း ပ ဆင် နွှဲ ခွင့် ပြု ထား လေ သည်။ သို့ ပါ လျက် ကျွန်ုပ် တို့ သည် ထို ရက် မြတ် မင်္ဂ လာ တွင် မည် သို့ မည် ပုံ ခရစ္စမတ် အ ရှင် ကို ကြို ဆို သည် ကို လွန် စွာ သ တိ ချပ် သင့် လှ ပေ သည်။ ထို့ ကြောင့် ခရစ္စမတ် အ ရှင် ယေ ရှု ခ ရစ် တော် ကို ကြို ဆို ကြ သော လူ ပုဂ္ဂိုလ် များ အ ကြောင်း နှင့် အ ကျိုး ရ လာဒ် များ ကို အ တူ တ ကွ ဆင် ခြင် လို ပါ သည်။

၂။ ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း။
သမ္မာ ကျမ်း စာ တော် မြတ် တွင် ခရစ္စမတ် အ ရှင်ကို စစ် မှန် စွာ ကြို ဆို သူ များ သည် မိ မိ တို့ ၏ အ သက် တာ တွင် “ဘု ရား နှင့် လူ ပေါင်း စည်း ခြင်း” ဆု ကျေး ဇူး ကောင်း ကြီး မင်္ဂလာ ကို လက် တွေ့ ခံ စား ရ ၍ မင်္ဂလာ ရှိ သော ဘ ၀ ကို ပိုင် ဆိုင် ရ သည် သာ မ က၊ သူ တို့ မှီ တင်း နေ ထိုင် ရာ ရှိ လူ အ ပေါင်း အ တွက် လည်း မင်္ဂလာ အ ပေါင်း ကို ခ ညောင်း စေ သော သူ များ ဖြစ် ခဲ့ ကြ ရ လေ သည်။

က။ သိုး ထိန်း များ (လုကာ ၂း၈-၂၀)။
သိုး ထိန်း များ သည် ကောင်း ကင် တ မန် များ ထံ မှ လော က သား အား လုံး တို့ အ တွက် “၀မ်း မြောက် ဘွယ် ရာ သီ တင်း စ ကား” ကို ကြား ရ ကြ ပြီး နောက်၊ သွား ရောက် ဖူး မျှော် သည် တွင် လော က ၏ ကယ် ချွတ် အ ရှင် ခ ရစ် တော် ဘု ရား အား ဒိ ဌ ကိုယ် တွေ့ ဖူး မျှော် ကြ ရ ပြီး မိ မိ တို့ အ သက် တာ တွင် မွန်မြတ် လှ သော ဘု ရား ရ တ နာ ကို ပိုင် ဆိုင် ရ သည် သာ မ က၊ အ ခြား တ ပါး သော သူ များ အား လည်း ထို မင်္ဂလာ သီ တင်း တ ရား နှင့် သီ တင်း ကောင်း အ ရှင် ယေ ရှု ခ ရစ် တော် ဘု ရား မြတ် အ ကြောင်း ကို ကြား ပြော ခွင့် ရ ခဲ့ ကြ လေ သည်။ လူ သည် ဆင်း ရဲ ချမ်း သာ၊ အ လွှာ ခွဲ ခြား တတ် ကြ သော် လည်း ရ ခဲ လှ သော လူ့ ဘ ၀ တွင် မြတ် ဘု ရား က အ ဆင့်၊ အ လွှာ ခွဲ ခြား တော် မ မူ ပဲ “လူ တိုင်း ဘု ရား နှင့် ပေါင်း စည်း ခြင်း” ဆို သော အ ခွင့် ထူး ကို ခံ စား နိုင် ကြောင်း ထို အ ကျွတ် တ ရား လမ်း အ ရှင် ကို ကိုယ် တွေ့ ခံ စား ကြ ရ သော သိုး ထိန်း တို့ က စစ် မှန် သော ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း ဖြင့် မင်္ဂလာ ရှိ သော သူ များ အ ဖြစ် သက် သေ ပြ ခဲ့ ကြ လေ သည်။

ခ။ ပ ညာ ရှိ များ (မဿဲ ၂း၁-၁၂)။
တ ဘောင် စ ကား တို့ နှင့် အ ညီ အ ကျွတ် တ ရား လမ်း ၏ အ ရှင် ပေါ် ထွန်း လာ မည့် အ ကြောင်း ကို သိ ရှိ သည့် အ တိုင်း မျှော် လင့် စောင့် စား နေ ကြ သော ပ ညာ ရှိ တို့ သည် စစ် မှန် သော ကယ် ချွတ် ရှင် ကြွ လာ သည့် အ ချိန် ကာ လ ကို ဖေါ် ပြ သည့် ကြယ် ပေါ် ထွန်း တော် မူ သော အ ခါ တွင်၊ မိ မိ တို့ ၏ အ သက် အ ရွယ်၊ အိုး အိမ် စည်း စိမ်၊ ခ ရီး အ ကွာ အ ဝေး ကို ပင် ငဲ့ ကွက် ခြင်း မ ရှိ ကြ ပဲ ကယ် ချွတ် အ ရှင် အား ဖူး မျှော် ရန် အ ရာ ရာ ကို စွန့် ကာ “လူ နှင့် ဘု ရား ပေါင်း စည်း ရေး” အ တွက် ယေ ရှု ခ ရစ် တော် ဘု ရား ကို ဖူး မျှော် ရန် ခ ရီး ထွက် ခွါ လာ ကြ သည့် အ တိုင်း၊ လူ တိုင်း နှင့် ဝေး တော် မ မူ သော အ ရှင် ကို မယ် တော် နှင့် တ ကွ တွေ့ ၍ “ဦး တိုက် ဖူး မျှော် ရ ခြင်း” အ ခွင့် ထူး ကို ရ သွား ကြ ကာ မိ မိ တို့ ၏ ဓ လေ့ အ ကျင့် ဟောင်း လမ်း စဉ် တို့ တွင် ထပ် မံ ကျဉ် လည် ခြင်း မ ပြု ရန် ဘု ရား ရှင် အ ထံ တော် မှ နှုတ် တော် ထွက် စ ကား ကို ရ တော် မူ သည့် အတိုင်း ၀မ်း မြောက် ၀မ်း သာ စွာ ဖြင့် “လူ နှင့် ဘု ရား ပေါင်း စည်း ခြင်း” တည်း ဟူ သော ကောင်း ကြီး မင်္ဂလာ ဘ ၀ အ သက် တာ သစ် ဖြင့် ခရစ္စမတ် အ ရှင် ကို စစ် မှန် စွာ ကြို ဆို ခြင်း ဖြင့် ခရစ္စမတ် အဓိပ္ပါယ် စစ် ကို ဖေါ် ထုတ် ပြ သ ခဲ့ လေ သည် မှာ ယ နေ့ ကျွန်ုပ် တို့ အ တွက် စံ ပြု စ ရာ ပင် ဖြစ် လေ သည်။

၃။ ခရစ္စမတ် အ ရှင် ကို မှား ယွင်း သော ကြို ဆို ခြင်း (မဿဲ ၂း၁-၁၈)။
ဘု ရား နှင့် လူ သည် ခွဲ ခြား နေ ၍ မ သင့် လျော် ပါ ပေ။ အ ကယ် ၍ သီး ခြား ဖြစ် တည် နေ ပါ က ထို သူ သည် အိပ်၊ စား၊ မေ ထုန်၊ ကာ မ ဂုဏ် တည်း ဟူ သော အ ဆင့် တွင် သာ ရှိ သည့် တိရိစ္ဆာန် နှင့် မ ခြား နား အ တူ တူ ပင် ဖြစ် ပေ လိမ့် မည်။ ပု ခုံး နှစ် ဖက် ကြား မှ ခေါင်း ပေါက် သော် လည်း လူ စင် စစ် ကား မ မြည် ဟူ ၍ လူ ကြီး သူ မ တို့ ထံ မှ စာ ရေး သူ ကြား နာ ခံ ယူ ခဲ့ ဘူး ပါ သည်။ ထို နည်း တူ၊ နှုတ် က ပတ် တော် မြတ် က လည်း “မြည်း၊ နွား” တို့ သည် သူ တို့ အ ရှင် နှင့် စား သော နေ ရာ ကို သိ သော် လည်း ငါ ၏ လူ တို့ မူ ကား ထို တိရိစ္ဆာန် များ လောက် ပင် မ သိ တတ် ဟူ ၍ (ဟေရှာ ၁း၃) တွင် ဆို ထား လေ သည်။ ထိုသို့ သော သူ တို့ ၏ အ သက် တာ တွင် ခရစ္စမတ် အ ရှင် ကို မှား ယွင်း စွာ မည် သို့ ကြို ဆို ၍၊ မည် သို့ အ ကျိုး မျိုး ကို ပေး ခဲ့ သည် ကို ကား ….

က။ စိတ် ပူ ပန် ခြင်း။
“လူ နှင့် ဘု ရား ပေါင်း စည်း ရေး” အ တွက် အ ဘယ့် ကြောင့် စိုး ရိမ် ပူ ပန် ရ ပါ သ နည်း။ ခရစ္စမတ် အ ချိန် တွင် လူ့ ဇာ တိ ခံ ယူ လာ သော ခရစ္စမတ် အ ရှင် သည် လူ သား တို့ အ တွက် “၀မ်း မြောက် ဖွယ် ရာ အ ကျွတ် တ ရား သီ တင်း” ကို ယူ ဆောင် လာ သည် ဖြစ် လျှက် ဟေ ရုဒ် ဘု ရင် အ တွက် မူ ကား ၀မ်း မြောက် စ ရာ မ ဖြစ် ခဲ့ ပါ၊ အ ကြောင်း မှာ ထို “မြတ် ဘု ရား ရှေ့ တွင် ဦး ညွတ် ၀င် ရ မည့် အ ရေး” ကို ဟေ ရုဒ် အ တွက် မ ဟာ့ မ ဟာ ဒုက္ခ ကြီး ဖြစ်နေ သော ကြောင် တည်း။ “ဤ ဇမ္ဗူ တွင် ငါ့ လို လူ မ ရှိ” ဟူ သော စိတ် ကြီး ၀င် ရော ဂါ ဆိုး ကြောင့် ပင် ဖြစ် ပေ သည်။

ခ။ ပြင်း စွာ အ မျက် ထွက် ခြင်း။
“အ မှန် တ ရား ဟူ သည် ဖုံး ကွယ် ၍ မ ရ” ဆို သည် ကို ဟေ ရုဒ် သည် သိ သော် လည်း မိ မိ ၏ အ ဖြစ် မှန် ကို ဖုံး ဖိ လို သော ကြောင့် လုံလပြု အား ထုတ် သော် လည်း မ ရ သည့် အ ဆုံး ပြင်း စွာ အ မျက် ထွက် ရ လေ တော့ သည်။ ထို့ ကြောင့် လည်း ရ ခဲ လှ သော လူ့ ဘ ၀ ကို “ဘု ရား ဖက် တော့ အ သက် ရှည်” ဆိုသော စ ကား ကိုသိ ပင် သိ ငြား သော် လည်း ဒေါ သ ရှေ့  ထား ၍ ဘု ရား မ ဖက် ပဲ အ မှား တွေ ထပ် ဆင့် ကာ ဘ ၀ တွင် အ မှား ကြီး မှား ခဲ့ သူ ထဲ တွင် ဟေ ရုဒ် သည် တ ဦး အ ပါ အ ၀င် ဖြစ် ခဲ့ ရ လေ တော့ သည်။

ဂ။ အ သက် ကို သတ် ခြင်း။
“ဘု ရား မ ဖက် သ ဖြင့် အ မှား တွေ ဆင့် နေ သော” ဟေ ရုဒ် သည် နောက် ဆုံး အ ဆင့် တွင်၊ ခရစ္စမတ် အ ရှင် အား ကောင်း စွာ ကြို ဆို ရ မည့် အ စား၊ ခရစ္စမတ် အ ရှင် မွေး သည့် နေ့ ကို ပင် တွက် ချက် ၍ နှစ် နှစ် နှင့် နှစ် နှစ် အောက် ယုတ် သော က လေး သူ ငယ် များ ကို သတ် ဖြတ် ရန် မိ မိ ၏ စည်း စိမ်၊ အ ခွင့် အာ ဏာ၊ အ ရာ ရာ တို့ ကို ဘ ၀ တွင် ဘု ရား အ တွက်၊ အ များ အ တွက် ကြိုး စား မည် ဆို သော အ တွေး အ ခေါ် များ မှ လွဲ ဖယ် ကာ မ ကောင်း သော အ သက် သတ် ခြင်း တို့ ကို ကြိုး စား အား ထုတ် ခဲ့ လေ တော့ သည်။ ဤ ကား “သတ် သော သူ မည် သည် ကား ဘု ရား ၀တ် ကို ငါ ပြု ပြီ ဟု မိ မိ ထင် မှတ် သော အ ချိန် ကာ လ ရောက် လိမ့် မည်” (ယော ၁၆း၂)။ ဆို သည့် အ တိုင်း အ ကျွတ် တ ရား တို့ ၏ အ ရှင်၊ ခရစ္စမတ် အ ရှင် ကို မျှော် ကိုး စောင့် စား နေ သည့် ဘာ သာ ရေး ၌ ကျင် လည် နေ သည့် လူ သား တ ဦး ပင် ဖြစ် သော် ငြား လည်း အတ္တ တ ရား တို့ ၏ ကြီး စိုး ခြင်း လောင်း ရိပ် အောက် တွင် လူ ဖြစ် ကျိုး နပ် စေ မည့် “ခရစ္စမတ် အ ရှင်” ကို မှား ယွင်း စွာ ကြို ဆို ခဲ့ လေ သည်။ အ ကျိုး ဆက် ကား သူ ၏ ဘ ၀ သ မိုင်း တ လျှောက် လုံး တွင် လူ ဖြစ် ကျိုး မ နပ် ခဲ့ ရ သည့် နည်း တူ။ “အ သက် ပျို စဉ် ကာ လ တွင် စိတ် ရွှင်လန်း ခြင်း ရှိ လော့….သို့ ရာ တွင် ထို အ မှု အ လုံး စုံ တို့ ကို ဘု ရား သ ခင် သည် စစ် ကြော ၍ သင့် ကို အ ပြစ် ပေး တော် မူ မည် ဟု အောက် မေ့ လော့” (ဒေသနာ ၁၁း၉) ဆို သော လူ မျိုး တ ကာ တို့ ၏ အ ရှင် ၏ သ တိ ပေး စ ကား ကို လျစ် လျူ ရှု ပြီင်္း ရင် ဆိုင် ဖြတ် သန်း ခဲ့ ရာ ဘ ၀ အ ရေး တွင် မ လှ မ ပ ဖြင့် အ ဆုံး သတ် အနိစ္စ ရောက် ခဲ့ ရ လေ တော့ သည်။

နိ ဂုံး
“ဘု ရား နှင့် လူ ပေါင်း စည်း စေ သော ခရစ္စမတ်” အ ချိန် ကာ လ တွင် အ ချို့ က အ လေး အ မြတ် ထား ကာ ထို ခရစ္စမတ် အ ရှင် ကို ကြို ဆို ခဲ့ သော ကြောင့် သူ တ ပါး တို့ အား လည်း ထပ် တူ ခံ စား စေ ၍ အ ကျွတ် တ ရား လမ်း အ ရှင် ခ ရစ် တော် ဘု ရား ထံ အ ရောက် ပို့ ဆောင် ပေး ခဲ့ ကြ လေ သည်။ အ ချို့ တို့ မူ ကား မိ မိ ကိုယ် ၌ က ခရစ္စမတ် အ ရှင် ကို လက် ခံ ကြို ဆို လို ခြင်း မ ရှိ သည့် ပြင် သူ တ ပါး အား လည်း လက် ခံ ကြို ဆို ခြင်း မ ပြု ရန် တား ဆီး ခြင်း အ မှု ကို ပြု ကြ လေ သည်။  Annodomini = ငါ တို့ သ ခင် ယေ ရှု ခ ရစ် ၏ နေ့ ဟူ သော သ မိုင်း ၀င် A.D ၂၀၀၉ ဒီဇင်္ဘာ ခရစ္စမတ် အ ချိန် အ ခါ သ မ ယ ၌ “အ လို တော် သို့ လိုက် ခြင်း သည် ယဇ် မျိုး ထက် သာ ၍ ကောင်း ၏” (၁ ရာ ၁၅း၂၂) ဆို သော စ ကား အ တိုင်း “ဘု ရား နှင့် လူ အ မှန် ပေါင်း စည်း ခြင်း” တည်း ဟူ သော ခရစ္စမတ် အချိန်အခါတွင် ခရစ္စမတ် အ ရှင်အား စိတ် နှ လုံး မာန် လျှော့ ချ ကာ ဦး တိုက် ကြည် ညို ဖူး မျှော် လျက် မိ မိ တို့ ၏ ဘ ၀ ကို ဆင် ခြင် အောက် မေ့ ရင်း စစ် မှန် သော ကြို ဆို ခြင်း ဖြင့် လော က ၏ အ လင်း အ ဖြစ် အ သက် ရှင် ကြ ပါ စို့ ဟု ဆန္ဒ ပြု လျှက်-

နာ မ တော် မြတ် ၌
Samuel Soe Lwin

ဘုရားသခင်ကို ဆန့်ကျင်မိပြီး ဒုက္ခရောက်သောအခါ

ဘုရားသခင်ကို ဆန့်ကျင်မိပြီး ဒုက္ခရောက်သောအခါ ဒုက္ခထဲကလွတ်မြောက်စေသည့် နည်းလမ်း

ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သောကြောင့်လည်းကောင်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှ မမှတ်သောကြောင့်လည်းကောင်း။
(သုတ္တံ၊ ၁း၂၄)
 

ဘုရားသခင်ကို ငြင်းပယ်သူသည် ဘုရားသခင်၏ဆီးတားခြင်း၊ ဆုံးမခြင်းကို ဂရုမစိုက်၊ ဘုရားခသင် သတိပေးခြင်းကို လက်မခံ။
ဒုစရိုက်ကို ပြုသူဟာ ဘုရားသခင်ရဲ့ ဆုံးမခြင်းကို နားမထောင်၊ ဘုရားသခင်စကားသံကို ကြားသော်လည်း ဘုရားသခင်ဘက်ကို
မျက်နှာမမူသည့်အတွက် ဆိုးကျိုးကြီးနှစ်မျိုး ရနိုင်တယ်။

(၁) မိမိနေထိုင်နေတဲ့ မြို့ရွာကနေ ဘုရားသခင်နှင်ထုတ်တယ်။
(၂) မိမိကို ဘုရားသခင်ထံကလည်း နှင်ထုတ်မယ်။
ဒုက္ခရောက်မှ ဘုရားသခင်ကို ခေါ်ရင် ဘုရားသခင်က မထူးတော့ဘူး။ ကြိုးစားပြီး ဘုရားသခင်ကို ရှာရင်လည်း မတွေ့ရတော့ဘူး။
(သုတ္တံ၊ ၁း၂၈)ဘုရားသခင်ရှေ့မှာ လက်ဖြန့်ရင်လည်း ဘုရားသခင်က မျက်စိလွှဲပစ်မယ်။ များစွာ ပဌနာပြုပေမယ့် နားမထောင်တော့ဘူး။
(ဟေရှာယ ၁း၁၅-၁၇)
ဘာ့ကြောင့်လည်းဆိုတော့ ကိုယ့်လက်နဲ့ ဒုစရိုက်များစွာလုပ်မိလို့၊ မတရားသဖြင့် ပြုမိလို့၊ ကောက်ကျစ်စဉ်းလဲတဲ့ သဘောရှိလို့၊ မိဘမဲ့တွေကို မတရားသဖြင့် စီရင်လို့၊ မုဆိုးမတွေကို မကြည့်ရှုလို့ပဲ။ ထိုအခြေအနေကနေ လွတ်မြောက်ဖို့ရန် အပြစ်ဝန်ချရမယ်။

ဒုစရိုက်ကိုစွန့်ပြီး သုစရိုက်ကို ပြုရမယ်။ ကောင်းသောအကျင့်ကို ကျင့်ရမယ်။ တရားမျှတစွာနဲ့ လုပ်ဆောင်ရမယ်။ မိဘမဲ့တွေကို တရားနဲ့အညီ စီရင်ရမယ်။ ဒီအရာကို အရင်လုပ်ဆောင်ရမယ်။
* သင်ဟာ ဘုရားသခင်ကို ဆန့်ကျင်မိပြီး ဒုက္ခနဲ့ ရင်ဆိုင်နေရပါသလား။
* ဒုက္ခကနေ လွတ်မြောက်ချင်တဲ့ ဆန္ဒ သင့်မှာ ရှိပါသလား။
* ဒုက္ခထဲက လွတ်မြောက်ဖို့ ထူမမယ်လို့ ကတိပေးထားတဲ့ ဘုရားသခင်ဆီမှာ ဆုတောင်းနေပါသလား။
* သင်လုပ်ဆောင်ရမယ့်အလုပ်ကို လုပ်ပြီးမှ ဘုရားသခင်ကို အကူအညီ တောင်းနေပါသလား။
ဘုရားသခင် ဆုံးမတဲ့ဒဏ်ကနေ လွှတ်မြောက်ဖို့ ဤနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီး ခွန်အားယူပါ။

မ ၿပီ း ေ သ း ပ ါ

တစ်နေ့ ကျွန်တော်လမ်းလျှောက်သွားစဉ် ဆောက်လုပ်ဆဲတိုက် တစ်လုံးကို သတိပြုမိပါတယ်။ အဲဒီနေရာရှေ့မှ ဖြတ်နေကြမို့ သတိထားမိတဲ့သဘောပါ။ ပထမ တော့ မြေကွက်လပ်သာဖြစ်နေပြီး တော်တော်ကြာမှ အုတ်မြစ်ချကာ အဆောက်အဦး ဆောက်လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တွေးမိတာက ဘယ်လိုပုံစံမျိုးဆောက်မှာ လဲ။ အခုမြင်နေတဲ့အတိုင်းက တိုင်တွေသံတွေမို့ ပုံစံမပေါ်ဖြစ်နေတာပေါ့။ အိမ်မှာပြော နေကျ စကားတစ်ခွန်းရှိတယ်။ ““ မပြီးခင်—-မမြင်စေနဲ့”” တဲ့။ အိမ်မှာတစ်ခုခုလုပ်ပြီ ဆိုရင် စပ်စု၊ ဝေဖန်၊ စတာတွေကြောင့် ““မပြီးသေးဘူး၊ မပြောနဲ့အုံး၊ စောပါသေး တယ်”” ဆိုတဲ့သဘော ပြန်ခုခံတဲ့သဘောနဲ့ ဒီစကားလုံးကိုသုံးတာပါ။

လူတွေဟာ စပ်စုလိုတဲ့သဘော ရှိပြီး မပြီးခင်ကပင် ကောက်ချက်ချအပြစ်တင် လိုတဲ့ သဘောရှိကြပါတယ်။ အမှန်တကယ် မှာတော့ ပြီးအောင် လုပ်ရသူတွေ အဖို့တော့ အနှောက်အရှက်ဖြစ်တော့တာပေါ့။ လူဆိုတာ မိမိစိတ်ကူးနဲ့ မိမိဖြစ်ချင်တာကို လုပ်ယူ ပုံဖေါ်တတ်ကြပါတယ်။ ဒီလိုသဘောရှိရတာဟာလည်း ဘုရားသခင်ရဲ့ သဏ္ဍာန်ကြောင့် ပဲဖြစ်တယ်။ ဘုရားသခင်ဟာ ကမ်္ဘာကြီးကို သူ့ရဲ့စိတ်ကူးနဲ့ သူဖြစ်ချင်တဲ့သဘော အတိုင်း ပုံဖေါ်ခဲ့တာပါ။ ကမ်္ဘာကြီးကို ဖန်ဆင်းတုန်းက လက်စမသပ်ခင် ကျွန်တော်တို့ လေ့လာစူးစမ်းခွင့်ရခဲ့ရင် ဘာပုံကြီးလဲ၊ ဘာတွေလုပ်နေတာလဲ၊ လို့ ဝေဖန်ကြပါအုံး မယ်။ ကိုယ်တော်ကတော့  ကောင်းတယ်။ အဆုံးမှာအကောင်းဆုံးပဲလို့ သတ်မှတ်ခဲ့ တယ်။

ယေဇကျေလ၃၇မှာ ယေဇကျေလနဲ့ ဘုရားသခင်တွေ့စုံပြီး ယေဇကျေလမြင်ခဲ့ ရတဲ့ အဖြစ်အပျက်ကို တွေးမိပါတယ်။ အရိုးပုံကြီးကနေ ဗိုလ်ခြေအပေါင်းအဖြစ်ကို အဆင့်ဆင့်ကူးပြောင်းသွားတဲ့ဖြစ်အင်ကို မြင်ခဲ့ရတဲ့ ယေဇကျေလရဲ့ရူပါရုံကို တွေ့ရမှာ ပါ။

အရိုးပုံဟာ သွေ့ချောက်နေပါပြီ။ ဘုရားသခင်အမိန့်ရှိတဲ့အခါ သူ့အရိုးနဲ့သူ ဆက်သွားပြီး လူအရိုးစု ဖြစ်သွားပါတယ်။ ထိုမှတဆင့် အကြောပေါ်လာပြီး အသား တက်လာတယ်။ ထိုမှ အရေဖုံးပြီး လူသားတစ်ယောက်လို ပြည့်စုံတဲ့ပုံသဏ္ဍာန် ဖြစ်ပေါ် လာတယ်။ ဒါပေမယ့် အသက်မရှိသေးပါ။ နောက်အသက် သွင်းလိုက်တဲ့အခါ အလွန် များတဲ့ ဗိုလ်ခြေအဖြစ်သို့ ရောက်ရှိပါတော့တယ်။ ဘုရားသခင်က ဤသို့ပြုနိုင်ပါတယ်။ မပြုခင်မှာ ယေဇကျေလကိုမေးတာက ““ ဤအရိုးတို့သည် အသက်ရှင်နိုင်သလော”” ဟုပင် ယေဇကျေလက ““ ကိုယ်တော်သိတော်မူသည်”” ဟုသာ ပြန်လျှောက်ပါတယ်။

အကယ်၍ သင်သာဖြစ်ခဲ့ရင် ဘယ်လိုပြန်လျှောက်မှာလဲ။ အရိုးပုံကြီးကြည့်ပြီး ဘယ်လိုအဖြေ ထွက်မှာလဲ။ ကျွန်တော့်အိမ်က ပြောနေကျစကားလို မပြီးခင်မမြင်တာ ပိုကောင်းပါလိမ့်မယ်။ သို့မဟုတ် ကျွန်တော်တို့ရဲ့ မယုံနိုင်ခြင်း အနုတ်လက်္ခဏာအတွေး များကြောင့် ကိုယ်တော့်အလုပ်ကို အနှောက်အရှက် ဖြစ်နေလိမ့်မယ်။

ဘုရားသခင်မလုပ်နိုင်တာ မရှိပါဘူး။ ဘုရားသခင် လုပ်တဲ့အရာများဟာလည်း ကောင်းသော အရာတွေသာဖြစ်ပြီး အဆုံးမှာအလွန်ကောင်းမှာပါ။ ဒါပေမယ့် မပြီး သေးခင်အချိန်လေးမှာ သင်ယုံနိုင်ဖို့နဲ့ အတွေးမမှားဖို့ လိုပါလိမ့်မယ်။

ရန်နိုင်ဝင်း

ဘုရားသခင်နှစ်သက်တော်မူသော အိမ်ထောင်

“  ဘုရားသခင် ဖန်ဆင်းတော်မူစက ယောကျာ်း နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။  ထို အကြောင်းကြောင့် ယောကျာ်းသည် ကိုယ် မိဘ ကို စွန့်၍ ကိုယ် ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ထို သူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ် တည်း ဖြစ်ရလိမ့်မည်။  ထို့ကြောင့် လင်မယား တို့သည် နှစ်ဦးတည်း ဖြစ်၏။ ဘုရားသခင် တွဲဘက်၍ ထမ်းပိုးတင်တော် မူသော အရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။’’  (မာကု  ၁၀း၆-၉)။

 

“ အိမ်ထောင် မိသားစု ”  ဆိုသည်မှာ ဘုရားသခင် ၏ အလိုတော်နှင့်အညီ တည်ထောင်ထားသော လူ့ အသိုက် အဝန်း ဖြစ်သည်။ (ကမ္ဘာ ၂း၁၈ – ၂၄) ။ မိခင်၊ ဖခင် နှင့် သားသမီးများ တစ်နေရာတွင် အတူတကွ စုဝေးနေထိုင်ကြပြီး ချစ်ခြင်းမေတ္တာ တရားအပေါ် အခြေခံလျက်၊ ပေါင်းသင်းဆက် ဆံ၍ ဆောင်ရွက်စရာ အမှုကိစ္စရှိသမျှကို ဝိုင်း ဝန်းသယ်ပိုး ထမ်းဆောင်ရင်း ဘသခရီးကို ရင်ဆိုင်ကျော်လွှားသွား ဖို့အတွက် ဖြစ်သည်။

 

“ အိမ်ထောင်မိသားစု ” ဆိုသည်မှာ လူမျိုးနွယ် အစဉ်အဆက်တို့ကို သီချုပ်ထား သော  ‘ ချည်မျှင် ‘ဖြစ်သည်။ အိမ်ထောင် အားဖြင့် သာလျှင် မိမိနှင့် သက်ဆိုင်သော ဘိုးဘေးများ၊  မျိုးရိုးစဉ်ဆက်များကို သိရှိနိုင်ပါသည်။ ဆက်စပ်နိုင်ပါသည်။ ဘိုးဘေးများ၏ အသက်ရှင်နေထိုင်ခဲ့သော အချိန်ကာလ နေရပ်ဌာနများနှင့် သူတို့၏ အမည်နာမများကို သိရှိနိုင်ပါသည်။ ထိုမျှသာမက အိမ်ထောင် အားဖြင့် သာလျှင် ကျွန်ုပ်တို့၏ သားစဉ် မြေးဆက်  တို့အနာဂတ် ရှေ့ရေးးအတွက် မျှော်လင့်ချက်များဖြစ်လာမည်ဖြစ်သည်။

 

အိမ်ထောင်မိသားစု (Family) ကို အိမ် (Home) ဟု အဓိပ္ပါယ် သတ်မှတ်ကြ ပါသည်။ အိမ် ဆိုသည် မှာ မိမိ၏ အသဲနှလုံး ရှိသော နေရာပင်ဖြစ်သည်။ အိမ်ထောင်မိသားစု (သို့မဟုတ်) အိမ် ဆိုသည်မှာ လူသား များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မူလ အခြေခံ အုတ်မြစ် (သို့မဟုတ်) ဌာနချုပ်ပင် ဖြစ်သည်။

 

ဘုရားသခင် နှစ်သက်တော်မူသော အိမ်ထောင်ဖြစ်နိုင်ရေးအတွက် လိုအပ်ချက်များမှာ-         ၁။ ဘုရားသခင်  အပေါ်မှာ တည်ဆောက်သော အိမ်ထောင်ဖြစ်ရမည်။ (ဆာ ၁၂၇း ၁)။

 

ထာဝရဘုရားသခင်သည် အိမ်ကို ဆောက်တော်မမူလျှင်၊ ဆောက်သောသူတို့သည် အချည်းနှီး လုပ်ဆောင် ကြ၏ ဟုဆိုထားသောကြောင့် ၊ဘုရားသခင်မပါဘဲ တည်ထောင်ထား သော အိမ်ထောင်သည် ကျရှုံး သွားမည်သာ ဖြစ်သည်။ ကြိုးစားအားထုတ်မှု မှန်သမျှတို့ သည်လည်း အချည်းနှီး အလဟသ ဖြစ်ကုန်မည် ဖြစ်သည်။ ခရစ်တော်သည် ရှင်ပြန် ထမြောက်တော် မမူလျှင်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းနှီးဖြစ်မည်။

(၁ကော ၁၅း၁၄) ဟုဆိုထားသကဲ့သို့ ခရစ်တော်မပါသော လက်ထပ်ခြင်းသည်လည်း ကျရှုံး မှုနှင့် သာ ရင်ဆိုင်ရမည်ဖြစ်သည်။          ဘုရားသခင် တည်ဆောက်သော အိမ်ထောင်ဖြစ်နိုင်ဖို့  မိသားစုဝင်များသည် နေ့စဉ် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းအမှုကို တစ်ခုကို မပျက်မကွက် ဆောင်ရွက်နေရမည်။ အိမ်ထောင်တစ်ခုကို တည်ဆောက် နေခြင်း သည် ဘုရားသခင်၏ အလိုတော်နှင့် အကြံအစည်တော် ပြီး ပြည့်စုံလာရန် အတွက်အပ်နှံ အစေခံနေခြင်း ဖြစ်သည်ဟု ခ့ယူယုံကြည်နေရမည်။

 

အိမ်ထောင်များ တွင်တွေ့ကြုံရင်ဆိုင်ရလေ့ရှိသည့်ငွေရေးကြေးရေး ကြပ်တည်းခက်ခံမှု၊ ဖျားနာမှု၊ အိမ်သားအချင်းချင်း မသင့်မတင့်ဖြစ်မှု၊ ဝမ်းနည်းကြေကွဲစရာများနျင့် တွေ့ကြုံရင် ဆိုင်ရမှု စသည့် ဘဝလောက်ကဓံလှိုင်းများရိုက်ခတ်လာသော အချိန်အခါမျိုးတွင် ဘုရားသခင်

၏ နှုတ်ထွက်စကားတော်တည်းဟူသော အိမ်ဖြစ်နေမှသာလျှင် မပြိုမလဲ၊ ခိုင်မြဲစွာဆက်လက် ရပ်တည်နေနိုင်မည်ဖြစ်သည်။ (သု ၁၄း ၁၂၊ ဧဖက် ၅း၁၅-၁၇)။ ဘုရားသခင်၏ အလိုတော် နှင့်အညီ ကျင့်သောသူတို့သည် အစဉ်ထာဝရငြိမ်သက်ဝမ်းမြောက်ခြင်းဆုကျေးဇူး  ကောင်းချီး မင်္ဂလာကို ရရှိခံစားရမည် ဖြစ်သည်။ (၁ယော ၂း၁၅-၁၇)

 

၂။ ချစ်ခြင်းမေတ္တာ အပေါ်မှာ တည်ဆောက်သော အိမ်ထောင်ဖြစ်ရမည်။ (၁ယော ၁၃း၎-၈)

 

အိမ်ထောင်တစ်ခုကို တည်ဆောက်ရာတွင်ရုပ်ရှင် ထဲကလို အပေါ်ယံအချစ်မျိုးဖြင့် တည်ဆောက်၍ မရပါ။ ( ၁ကော ၁၃း၎-၈) တွင် ဖော်ပြသည့် ချစ်ခြင်းမေတ္တာသည်၊ အပြောထက် လက်တွေ့အလုပ်ခြင့် ချစ်ကြဖို့ သွန်သင်နေ ခြင်းဖြစ်သည်။ အိမ်ထောင် တစ်ခုတွင်ရှိသော မိသားစုဝင်များတို့သည် စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သည်းခံခြင်း၊ စွန့်လွှတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ ကိုယ်ကျိုးစွန်ခြင်းစသည့် စိတ်ဓါတ်မျိုးဖြင့် အစဉ်အမြဲ အသက်ရှင် နေထိုင်ကျင့်ကြံပြုမှုနေရမည်။ ဂုဏ်ပြိုင်ခြင်း၊ ဝါကြွားခြင်း၊ မာန်မာန ထောင်လွှားခြင်း၊ မလျောက်ပတ်စွာကျင့်ခြင်း၊ဒေါသအမျက်ထွက်ခြင်း၊ ဖောက်ပြန်ခြင်း စသည့်တို့သည်အိမ်ထောင်ကို ပြိုကွဲသွားစေမသည့်အရာများပင်ဖြစ်သောကြောင့်ရှောင်ကြဉ်ရမည့်အရာများပင်ဖြစ်သည်။ (၁ကော ၃း၁၈)။

 

မိသားစုဝင်များတို့သည် တစ်ဦးလဲသော် တစ်ဦး ထူမ၊ တစ်ဦးအားနည်းသော် တစ်ဦးက ဖေးမကူညီပေးရမည်ဖြစ်သည်။ ရယူလိုသည့် ချစ်ခြင်းမေတ္တာမျိုး မဟုတ်ဘဲ ပေးဆပ်လိုသည့် ချစ်ခြင်းမေတ္တာ၊ တစ်နည်းအားဖြင့် သခင်ယေရှု၌ရှိသော ချစ်ခြင်းမေတ္တာမျိုးဖြစ်ရမည်။ (ယော ၁၅း၁၃၊ ဖိ၂း၅)။ ချစ်ခြင်းမေတ္တာမရှိသော အိမ်ထောင် ၌ ဘုရားသခင်လည်း ရှိနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသောကြောင့် ဖြစ်သည်။ (၁ယော ၄း၇-၈)။

 

ချစ်ခြင်းမေတ္တာ သည်သာလျှင် အလွန်လေးလံများမြောင် လှသည့် အိမ်ထောင် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာ၌ လွယ်ကူပေါ့ပါးစေပါသည်။ ထို့အပြင် အဓွန့်ရှည် တည်တံ့ခိုင်မြဲသည့် အိမ်ထောင်တစ်ခုဖြစ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးးနှင့် အလိုအပ်ဆုံးသောအရာလည်း ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာခေါင်းပါးဆိတ်သုဉ်း နေသော အိမ်ထောင်သည် သာယာပျော်ရွင်မှုအပေါင်းနှင့် ကင်းဝေးနေမည်ဖြစ်ပြီး၊ ငြိးငွေ့ဖွယ်ဖြစ်နေ ပေလိမ့်မည်။ ထိုထက်မက ပြိုကွဲသွးရန် အလွန်လွယ်ကူသော အနေအထားသို့ ရောက်ရှိသွား လိမ့်မည်။ ချစ်ခြင်းမေတ္တာသည်  အမြတ်ဆုံး သော အရာဖြစ်ပါသည်။ (၁ကော ၁၃း၁၃)။

 

၃။သစ္စာစောင့်သိခြင်း အပေါ်မှာ တည်ဆောက်သော အိမ်ထောင်ဖြစ်ရမည်။ (၁ကော၁၃း၇-               ၈) ။

 

အကြင်လင်မယားတို့သည် သေသည့်တိုင်အောင်တစ်ဦးအပေါ်တစ်ဦး သစ္စာစောင့် သိနေရမသည်။ ပျော်ရွှင်ချိန်၊ ခက်ခဲချိန်၊ မသညသည့်အခြေအနေအချိန်အခါမျိုး တွင်မဆို၊ လက်ထပ်ထိမ်းမြားခဲ့ချိန်က၊ လူရှေ့ ဘုရားသခင်ရှေ့တွင် သစ္စာဆိုခဲ့သော လက်ထပ်ပဋိညာဉ် ကို အောက်မေ့သတိရလျက်၊ စောင့်ထိန်းလိုက်နာနေရမည်။ ထို့အတူ အိမ်ထောင်မိသားစုဝင် အယောက်စီတိုင်းသည် လည်း မပြောသင့် မလုပ်သင့်သည့်  အမှုအရာများကို ရှေင်ကြဉ် ရမည် ။ တစ်ဦးနှင့်တစ်ဦး ယုံကြဉ်စိတ်ချမှုရှိရမည်။ သံသယစိတ်ကင်းရှင်းရမည်၊ တစ်ဦး တစ်ယောက်၌ အားနည်းချက်၊ ချိုးယွင်းချက်ရှိနေခဲ့လျှင်လည်း၊ တစ်ချိန်ချိန်မှာ အမြင်မှန်ရလာ လိမ့်မည်၊ ပြန်ကောင်းလာမည်ဟူစော မျှောင့်လင့်ချက် ထားရှိရမည်။

 

အိမ်သားအချင်းချင်း လက်စားချေမှု၊ လက်တုံ့ပြန်မှု မပြုဘဲ၊ စိတ်ရှည်သည်းခံလျက်၊ အဆိုးကို အကောင်းဖြင့် အနိုင်ယူတတ်သော သဘောကိုယ်စီရှိရမည်၊ သူတစ်ပါးက စွန့်ပစ်လိုက်သော်လည်း ကိုယ်က ကာကွယ်ပေးရမည်။ မိသားစုဝင်များသည်  ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်နေရမည်၊ ဘုရားသခင်သည် သစ္စာတည်သော ဘုရားသခင်ဖြစ်သည်။ ကတိတည်သော ဘုရားသခင် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်ကို ယုံကြည်သူတိုင်း အရာရာ၌ကတိသစ္စာစောင့်သိသူ၊ ကတိတည်သူဖြစ်ရပေလိမ့်မည်။ သစ္စာစောင့်သိသူများဖြင့် ဖွဲ့စည်းတည်ထောင်ထားသောအိမ်ထောင်သည်သာလျှင် သာယာပျော်ရွှင်မှုနှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲမှုတို့ဖြင့် ရပ်တည်နေနိုင်မည် ဖြစ်သည်။

 

နိဂုံး

 

အိမ်ထောင်မိသားစု ဆိုသည်မှာ ဤ လောက၌ရှိသော ကောင်းကင်းဘုံဖြစ်သည်ဟု တင်စားပြောဆိုလေ့ ရှိပါသည်။ သို့သော် သတိမထားလျှင် လောကငရဲ ဖြစ်သွားနိုင်ပါသည်။ ဘုရားသခင်နှစ်သက်သော အိမ်ထောင်သည် ကောင်းကင်းဘုံ နှင့် ဆိုင်သော အနှစ်သာရများ နှင့်ပြည့်ဝနေရမည် ဖြစ်သည်။ အထက်ပါ အချက် (၃)ချက်အတိုင်း လိုက်နာကျင့်သုံးသော အိမ်ထောင်မှသာ လျှင်၊ သာယာပျော်ရွှင်အောင်မြင်သော အိမ်ထောင်၊ ဘုရားသခင် စိတ်တော် နှင့် တွေ့သော အိမ်ထောင်ဖြစ်နိုင်ပေလိမ့်မည်။

 

အသင်တော်အစ၊ အိမ်ထောင်က ဟူသော ဆိုရိုးစကားနှင့်အညီ၊ သာယာအောင်မြင် သော ခရစ်ယာန်အိမ်ထောင်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အသင်းတော်သည်လည်း အဘက်ဘက်မှာ ခွန်အားတောင့်တင်းခိုင်မာ နေမည်ဖြစ်သည်။ ထို့အတူ၊ သာယာပျောင်ရွှင် အောင်မြင်သော အိမ်ထောင်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော လူမျိုး၊ တိုင်းပြည် တို့သည်လည်း အဘက်ဘက်မှာ ကြီးပွားတိုးတက်နေမည်သာ ဖြစ်သည်။

 

ယုံကြည်သူခရစ်ယာန်သားသမီး အယောက်စီတိုင်း တို့သည်လည်း ဘဝအသက်တာ၌ ဘုရားသခင်နှစ်သက်တော်မှုသော အိမ်ထောင် တည်ဆောက်နိုင်ရန်အတွက် ကြိုးစားအား  ထုတ်ကြပါစို့။

 

သိက္ခာတော်ရဆရာဂျာနော်ဂျူနီယာ

ရန်ကုန်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်