Category: ဆောင်းပါး

ယေဟောဝါ နာမတော်-၁၆ မျိုး

Jehovah ၏အနက်အဓိပ္ပါယ်မှာ ထာဝရဖြစ်သည်။ (က၊၂၁း၃၃၊ ထွ၊၃း၁၃-၁၄၊ ၆း၃၊ဆာလံ၊ ၈၃း၁၈၊ ဟေရှာ၊ ၁၂း၂။ ၂၆း၄) 1. Jehovah Elohim-the Eternal Creator ထာဝရဖန်ဆင်းရှင် အကြိမ်(၁၀၀)မကဖော်ပြထားပါသည်။(က၊၂း၄-၂၅ ) 2. Jehovah Adonai – the Lord our Sovereign; Master Jehovah တန်ခိုးအာဏာတော်အတိုင်းမသိ၊ကြီးကဲထွဋ်မြတ်တော်မူသော (က၊ ၁၅း၂၊၈ ) 3.Jehovah Jireh –the Lord will see or Provide ကြီးကြပ်ကြည့်ရှုသူ၊ (က၊ ၂၂း၈-၁၄။ ရော၊၈း၃၂ ) 4. Jehovah Nissi -the Lord our Banner အောင်မြင်ခြင်း၊(ထွ၊ ၁ရး၁၅ ) …

ခရစ်ယာန်သာသနာသမိုင်းအပေါ် ယေဘုံယျ သုံးသပ်ချက်

နိဒါန်း ခရစ်ယာန်သာသနာပြုပုံစံနှင့်ခရစ်ယာန်သာသနာအပေါ် ခံယူချက်သည် ခေတ်အဆက်ဆက်က ပြောင်းလဲလာသော ခရစ်ယာန်ဓမ္မအတွေးအပေါ် မူတည်ပြီး အစဉ်ပြောင်းလဲလာခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် ဤပြောင်းလဲမှုထဲတွင် အကောင်းနှင့်အဆိုး အမြဲဒွန်တွဲလျက်ရှိသည်ကို တွေ့ရသည်။ ခရစ်ယာန်သာသနာသမိုင်းကို သေသေချာချာ လေ့လာမှသာလျင် ဤအချက်ကို သိရှိနိုင်မည်။ ထို့ကြောင့် ခရစ်ယာန်သာသနာသမိုင်းကို လေ့လာရန် လိုအပ်ပါသည်။ သမိုင်းကိုလေ့လာသည့် အပြင် သေသေချာချာ သုံးသပ်ရန်လည်း လိုအပ်သည်။ သို့မှသာလျင် အတိတ်မှအမှားများကို ရှောင်ရှားနိုင်ပြီး မျက်မှောက်အသင်းတော် သာသနာအတွက် မှန်ကန်သော သာသနာပြုပုံစံကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ တမန်တော်ခေတ်အတွင်းခရစ်ယာန်သာသနာ (ခသ ၃၇-၁၀၀) တမန်တော်ခေတ်အတွင်း ခရစ်ယာန်သာသနာကို ယေဘုံယျအားဖြင့် နှစ်ပိုင်းခွဲခြားလို့ ရပါသည်။ ယုဒခရစ်ယာန်သာသနာနှင့် ဟေလသခရစ်ယာန်သာသနာတို့ ဖြစ်ပါသည်။ ယုဒခရစ်ယာန်သာသနာအကြောင်းကို နားလည်ရန်အတွက် ပထမဦးစွာ ယေရုရှလင်အသင်းတော်အကြောင်းကို သိရှိဖို့ရန် လိုအပ်သည်။ ယေရုရှလင်အသင်းတော်သည် ယေရှု၏တပည့်တော်များနှင့် …

ဘာကြောင့် ဘုရားကျောင်းကို ပုံမှန်သွားဖို့ လိုအပ်ပါသလဲ

အလုပ်များလွန်းသူတစ်ဦးအနေနဲ့ သင်ဘုရားကျောင်းကို ပုံမှန်တက်လေ့ရှိပါသလား။ လူအများစုက ဘုရား ကျောင်းမှာ ပုံမှန်ဝတ်ပြုခြင်းအားဖြင့် သူတို့ပေးတာထက် သူတို့ပြန်ရတာ ပိုများတယ်လို့ ယုံကြည်ကြတဲ့အတွက် သွားရောက်ကြခြင်းဖြစ်တယ်ဆိုတာ လေ့လာဆန်းစစ်ချက်အရ သိရပါတယ်။ ဒါဆိုမိတ်ဆွေ သင်ဘုရား ကျောင်း သွားဖို့  စိတ်မပါဘူးလား၊ သွားဖို့သင့်ကိုဘာလှုံ့ဆော်မှုမှမရှိဘူးလား။   ဘာကြောင့် သင်ဘုရားကျောင်း ကို သွားရောက် ၀တ်ပြုသင့်တယ်ဆိုတာ အောက်ပါ အချက် (၁၀)ချက် အားဖြင့် သင့်ကို ဘိတ်ခေါ်ပါရစေ။ ၁။ အသက်ရှင်သော ခရစ်တော်ဘုရားနဲ့ မိတ်သဟာယဖွဲ့ရန် ခရစ်တော်ဟာ သင့်အတွက် အရေးကြီးတယ်ဆိုတာ သင်သိခဲ့ရင်၊ ထိုအချက်က သင့်ကို ဘုရားကျောင်းသွားဖို့ လှုံ့ဆော်မှာဖြစ်ပါတယ်။ ခရစ်တော်ကို ယုံကြည်သူများ စုဝေး၀တ်ပြုတဲ့နေရာမှာ ထိုသခင်လည်း ထိုသူများနဲ့ အတူရှိတယ်ဆိုတာ သိဖို့ဖြစ်ပါတယ်။ ခရစ်တော်ဟာ ယုံကြည်သူများနဲ့ အတူရှိတယ်ဆိုတာ စစ်မှန်တဲ့အချက်ဖြစ်သလို ထိုသခင်ဟာ …

ဆရာကြီး Rick Warren နှင့် အင်တာဗျူး

ကျွန်တော်ဖတ်လိုက်ရသော post တစ်ခုမှာ အလွန်ပဲ စိတ်နှလုံးကို တို့ထိသောကြောင့် မိတ်ဆွေများအား ဘာသာပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်။ ဆရာကြီး Rick Warren ကို အားလုံးသိကြမယ် ထင်ပါတယ်။ ကယ်လီဖိုးနီးယာပြည်နယ် Saddleback မြို့ရှိ အသင်းတော်ရဲ့ သင်းအုပ်ဆရာကြီးတစ်ပါး ဖြစ်သလို၊ လွန်ခဲ့သောနှစ်များမှာ အလွန်ပဲ ရောင်းအားကောင်းခဲ့တဲ့ Purpose of Driven Life (40 Days) စာအုပ်ကို ရေးသားပြုစုတဲ့ ဆရာကြီးလည်း ဖြစ်ပါတယ်။ သူ့ကို Paul Bradshaw ဆိုသူမှအင်တာဗျူးလုပ်ထားခြင်းဖြစ်ပါတယ်။ ခံစားစေလိုသောစေတနာစိတ်ဖြင့်ဘာသာပြန်ပြီး ဖော်ပြပေးလိုက်ပါတယ်။ * * * * လူတွေက ကျွန်တော့်ကို မေးကြပါတယ်။ ဘ၀မှာအသက်ရှင်ခြင်းရဲ့ ရည်ရွယ်ချက်ကဘာလဲတဲ့။ ကျွန်တော် ပြန်ဖြေလိုက်ပါတယ်- လူရဲ့ဘ၀ဆိုတာ ထာဝရကာလအတွက် အသက်ရှင်ခြင်းပဲ ဖြစ်ပါတယ်။ …

ယုဒသန်၏သွန်သင်ချက်

The  Doctrine  of  Adoniram  Judson ဇူလိုင်လသည် မြန်မာပြည်ရှိ ယုံကြည်သူများအတွက် နှစ်ခြင်းသာသနာတော် စတင်ရာက်ရှိလာရာ လထူးလမြတ်ဖြစ်သကဲ့သို့  ကမ္ဘာ့နှစ်ခြင်းသမိုင်းတွင်လည်း အရးကြီး လှသော သာသနာ့သမိုင်းမှတ်တိုင် စိုက်ထူရာလဖြစ်ပါသည်။ ၁၇၉၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ နှစ်ခြင်းသာသနာပြုဆရာကြီး ဝီလျံကယ်ရီ (William Carey) သည် ခေတ်ပေါ်သာသနာပြုလှုပ်ရှားမှု (Modern missionary Movement) ကို စတင်ခဲ့ပြီး နှစ်ခြင်းသာသနာပြုအသင်းကြီး (Baptist Missionary Society) မှ ခေတ်အဆက်ဆက် သာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထိုနည်းတူစွာ အမေရိကန်ပြည်ထောင်စုမှ အဒိုနီရမ်ယုဒသန် ဇနီးမောင်နှံတို့ကလည်း ၁၈၁၂ခုနှစ်တွင် Congregation ခေါ် ရေဖျန်းဂိုဏ်း အနေနှင့် အရှေ့ပိုင်းအိန္ဒိယသို့ သာသနာပြုရန် ထွက်ခွါလာခဲ့ကြသည်။ ထိုကဲ့သို့ အိန္ဒိယနိုင်ငံကို ဦးတည်ပြီး သာသနာခရီးပြုနေစဉ် ကျမ်းစာတော်မြတ်ကို …

သိမှတ်စရာ လူမှုပြောဆိုဆက်ဆံရေးရာ

နိဒါန်း။    ။ မိခင်ဝမ်းထဲမှ လွတ်ကျမွေးခါစ ကလေးပင်လျှင် “အူဝဲ” ဟူသော ဆက်သွယ်ရေးရာအသံပြုချက်ဖြင့် မိသားစုနှင့် လောကကြီးကို စတင်ဆက်ဆံရပါသည်။ လူမှုနယ်ပယ်၌ ပြောဆိုဆက်ဆံရေးသည် နေ့စဉ်နှင့်အမျှ ပြုလုပ်ရသော၊ ရှောင်လွှဲ မရသော အရာဖြစ်သည်။ မိသားစု၌၊ လုပ်ငန်းခွင်၌ ပြောဆိုဆက်ဆံရေးကို လူသားတိုင်း ပြုလုပ်ရ၏။ မိတ်ဆွေအချင်းချင်း အကြား၊ လုပ်ဖော်ဆောင်ဖက် အချင်းချင်းအကြား၊ သမီးရည်းစားနှင့် အိမ်ထောင်ရှင် များအကြား … နေ့စဉ် စကားဖြင့် ပြောဆို ဆက်ဆံကြရ၏။ လူ့ဘ၀တလျှောက် မရှိမဖြစ် အလွန်အရေးကြီးသော ဤစကားပြောဆို ဆက်ဆံရေးနှင့်ပတ်သက်သော အ ခြေခံအချက်များကို တင်ပြသွား မည်ဖြစ်ပါသည်။ (က)ပိုမိုအာရုံစူးစိုက်နားထောင်ခြင်း။ နားထောင်ခြင်းသည် ပြောဆိုဆက်ဆံရေး၌ အဓိကကျသောအရာ ဖြစ်ပါသည်။ ဂျာမန်ဓမ်္မတွေးခေါ် ပညာရှင် Dietrich Bonhoefer က ““သူတပါးနှင့် …