Category: ဆောင်းပါး

လူငယ်ပြုစုပျိုးထောင်ရေး အမှုတော်မြတ်

ခရစ်ယာန်လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နှုတ်ကပတ်တော်သွန်သင်ချက်နှင့် ညီညွတ်ရမည်။ မျက်မှောက်ခေတ်အခြေအနေနှင့် ဆီလျော်သောလုပ်ငန်းများကို ဆောင်ရွက်ရမည်။ (က) ခရစ်ယာန်လူငယ်၏ အရည်အချင်းများ (၁) ခရစ်ယာန်လူငယ်သည် နှုတ်ကပတ်တော်အတိုင်း အသက်ရှင်လိုက်လျှောက်ရမည်။ (ဆာ ၁၁၉း ၉၊ ဒေသနာ ၁၂း ၁) (၂) ခရစ်ယာန်လူငယ်သည် တာဝန်ယူတတ်သောသူဖြစ်ရမည်။ (မြည် ၃း ၂၇၊ က ၃၉း ၁-၁၂) (၃) ဥာဏ်ပညာ ဆည်းပူးသူဖြစ်ရမည်။ (၃ရာ ၃း ၇-၉) (၄) ရွှင်လန်းစွာ အသက်ရှင်သောသူဖြစ်ရမည်။ (ဒေ ၁၁း ၉) (၅) အနာဂတ်အတွက် ရူပါရုံရှိသောသူဖြစ်ရမည်။ (ယောလ ၂း ၂၈၊ …

သခင်ယေရှု၌ အိဒ်စ်ရောဂါရှိ

ဖွင့်ဆိုမှုအသစ် အင်တာနေရှင်နယ်ရီဗွီးအော့ဖ်မစ်ရှင်ဂျာနယ်တွင် စာရေးဆရာ ဒေါက်တာ မူဆာဒူဘီက ““သခင်ယေရှု၌ အိဒ်စ်ရောဂါရှိသည်”” ဟု ရေးသားခဲ့သည်။ စာရေးသူမှာ အာဖရိကန်အမျိုးသမီး ဓမ်္မတွေးခေါ်ရှင်တစ်ဦး ဖြစ်သည်။ ဓမ်္မသစ်အနက် ဖွင့်ဆိုမှုတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သခင်ယေရှု၌ အိတ်စ်ရောဂါရှိသည် ဟု သူဖွင့်ဆိုသည့် ကျမ်းပိုဒ်မှာ ရှင်မဿဲအခန်းကြီး ၂၅ ပါအကြောင်းအရာပါ။ ရှင်မဿဲ ၂၅ ကို ဖတ်လိုက်တဲ့အခါ သခင် ယေရှုက ““ ငါသည် အိတ်စ်ရောဂါခံစားချိန်၌ သင်တို့ သည် ငါ့ထံသို့ မလာကြ။ ငါ၏အနာများကို မဆေး ကြောပေး။ ငါ့အဖို့ ဆေးဝါးများလည်း ယူမလာကြ။ ငါ့ကို သင်တို့ရွံရှာကြ၏။ ငါခံစားရသော အိဒ်စ်ရောဂါ ကြောင့် ငါ့ကိုစွန့်ခွာကြ၏။ ငါ့ကို မကြိုဆိုချင်ကြ”” ဟု ပြောနေသည်ဟု ခံစားရကြောင်း …

လူတစ်ဦး၏ ငုပ်နေမြုပ်နေသော အရည်အသွေးကို မြင်အောင်ကြည့်နိုင်ပါမှ

တစ်ခါက အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ အင်ဒီယာနား ပိုလစ်မြို့ကလေးမှာ နာမည်ကြီးအဆိုတော် အဲလ်ဗစ်ပရက်စလေ (Elvis Presley)၏ စတိတ်ရိုးပွဲတစ်ပွဲ ရုံသွင်း ပြသနေပါသည်။ ပွဲလုံခြုံရေးအတွက် ပြည်နယ်ရဲအရာရှိတစ်ဦးက တာဝန်ယူရလေသည်။ “အင်း အိပ်ငိုက်နေလို့မဖြစ်ဘူး။ စတိတ်ခုံနောက်ဖက်လျှောက်လိုက်ဦးမှ။ ” ပြောပြောဆိုဆို စတိတ်ခုံနောက်ဖက်ထွက်သွားလေ သည်။ ဟိုဘက်လည်းရောက်ရော မိုးကာအင်္ကျီ ခပ်နွမ်းနွမ်းဝတ်ထားကာ ရှူးဖိနပ်ခပ်ညံ့ညံ့စီးထားသူတစ်ဦးကိုတွေ့ရသည်။ သူရောက် လာသည်ကိုပင်မမြင်ယောင်ပြုကာ ထိုလူသည် စတိတ်ခုံ နောက်ဖက်မှာ ၀င်လိုက်ထွက်လိုက် သွားလာ နေသည်။ “သည်လူကိုကြည့်ရတာ မသင်္ကာဘူး။ ဆွဲထုတ်ပစ်မှ။” တစ်ကိုယ်တည်းပြောရင်း အသွား၊ မိတ်ဆွေတစ်ဦးက နောက်မှလှမ်းဆွဲထားလေသည်။ ထိုမိတ်ဆွေက “အဲသည်လူက သည်ပွဲမန်နေဂျာ ဗိုလ်မှူးကြီး ပတ်ကားဗျ။” လူတစ်ယောက်၏ မြင်သာထင်သာသည့် အပေါ်ယံသဘောကိုကြည့်ကာ သူ့ကို အမြင်မှားအထင်မှားရခြင်းအတွက် ရဲအရာရှိကြီး အတော်တုန်လှုပ်သွားမိလေသည်။ သင်ခန်းစာလည်း တစ်ပွေ့တစ်ပိုက် …

ဖခင်များနေ့ပေါ်ပေါက်လာပုံ

အမေရိကန်ပြည်ထောင်စုမှ မစ္စဂျွန်ဘရု(စ်)ဒေါ့(ဒ်) Mrs.John Bruce Dodd သည်မိခင်များကို မေလဒုတိယအပတ်တွင် မိခင်များနေ့အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုသည်ကိုတွေ့ရသဖြင့် ဖခင်များကိုလည်း ထိုနည်းတူ နေ့တစ်နေ့ကို ဖခင်များနေ့အဖြစ် သတ်မှတ်သင့်ကြောင်း စိတ်ထဲတွင် ဖြစ်ပေါ်လာပါသည်။ အဘယ်ကြောင့်ဆိုသော်သူမ၏ မိခင်သည် သူတို့မောင်နှမ ငါးယောက် ကလေးဘဝတွင်ကွယ်လွန်သွားခဲ့သည်။ သူတို့ဖခင်သည် သား သမီး ငါးယောက်ကို ပြုစုပျိုးထောင်ပေးခဲ့ပါသည်။ သူမဖခင်၏ နာမည်သည် မစ္စတာ ဝီလျံဂျက်ဆင်စမတ် (Mr. Willian Judson Smart) ဖြစ်ပြီး ၁၈၆၀ ခုနှစ်တွင် အမေရိကန်နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းတပ်များ ကျွန်ကိစ္စနှင့် ပြည်တွင်းစစ်ဖြစ်ပွါးစဉ်က မြောက်ပိုင်းတပ်တွင် တပ်သားအဖြစ် အမှုထမ်းခဲ့ပါသည်။ ဤဖခင်သည် ဇနီးသည်ကွယ်လွန်သွားပြီးနောက် နောက်ထပ်အိမ်ထောင်မပြုဘဲ လူမမယ်သားသမီး(၅)ယောက်အား ကြီးပြင်းလာသည်အထိ ဖခင်တယောက်အနေဖြင့် မိသားစုစားဝတ်နေရေးအတွက်တဘက်မှ အလုပ်လုပ်ပြီး မိခင်တယောက်ကဲ့သို့လည်း ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ တစ်နည်းအားဖြင့် …

ကျွန်တော်နှင့် ကြောင်ကလေးဖိုးရှုပ်

တကယ်တော့ ဤကြောင်ဝါဝါကလေးကို မွေးမြူရန် အကြောင်းမှာ အိမ်၌ တစ်စထက်တစ်စ သောင်းကျန်းလာသော ကြွက်များကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကြောင်ကလေးတစ်ကောင်ကို ရွာတစ်ရွာရှိ ဆရာတစ်ဦးက လက်ဆောင်ပေးလိုက်၍ ရရှိလာကာ အိမ်တွင်မွေးရန် အကြောင်းဖြစ်လာပါသည်။ ကြောင်ကလေးက မိခင်ကြောင်မကြိးနို့ဖြတ်ထားခါစပင်ရှိသေး၍ ငယ်သေးသဖြင့် ယူလာချိန်တွင် ထမင်းသာမက နို့ဆီကို ဖျော်၍ တိုက်ရာ ကြောင်ကလေးမှာ “ တဂွက်..ဂွက်..တဗြက်ဗြက်” နှင့် လျှာဖြင့် လျက်သောက်နေသည်မှာ အလွန်ကြည့်၍ ကောင်းပါသည်။ အလွန်မှပင် ချစ်ခင်တွယ်တာစရာကောင်းပါသည်။ ကျွန်တော်သွားလေရာသို့ တကောက်ကောင်ဖြင့် လိုက်တတ်သည်။ အစာဆာလျှင်လည်း “တညောင်…ညောင်” ဖြင့် အသံပေးတတ်သည်။ ထမင်းစားလျှင် သူ့အား ဦးစားပေး၍ သားငါးများကျွေးလေ့ရှိသည်။ ကြောင်ကလေးအား “ ဖိုးရှုပ်” ဟုအမည်ပေးရခြင်းမှာ ချစ်စနိုးခေါ်ခြင်းဖြစ်သကဲ့သို့ ကျွန်တော်အား အလွန်အလုပ်ရှုပ်စေသောကြောင့်ဖြစ်သည်။ ကျွန်တော့ စာရေးစားပွဲပေါ်သို့ …

ခရစ်ယာန်နှင့် အစွန်းရောက်အယူဝါဒ

ကျွန်ုပ်တို့သည် မိမိတို့ယုံကြည်ရာဘာသာတရားကို လွတ်လပ်စွာရွေးချယ်၍ ကိုးကွယ်ခွင့်ရှိ သော လူ့အဖွဲ့စည်းတွင် ယနေ့ အသက်ရှင်နေထိုင်ရသူများဖြစ်သည်။ ယုံကြည်ကိုးကွယ်မှုဘာသာ အယူဝါဒတိုင်း၌ ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် လူသားချင်းစာနာထောက်ထားရေး၊ မေတ္တာ တရားအနှစ်သာရများရှိကြသည်။ သို့သော် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုကသော်လည်းကောင်း သူတို့သာလျှင် ဘုရားသခင်၏ စစ်မှန်သောအမှုတော်ကို ဆောင်ရွက်သူများဖြစ်ကြောင်းနှင့် ခရစ်ယာန်အယူဝါဒစစ်ကို ရထားသူများဖြစ်ကြောင်း ကြော်ငြာပြီး လက်ရှိအသင်းတော်များမှာ မှားယွင်းနေသည်ဟု တင်ပြပြောဆိုလာပါက သတိထားဖို့လိုအပ်လာ သည်။ ထိုသူများသည် မူလယုံကြည်ချက်အယူဝါဒများကို ကိုယ်လိုရာစွဲပြီး အစွန်းရောက်တွေးခေါ် ခြင်းဖြင့် အစွန်းရောက်အယူဝါဒများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယနေ့မြန်မာပြည်ရှိ ခရစ်ယာန်အသင်းတော်အချို့တွင် အစွန်းရောက်အယူဝါဒသွန်သင်မှု များရှိနေကြောင်းတွေ့ရသည်။ နိုင်ငံခြားမှ အကူအညီများကိုယူပြီး အသင်းတော်ဂိုဏ်းဂဏသစ်များ တည်ထောင်လာကြသည်။ ၎င်းတို့ထဲတွင် အစွန်းရောက် ခရစ်ယာန်အဖွဲ့အစည်းအချို့လည်း ရောနှောဝင်ရောက်လာသည်။ ထို့ပြင် အမျိုးမျိုးသောသွန်သင်မှုသြ၀ါဒများနှင့် အစွန်းရောက်ဝါဒ များသည်လည်း လက်ရှိအသင်းတော်များအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့ဝင်ရောက်လျက်ရှိသည်။ …