အိပ်မက်သစ်

* နံနက်ခင်း ချက်ချင်းမျက်နှာသစ် နေ့တစ်နေ့ရဲ့ အနှစ် အချစ်တွေနဲ့ အစပြုခြင်းပေါ့။   ** စိုင်းထီးဆိုင်ရဲ့သီချင်း (နေ့သစ်) ” အရှေ့ဆီမှာ ရောင်နီလေး . . . . ထွန်းလို့လာပြီ . . . မိုးလင်းတော့မယ် ထတော့ညီမလေး . . . . ကမ္ဘာပေါ်မှာ မင်္ဂလာရှိတဲ့ အချိန်ဝယ်။ . . . . .   *** နေ့သစ်တွေအကြောင်း အဟောင်းတွေကိုချန်ရစ် (အန်းတိတ်တွေကိုချန်ရစ်) အိပ်မက်သစ်တွေမက်စေကွယ် . . . . .။ ယောန

» Read more

အိပ်မက်သစ်

* မျှော်လင့်ခြင်းတွေနဲ့ ရွက်လွှင့်ခဲ့ကြတယ် . . . . .   * ဒီပင်လယ်ပြင်မှာ ကြမ်းတမ်းခက်ထန်မှုတွေ နူးညံ့သိမ်မွေ့မှုတွေ လျှို့ဝှက်နက်နဲ . . . . .   * တခမ်းတနား လှပနေလိုက်ပုံများ ကာလသုံးပါး အလှည့်အပြောင်းမှာ ယုံကြည်ခြင်းတွေ အတုံးအရုန်းပွင့်လို့ . . . . .   * ရွက်ကျိုးရင် တက်နဲ့လှော်မယ် တက်ကျိုးရင် လက်နဲ့လှော်မယ် စုံညီအင်အား မကုန်မခမ်းပေါ့   * ဒီလှေနဲ့ တပျော်တပါး အတူစီးမျောကြမယ်လေ  . . . . .။   ကောင်းအိမ်မွှေး

» Read more

ဒီဇင်ဘာမှာနွဲလို့ပျော် ခရစ်ဘုရားရဲ့ မွေးနေ့တော်

နှင်းတွေဖွေးဖွေး လွန်စွာအေးတဲ့ ဆောင်းညတစ်ညမှာ ခရစ်တော်ရှင်ဟာ ဗက်သလင်မှာ ဖွားမြင်တာ။ လောကကမ္ဘာ လူသားများဟာ အဆောင်အယောင်များ လိမ်းကျံကာ မွေးနေ့ပွဲတွေ ကျင်းပတာ တို့ဘုရားရှင် သခင် ကတော့ ရိုးသားသိမ်ငယ် မွေးလာတယ်။ သိုးစုတစ်စု သိုးထိန်းများတို့ ချမ်းခိုက်တုန်ကာ စောင့်နေရာ ကောင်းကင်တမန် ထင်ရှားပြလာ သတင်းကောင်းကို ဖြန့်လို့ဝေကာ သွားဖူးကြစို့ ဆွေတို့ရာ။ သားငယ်(သံဝင်း)

» Read more

တွေး မိ သည့်ပုစ္ဆာ

ငါ့ဒူးကိုချိုး အဖေါ်နဲ့ခွါ ဘယ်ဆီကိုမသိ သူခေါ်ဆောင်ရာ ငါလိုက်ရရှာ …။ ငါ့ဒီခန္ဓာ နှစ်ခြမ်းခွဲလို့ အမြင်ရယ် မသင့်တော် ရက်စက်လိုက်ကြ ပြင်းပြဝေဒနာ ဘယ်ဝဋ်ကြွေးရယ်မှ ပြေနိုင်ပါ့မလား …အိုသံသရာ …။ ငါ့အူကိုထုတ် မကျေနပ်နိုင် လက်ကိုခုတ်ထစ် တွေးကြည့်ရင်မှာ ဤသခင်ဟာ လူစင်စစ်မှ ဟုတ်ပါလေစ …။ ကိုယ်တွေ့ရယ် မယုံနိုင်စရာ သူတကာ အပြုံးနဲ့ကြိုလို့ လူတကာ ရင်ဝယ် အေးမြစေဖို့ သယ်ဆောင်လာ ဒီစမ်းရေအေးက ငါ့ကိုယ်ကဆင်း …။ လမင်းဒီ (ဧရာဝတီ ၊ ကရာနီ)

» Read more

ရေနွေး

ကြည့်စမ်း ငါ့ …အနာဂတ်တွေေ၀၀ါးနေလိုက်တာ ခြေတဘက်စာနေတဲ့ဘ၀နဲ့ ဦးနှောက်မရှိတဲ့မျက်လုံး ဘ၀တစ်လျှောက်လုံးရှောင်ကျဉ်ခဲ့သမျှ အခု …ငါ့အနားကို ချဉ်းကပ်လာနေကြတယ်။ ယောဘရဲ့သစ္စာ ယုဒရဲ့အနမ်း အားလုံးကိုခွဲခြမ်း ဘယ်လှမ်းရမှန်းမသိတဲ့ခြေထောက်တွေ ငါ့ရဲ့နွေကို ပူလောင်စေခဲ့တယ်။ ဘယ်လိုလုပ်ရမလဲ အပူလည်းမဟုတ် အအေးလည်းမဟုတ်နဲ့ ထွေးမထုတ်သေးတဲ့ဘ၀ကိုပဲ ကျေနပ်နေရမလား။ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာ ဒွိဟတွေကြားကခြေလှမ်း ယောဘဆီတစ်လှမ်းလှမ်းနေချိန်မှာ ငါ့လက်တဘက်က ငွေသုံးဆယ်ကိုင်လို့။ ဘိုနောင် (ခေတ္တရာ)

» Read more

မင်းကြောင့်

မင်းကြောင့် ငါကြေကွဲ မင်းကြောင့် ငါငိုပွဲ မင်းကြောင့် ငါေ၀၀ါး ကွဲလွဲတဲ့ ဂိုဏ်းဂဏ စွဲမြဲတဲ့ အယူသီးမှု ဒါတွေအားလုံး မင်းဝေးရင် မင်းနဲ့သာ ငါမိတ်ဖွဲ့ သာသနာ အသစ်မှာ ပျော်ရွှင်မှု အတိနဲ့ တစ်သက်တာ လမ်းခရီး လျှေက်လှမ်းစို့ အတူတူ သင်ရိုးညွှန်းတမ်းတော့ လဲခဲ့ပေါ့ ။    ။ ထူး(နွယ်ခွေ)

» Read more

အိ ပ် မက် သ စ်

စိတ်သစ် လူသစ် ဘ၀သစ် အင်္ကျီသစ် ဘောင်းဘီသစ် စက်္ကန့်အသစ် သီချင်းအသစ် အချစ်သစ် ဒုက်္ခအသစ် အသစ် . . . အသစ် . . . အသစ်တွေများ . . . ။ အဟောင်းထဲက အုတ်မြစ် သမိုင်းနောက်ခံနဲ့ထုဆစ် ရှင်သန်မွေးဖွားတဲ့ခရီးသစ် ပျင်းရိတာတွေ စွန့်ပစ် အနာဂတ်ကို ဆက်ချစ် . . . ။ အဟာင်းတွေရဲ့ သင်္ချိုင်းမှာ သင်္ဂြိုဟ်ခံရတဲ့ အခါ အိပ်မက်သစ်က ဆက်ပြီး . . . ဆက်ပြီး . . . မျှော်လင့်ခြင်းကြိုးစကို ချပေးနေလေရဲ့ . . . ။    ။ စောခိုင်မြဲအောင် (လွိုင်ကော်)

» Read more

ကိုယ် ချင်း စာ တ ရား

သာနေကျ ညအခါထက် အိုဗာတိုင်း(မ်) ဆင်းတဲ့ “လ” နေသာချိန် ကြောင်စီစီ ကြည့်လို့ကို အဆင်မပြေဘူး ။ ဒါက သူ့အမြင်ပေါ့ . . . ။ ရှိသမျှလောင်စာနဲ့ အစွမ်းကုန် နေရောင်ကို အံတု ငါဒီမှာဟေ့လို့ အသိပေးနေရတာ လွယ်တာမှတ်လို့ . . . ။    ။       ရှငိုင်ဂျော် (MICT)

» Read more

အိပ် မက် ကမ်း ပါး

တစ်ခြမ်းအမှောင်ချထားတဲ့ နှလုံးသားများလေ ပြိုးပြက်ဝင်းလက်ထယ်ဝါ ရိုးတိုးရိပ်တိတ်ရှိလွန်းလှချည်ရဲ့ ….၊ ငါ့မှာသာ ခဏခဏလငပုပ်အဖမ်းခံရသလို နှလုံးသားတစ်စုံကို ဖုံးဖိသိမ်းဆည်းတိုက်ချွတ် ပွဲမထုတ်ရဲ ခန်းဆက်မများချင်လည်း ကြားဖြတ်ကြော်ငြာရှောင်တိမ်းတာနဲ့ အိပ်- မက်- များ ညတာရှည်နေရ …၊ အာမခံမရတဲ့ မျက်မြင်သက်သေတော့ရှိပါတယ် ဘာမှမရှိတဲ့အရာ ဘာမှမရှိကြောင်းသက်သေပြဖို့ နှင်း … ဆွတ်ခူးရမယ် ကြယ် … ၀င်စားရမယ် ပြီးတော့ ပွန်းပဲ့ထိရှဒဏ်ရာ ဒါ … နှလုံးအိမ်ရဲ့ ကိုယ်ရုံတွေပါပဲ အိပ်မက်တွေအစာမကြေ ညတာရှည်နေလည်း နေပါစေတော့ … စံပယ်ဖြူရယ် …။ မြကဗျာ

» Read more