ယုဒသန်၏သွန်သင်ချက်

The  Doctrine  of  Adoniram  Judson ဇူလိုင်လသည် မြန်မာပြည်ရှိ ယုံကြည်သူများအတွက် နှစ်ခြင်းသာသနာတော် စတင်ရာက်ရှိလာရာ လထူးလမြတ်ဖြစ်သကဲ့သို့  ကမ္ဘာ့နှစ်ခြင်းသမိုင်းတွင်လည်း အရးကြီး လှသော သာသနာ့သမိုင်းမှတ်တိုင် စိုက်ထူရာလဖြစ်ပါသည်။ ၁၇၉၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ နှစ်ခြင်းသာသနာပြုဆရာကြီး ဝီလျံကယ်ရီ (William Carey) သည် ခေတ်ပေါ်သာသနာပြုလှုပ်ရှားမှု (Modern missionary Movement) ကို စတင်ခဲ့ပြီး နှစ်ခြင်းသာသနာပြုအသင်းကြီး (Baptist Missionary Society) မှ ခေတ်အဆက်ဆက် သာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ထိုနည်းတူစွာ အမေရိကန်ပြည်ထောင်စုမှ အဒိုနီရမ်ယုဒသန် ဇနီးမောင်နှံတို့ကလည်း ၁၈၁၂ခုနှစ်တွင် Congregation ခေါ် ရေဖျန်းဂိုဏ်း အနေနှင့် အရှေ့ပိုင်းအိန္ဒိယသို့ သာသနာပြုရန် ထွက်ခွါလာခဲ့ကြသည်။ ထိုကဲ့သို့ အိန္ဒိယနိုင်ငံကို ဦးတည်ပြီး သာသနာခရီးပြုနေစဉ် ကျမ်းစာတော်မြတ်ကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာရာမှ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြလှုံ့ဆော်မှုကြောင့်  နှစ်ခြင်းဂိုဏ်းဂဏသို့

» Read more

ဆရာကြီး ယုဒသန်

မြန်မာနိုင်ငံရှိ ခရစ်ယာန်များအားလုံး ဖတ်ရှုနေသော မြန်မာကျမ်းစာကို ဟေဗြဲဘာသာမှ လည်းကောင်း၊ ဂရိဘာသာမှလည်းကောင်း၊ မြန်မာဘာသာသို့ လာသာပြန်ဆိုပေးခဲ့သောသူ၊ မြန်မာစာပေကို လေ့လာလိုက်စား လိုသူတို့အတွက် တန်ဖိုးထိုက်တန်လှသော မြန်မာ-အင်္ဂလိပ် အဘိဓာန်နှင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်တို့ကို နှစ်ရှည်လများ ကြိုးစားပြုစုခဲ့သူ အမေရိကန်သာသနာပြု ဆရာကြီးယုဒသန် (Dr. Adoniram Judson) သည် အမေရိကန်နိုင်ငံ၊ မတ်ဆာချုးဆက်နယ်၊ မော်လ်ဒန်မြို့တွင် ခရစ်သက္ကရာဇ် ၁၇၈၈ ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့၌ ဖွားမြင်သူဖြစ်သည်။ ၁၈၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မတ်ဆာချုးဆက်ပြည်နယ်၊ ဘေးလိမ်းမြို့ ဆိပ်ကမ်းမှ ကာရဗန်အမည်ရှိသော နှစ်ပင်တိုင် ရှက်သင်္ဘောဖြင့် ခရစ်ယာန်သာသနာပြုရန် ပင်လယ်ခရီး ထွက်ခွာခဲ့သော ဆရာယုဒသန်နှင့် ဇနီးအဲန်းဟယ်ဇယ်တင်းတို့သည် အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်၍ အာဖရိကတိုက် တောင်စွန်း ဂွဒ်ဟုပ်အငူကို ကွေ့ပြီးလျှင် အိန္ဒိယသမုဒ္ဒရာသို့ရောက်ကာ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့သို့

» Read more

ဖခင်များနေ့ပေါ်ပေါက်လာပုံ

အမေရိကန်ပြည်ထောင်စုမှ မစ္စဂျွန်ဘရု(စ်)ဒေါ့(ဒ်) Mrs.John Bruce Dodd သည်မိခင်များကို မေလဒုတိယအပတ်တွင် မိခင်များနေ့အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုသည်ကိုတွေ့ရသဖြင့် ဖခင်များကိုလည်း ထိုနည်းတူ နေ့တစ်နေ့ကို ဖခင်များနေ့အဖြစ် သတ်မှတ်သင့်ကြောင်း စိတ်ထဲတွင် ဖြစ်ပေါ်လာပါသည်။ အဘယ်ကြောင့်ဆိုသော်သူမ၏ မိခင်သည် သူတို့မောင်နှမ ငါးယောက် ကလေးဘဝတွင်ကွယ်လွန်သွားခဲ့သည်။ သူတို့ဖခင်သည် သား သမီး ငါးယောက်ကို ပြုစုပျိုးထောင်ပေးခဲ့ပါသည်။ သူမဖခင်၏ နာမည်သည် မစ္စတာ ဝီလျံဂျက်ဆင်စမတ် (Mr. Willian Judson Smart) ဖြစ်ပြီး ၁၈၆၀ ခုနှစ်တွင် အမေရိကန်နိုင်ငံတောင်ပိုင်းနှင့် မြောက်ပိုင်းတပ်များ ကျွန်ကိစ္စနှင့် ပြည်တွင်းစစ်ဖြစ်ပွါးစဉ်က မြောက်ပိုင်းတပ်တွင် တပ်သားအဖြစ် အမှုထမ်းခဲ့ပါသည်။ ဤဖခင်သည် ဇနီးသည်ကွယ်လွန်သွားပြီးနောက် နောက်ထပ်အိမ်ထောင်မပြုဘဲ လူမမယ်သားသမီး(၅)ယောက်အား ကြီးပြင်းလာသည်အထိ ဖခင်တယောက်အနေဖြင့် မိသားစုစားဝတ်နေရေးအတွက်တဘက်မှ အလုပ်လုပ်ပြီး မိခင်တယောက်ကဲ့သို့လည်း ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ တစ်နည်းအားဖြင့် ဖခင်လည်းဖြစ်၊ မိခင်လည်းဖြစ်သော ဖခင်တယောက်ဖြစ်လေသည်။ သမီးကြီးဖြစ်သူ Mrs.

» Read more

တုနှိုင်းမမီသော အဖေ

  အဖေသည် ဘဝ၏ စွမ်းအင် အသက်၏အမြစ် နှလုံးသား၏ လှေကား လူသားများ၏ အရိပ်   ပဲ့ကိုင်မဲ့သူ လှေငယ်လေးကို ကမ်းစပ်တစ်ဘက် ထိုအရပ်သို့ ပို့ဆောင်ပေးတာ အဖေပါ   သားလည်းကြိုးစား အဖေကဲ့သို့ မေတ္တာတရား စေတနာပွားကာ လူ့လောကအလယ် မျက်နှာပန်းလှ သားသမီးများ ထွန်းတောက်ကြယ်လို တင့်တင့်တယ်တယ် ထားနိုင်ခဲ့သည် သို့သော် အဖေ့ခြေရာ လိုက်မမီခဲ့ပါ အဘယ်ကြောင့်ဆိုသော်………… အဖေသည် အဖေဖြစ်နေခဲ့၍…………။ ဆဘောင်ဆိုး (မြိုခမီသာသနာ)

» Read more

အမိုး (သို့) ထာဝရကြယ်စင်

    အမိုး …. ဟာ ရိုးသားခြင်းရဲ့ ပြယုဂ် …. ။   အမိုး …. ဟာ ကြိုးစားခြင်းရဲ့ သက်သေ …. ။   အမိုး …. ဟာ တိုးပွားခြင်းရဲ့ ဖြစ်စဉ် …. ။   တကယ်တော့ အမိုး …. ဟာ မြေကမ္ဘာရဲ့ မိခင် (တို့များအတွက်) ထာဝရကြယ်စင်တစ်စင်းပါပဲ …. ။   မင်းမာန်ဟုန် (ကျောက်ကုန်း)   (မှတ်ချက် ။  ။ အမိုး = အမေ) 

» Read more

ယောက္ခမ မေမေ

  ကမ္ဘာဦးအစကထဲက သမက်နှင့် ယောက္ခမ တကျက်ကျက် ဘောက်ကျ တစ်ယောက်က အဖြူဆို တစ်ယောက်က အမည်း အမြဲတလွဲ အတွေးတွေနဲ့ ဆဲရေးကြရတဲ့ အထိတဲ့ ….။   ဒါပေမယ့် …. မိုးမိုးဟာ …. နွေအိုအို …. ခြောက်ကပ်ကပ်ဘဝထဲ ရေချိုချိုတစ်ပေါက် မငတ်စတမ်း သောက်ချလိုက်ရသလို အမေအပိုတစ်ယောက် ထပ်ရခဲ့ရတာ ကျွန်တော်ပါ …. ။ ရင်ဝယ်သားလို မေတ္တာတွေပိုခဲ့သမျှ မွေးအမေနဲ့မခြား ကျွန်တော် လေးစားခဲ့ရတဲ့ အမေပါ ….။   ကျွန်တော်တို့ရဲ့ ခရီး လက်ရည်တပြင်စီးခဲ့ကြ တစ်မိုးလုံး အရိပ်ရသလို ကျွန်တော် စိုးမထိတ်ရသမျှ အေးမြတဲ့ ကရုဏာနေရာမှာ တခုခု ဟာသွားသလိုပါဘဲ အခုလိုအခါမှာပေါ့ …. ။   အပြုံးတစစနဲ့ နှလုံးလှလွန်းတဲ့ အမေ သခင်ဘုရားရဲ့ ရင်ခွင်ထက် ငြိမ်သက်စွာ

» Read more

ရင်ဘတ်ကြီးသို့

  ရင်ဘတ်ကြီးတစ်ခုလုံး ထွန်စက်ကြီးနဲ့ ထွန်ယက် မျိုးစေ့များ သွန်ချ သွေးရူးသွေးတန် မဟုတ်ဘူး စာခြောက်ရုပ်တစ်ဖြစ်လဲ    သူ….။   အသီးများသီးပြီ ဝင်းဝင်းမှည့် တောက်ပ ချုတံနှင့် မချု ပီတိဖြင့် အားဖြည့်ပေးခဲ့….။   လမင်းကြီးနဲ့ ဂလက်စီလို အနေဝေး အခြေမပေး ဇရာတေးများဆို ထိန်ထိန်သာ လမ်းပြဆဲ….။   အသီးတရာ….ပါ အညှာတစ်ခုထဲ ဒီဌာနေကို စွန့်ခွာခဲ့ ကြာပြီ….။   ဆုတောင်းသံ အိမ်အပြည့် ပေးစရာ ဘာကျန်နေသလဲ သတိအပြည့် ဘာမှ မလိုဘူး ဘာမှ မတောင်းဘူး ကျေနပ်ပြုံးများနဲ့ ရင်ဘတ်ကြီးကို လုံးလုံးမပိတ်သေးဘူး အဲဒီ  ရင်ဘတ်ကြီးကို ကျွန်တော်တို့ ပြန်ငဲ့ကြည့်ဖို့ မေ့နေကြပြီ။ မြတ်မိုးမြင့် (နမ္မတီး)

» Read more

မေမေသူရဲကောင်း

  တခါတုန်းက သူရဲကောင်း အိပ်ရာဝင်ပုံပြင်တွေအကြောင်း ပြန်ပြောင်းပြီး တွေးမိတယ်   နာဇရိခွန်အားနဲ့ တန်ခိုးထွားတဲ့ရှန်ဆုန် ရန်သူတွေ တုန်အောင်ကြောက် ဓမ္မသမိုင်းတစ်လျှောက် မှတ်ကျောက်တင်ခဲ့ သူရဲကောင်းတဲ့လား   လောက်လွဲကလေးတစ်လက်နဲ့ တကယ့် လူ့ဘီလူးသလက် ဂေါလျတ်ကြီး သတ်ဖြတ်လို့ ရာဇဝင်မှာ စာထွင်ခဲ့တာ ဒါဝိဒ်သူရဲကောင်းတဲ့လား   တမျိုးသားလုံးအတွက် မာယာဆိုတဲ့ လက်နက် အသက်ကို ဖက်နဲ့ထုပ် ဟာမန်ငယုတ်ရဲ့ အကြံ ရွှေနန်းရှင်ဘုရင်ထံ အသနားခံကာ လျှောက်ထား ဧသတာ မိဖုရားဟာ သူရဲကောင်းတဲ့လား   သမုဒ္ဒရာ ဝမ်းတစ်ထွာ အရေးအတွက် ချွေးစက်မြေကျ ပင်ပန်းလှတဲ့ ဖေဖေ သူရဲကောင်းတဲ့လား မေမေ   ပုခက်ဘေးကတေးဆို ဈေးတောင်းလည်း ခေါင်းရွက် ဖဝါးထူအက်နေလျက် သားအတွက် သမီးအတွက် အပြုံးမပျက်ရက်ဘဲ အပေါင်ဆိုင်ထက်ရောက် နားကပ်တစ်ရံတောင် မဆင်မြန်းအားတော့အောင် နားပေါက်ဟောင်းလောင်း သူရဲကောင်း အမေ့အကြောင်းကိုဖြင့်

» Read more

ကျွန်တော်နှင့် ကြောင်ကလေးဖိုးရှုပ်

တကယ်တော့ ဤကြောင်ဝါဝါကလေးကို မွေးမြူရန် အကြောင်းမှာ အိမ်၌ တစ်စထက်တစ်စ သောင်းကျန်းလာသော ကြွက်များကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် ကြောင်ကလေးတစ်ကောင်ကို ရွာတစ်ရွာရှိ ဆရာတစ်ဦးက လက်ဆောင်ပေးလိုက်၍ ရရှိလာကာ အိမ်တွင်မွေးရန် အကြောင်းဖြစ်လာပါသည်။ ကြောင်ကလေးက မိခင်ကြောင်မကြိးနို့ဖြတ်ထားခါစပင်ရှိသေး၍ ငယ်သေးသဖြင့် ယူလာချိန်တွင် ထမင်းသာမက နို့ဆီကို ဖျော်၍ တိုက်ရာ ကြောင်ကလေးမှာ “ တဂွက်..ဂွက်..တဗြက်ဗြက်” နှင့် လျှာဖြင့် လျက်သောက်နေသည်မှာ အလွန်ကြည့်၍ ကောင်းပါသည်။ အလွန်မှပင် ချစ်ခင်တွယ်တာစရာကောင်းပါသည်။ ကျွန်တော်သွားလေရာသို့ တကောက်ကောင်ဖြင့် လိုက်တတ်သည်။ အစာဆာလျှင်လည်း “တညောင်…ညောင်” ဖြင့် အသံပေးတတ်သည်။ ထမင်းစားလျှင် သူ့အား ဦးစားပေး၍ သားငါးများကျွေးလေ့ရှိသည်။ ကြောင်ကလေးအား “ ဖိုးရှုပ်” ဟုအမည်ပေးရခြင်းမှာ ချစ်စနိုးခေါ်ခြင်းဖြစ်သကဲ့သို့ ကျွန်တော်အား အလွန်အလုပ်ရှုပ်စေသောကြောင့်ဖြစ်သည်။ ကျွန်တော့ စာရေးစားပွဲပေါ်သို့ တက်၍ ဘောပင်များနှင့် ဆော့ပင်များကို ကိုက်ချီက ဆော့တတ်သည်။

» Read more

ဘုရားသခင်နှစ်သက်တော်မူသော အိမ်ထောင်

“  ဘုရားသခင် ဖန်ဆင်းတော်မူစက ယောကျာ်း နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။  ထို အကြောင်းကြောင့် ယောကျာ်းသည် ကိုယ် မိဘ ကို စွန့်၍ ကိုယ် ခင်ပွန်း ၌ မှီဝဲသဖြင့် ၊ထို သူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ် တည်း ဖြစ်ရလိမ့်မည်။  ထို့ကြောင့် လင်မယား တို့သည် နှစ်ဦးတည်း ဖြစ်၏။ ဘုရားသခင် တွဲဘက်၍ ထမ်းပိုးတင်တော် မူသော အရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။’’  (မာကု  ၁၀း၆-၉)။   “ အိမ်ထောင် မိသားစု ”  ဆိုသည်မှာ ဘုရားသခင် ၏ အလိုတော်နှင့်အညီ တည်ထောင်ထားသော လူ့ အသိုက် အဝန်း ဖြစ်သည်။ (ကမ္ဘာ ၂း၁၈ – ၂၄) ။ မိခင်၊ ဖခင် နှင့်

» Read more

မိသားစု

  အေးအတူ ပူအမျှ ဘဝကိုရင်ဆိုင် အနိုင်မယူ စတမ်း အချစ်ချင်းပြိုင်……။   သံသာလေ ကမ်းတိုင်ပေါ့ ပြေးဆော့ရင်းသီချင်းဆို ကျေးဇူးတော်ကို ချီးမွမ်း လောကကြမ်းကြမ်းကြီးကို ပုံသွင်းဆစ်ထု အဲဒါ…. မိသားစုလေ။   မင်းမာန်ဟုန်(ကျောက်ကုန်း)

» Read more