ယေဟောဝါ နာမတော်-၁၆ မျိုး

Jehovah ၏အနက်အဓိပ္ပါယ်မှာ ထာဝရဖြစ်သည်။ (က၊၂၁း၃၃၊ ထွ၊၃း၁၃-၁၄၊ ၆း၃၊ဆာလံ၊ ၈၃း၁၈၊ ဟေရှာ၊ ၁၂း၂။ ၂၆း၎) 1. Jehovah Elohim-the Eternal Creator ထာဝရဖန်ဆင်းရှင် အကြိမ်(၁၀၀)မကဖော်ပြထားပါသည်။(က၊၂း၎-၂၅ ) 2. Jehovah Adonai – the Lord our Sovereign; Master Jehovah တန်ခိုးအာဏာတော်အတိုင်းမသိ၊ကြီးကဲထွဋ်မြတ်တော်မူသော (က၊ ၁၅း၂၊၈ ) 3.Jehovah Jireh –the Lord will see or Provide ကြီးကြပ်ကြည့်ရှုသူ၊ (က၊ ၂၂း၈-၁၄။ ရော၊၈း၃၂ ) 4. Jehovah Nissi -the Lord our Banner အောင်မြင်ခြင်း၊(ထွ၊ ၁၇း၁၅ ) 5. Jehovah Rophe –the Lord

» Read more

ခရစ်ယာန်သာသနာသမိုင်းအပေါ် ယေဘုံယျ သုံးသပ်ချက်

နိဒါန်း ခရစ်ယာန်သာသနာပြုပုံစံနှင့်ခရစ်ယာန်သာသနာအပေါ် ခံယူချက်သည် ခေတ်အဆက်ဆက်က ပြောင်းလဲလာသော ခရစ်ယာန်ဓမ်္မအတွေးအပေါ် မူတည်ပြီး အစဉ်ပြောင်းလဲလာခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် ဤပြောင်းလဲမှုထဲတွင် အကောင်းနှင့်အဆိုး အမြဲဒွန်တွဲလျက်ရှိသည်ကို တွေ့ရသည်။ ခရစ်ယာန်သာသနာသမိုင်းကို သေသေချာချာ လေ့လာမှသာလျင် ဤအချက်ကို သိရှိနိုင်မည်။ ထို့ကြောင့် ခရစ်ယာန်သာသနာသမိုင်းကို လေ့လာရန် လိုအပ်ပါသည်။ သမိုင်းကိုလေ့လာသည့် အပြင် သေသေချာချာ သုံးသပ်ရန်လည်း လိုအပ်သည်။ သို့မှသာလျင် အတိတ်မှအမှားများကို ရှောင်ရှားနိုင်ပြီး မျက်မှောက်အသင်းတော် သာသနာအတွက် မှန်ကန်သော သာသနာပြုပုံစံကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ တမန်တော်ခေတ်အတွင်းခရစ်ယာန်သာသနာ (ခသ ၃၇-၁၀၀) တမန်တော်ခေတ်အတွင်း ခရစ်ယာန်သာသနာကို ယေဘုံယျအားဖြင့် နှစ်ပိုင်းခွဲခြားလို့ ရပါသည်။ ယုဒခရစ်ယာန်သာသနာနှင့် ဟေလသခရစ်ယာန်သာသနာတို့ ဖြစ်ပါသည်။ ယုဒခရစ်ယာန်သာသနာအကြောင်းကို နားလည်ရန်အတွက် ပထမဦးစွာ ယေရုရှလင်အသင်းတော်အကြောင်းကို သိရှိဖို့ရန် လိုအပ်သည်။ ယေရုရှလင်အသင်းတော်သည် ယေရှု၏တပည့်တော်များနှင့် နီးစပ်ရာဆွေမျိုးများ စုပေါင်းတည်ဆောက်ခဲ့သော အသင်းတော် ဖြစ်ပါသည်။ သူတို့သည်

» Read more

သိမှတ်စရာ လူမှုပြောဆိုဆက်ဆံရေးရာ

နိဒါန်း။    ။ မိခင်ဝမ်းထဲမှ လွတ်ကျမွေးခါစ ကလေးပင်လျှင် “အူဝဲ” ဟူသော ဆက်သွယ်ရေးရာအသံပြုချက်ဖြင့် မိသားစုနှင့် လောကကြီးကို စတင်ဆက်ဆံရပါသည်။ လူမှုနယ်ပယ်၌ ပြောဆိုဆက်ဆံရေးသည် နေ့စဉ်နှင့်အမျှ ပြုလုပ်ရသော၊ ရှောင်လွှဲ မရသော အရာဖြစ်သည်။ မိသားစု၌၊ လုပ်ငန်းခွင်၌ ပြောဆိုဆက်ဆံရေးကို လူသားတိုင်း ပြုလုပ်ရ၏။ မိတ်ဆွေအချင်းချင်း အကြား၊ လုပ်ဖော်ဆောင်ဖက် အချင်းချင်းအကြား၊ သမီးရည်းစားနှင့် အိမ်ထောင်ရှင် များအကြား … နေ့စဉ် စကားဖြင့် ပြောဆို ဆက်ဆံကြရ၏။ လူ့ဘ၀တလျှောက် မရှိမဖြစ် အလွန်အရေးကြီးသော ဤစကားပြောဆို ဆက်ဆံရေးနှင့်ပတ်သက်သော အ ခြေခံအချက်များကို တင်ပြသွား မည်ဖြစ်ပါသည်။ (က)ပိုမိုအာရုံစူးစိုက်နားထောင်ခြင်း။ နားထောင်ခြင်းသည် ပြောဆိုဆက်ဆံရေး၌ အဓိကကျသောအရာ ဖြစ်ပါသည်။ ဂျာမန်ဓမ်္မတွေးခေါ် ပညာရှင် Dietrich Bonhoefer က ““သူတပါးနှင့် ပြောဆို ဆက်ဆံရာတွင် ကျွန်ုပ်တို့တင်ရှိသောအကြွေးမှာ အာရုံစူးစိုက်၍ နားထောင်ပေးခြင်းဖြစ်သည်။

» Read more

လူငယ်ပြုစုပျိုးထောင်ရေး အမှုတော်မြတ်

ခရစ်ယာန်လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နှုတ်ကပတ်တော်သွန်သင်ချက်နှင့် ညီညွတ်ရမည်။ မျက်မှောက်ခေတ်အခြေအနေနှင့် ဆီလျော်သောလုပ်ငန်းများကို ဆောင်ရွက်ရမည်။ (က) ခရစ်ယာန်လူငယ်၏ အရည်အချင်းများ (၁) ခရစ်ယာန်လူငယ်သည် နှုတ်ကပတ်တော်အတိုင်း အသက်ရှင်လိုက်လျှောက်ရမည်။ (ဆာ ၁၁၉း ၉၊ ဒေသနာ ၁၂း ၁) (၂) ခရစ်ယာန်လူငယ်သည် တာဝန်ယူတတ်သောသူဖြစ်ရမည်။ (မြည် ၃း ၂၇၊ က ၃၉း ၁-၁၂) (၃) ဥာဏ်ပညာ ဆည်းပူးသူဖြစ်ရမည်။ (၃ရာ ၃း ၇-၉) (၄) ရွှင်လန်းစွာ အသက်ရှင်သောသူဖြစ်ရမည်။ (ဒေ ၁၁း ၉) (၅) အနာဂတ်အတွက် ရူပါရုံရှိသောသူဖြစ်ရမည်။ (ယောလ ၂း ၂၈၊ သုတ္တံ ၂၉း ၁၈) (၆)

» Read more

သခင်ယေရှု၌ အိဒ်စ်ရောဂါရှိ

ဖွင့်ဆိုမှုအသစ် အင်တာနေရှင်နယ်ရီဗွီးအော့ဖ်မစ်ရှင်ဂျာနယ်တွင် စာရေးဆရာ ဒေါက်တာ မူဆာဒူဘီက ““သခင်ယေရှု၌ အိဒ်စ်ရောဂါရှိသည်”” ဟု ရေးသားခဲ့သည်။ စာရေးသူမှာ အာဖရိကန်အမျိုးသမီး ဓမ်္မတွေးခေါ်ရှင်တစ်ဦး ဖြစ်သည်။ ဓမ်္မသစ်အနက် ဖွင့်ဆိုမှုတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သခင်ယေရှု၌ အိတ်စ်ရောဂါရှိသည် ဟု သူဖွင့်ဆိုသည့် ကျမ်းပိုဒ်မှာ ရှင်မဿဲအခန်းကြီး ၂၅ ပါအကြောင်းအရာပါ။ ရှင်မဿဲ ၂၅ ကို ဖတ်လိုက်တဲ့အခါ သခင် ယေရှုက ““ ငါသည် အိတ်စ်ရောဂါခံစားချိန်၌ သင်တို့ သည် ငါ့ထံသို့ မလာကြ။ ငါ၏အနာများကို မဆေး ကြောပေး။ ငါ့အဖို့ ဆေးဝါးများလည်း ယူမလာကြ။ ငါ့ကို သင်တို့ရွံရှာကြ၏။ ငါခံစားရသော အိဒ်စ်ရောဂါ ကြောင့် ငါ့ကိုစွန့်ခွာကြ၏။ ငါ့ကို မကြိုဆိုချင်ကြ”” ဟု ပြောနေသည်ဟု ခံစားရကြောင်း ရေးသားခဲ့သည်။ ဤအိဒ်စ်ရောဂါ ပြဿနာသည် အသင်းတော် တွင်

» Read more

လူတစ်ဦး၏ ငုပ်နေမြုပ်နေသော အရည်အသွေးကို မြင်အောင်ကြည့်နိုင်ပါမှ

တစ်ခါက အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ အင်ဒီယာနား ပိုလစ်မြို့ကလေးမှာ နာမည်ကြီးအဆိုတော် အဲလ်ဗစ်ပရက်စလေ (Elvis Presley)၏ စတိတ်ရိုးပွဲတစ်ပွဲ ရုံသွင်း ပြသနေပါသည်။ ပွဲလုံခြုံရေးအတွက် ပြည်နယ်ရဲအရာရှိတစ်ဦးက တာဝန်ယူရလေသည်။ “အင်း အိပ်ငိုက်နေလို့မဖြစ်ဘူး။ စတိတ်ခုံနောက်ဖက်လျှောက်လိုက်ဦးမှ။ ” ပြောပြောဆိုဆို စတိတ်ခုံနောက်ဖက်ထွက်သွားလေ သည်။ ဟိုဘက်လည်းရောက်ရော မိုးကာအင်္ကျီ ခပ်နွမ်းနွမ်းဝတ်ထားကာ ရှူးဖိနပ်ခပ်ညံ့ညံ့စီးထားသူတစ်ဦးကိုတွေ့ရသည်။ သူရောက် လာသည်ကိုပင်မမြင်ယောင်ပြုကာ ထိုလူသည် စတိတ်ခုံ နောက်ဖက်မှာ ၀င်လိုက်ထွက်လိုက် သွားလာ နေသည်။ “သည်လူကိုကြည့်ရတာ မသင်္ကာဘူး။ ဆွဲထုတ်ပစ်မှ။” တစ်ကိုယ်တည်းပြောရင်း အသွား၊ မိတ်ဆွေတစ်ဦးက နောက်မှလှမ်းဆွဲထားလေသည်။ ထိုမိတ်ဆွေက “အဲသည်လူက သည်ပွဲမန်နေဂျာ ဗိုလ်မှူးကြီး ပတ်ကားဗျ။” လူတစ်ယောက်၏ မြင်သာထင်သာသည့် အပေါ်ယံသဘောကိုကြည့်ကာ သူ့ကို အမြင်မှားအထင်မှားရခြင်းအတွက် ရဲအရာရှိကြီး အတော်တုန်လှုပ်သွားမိလေသည်။ သင်ခန်းစာလည်း တစ်ပွေ့တစ်ပိုက် ရလိုက်လေသည်။ ဥပဒေသကသင့်အတွင်းစိတ်ကအလိုလိုထိုး ထွက်လာသောထင်မြင်ချက် (သို့မဟုတ်) စိတ်ကူးစိတ်သန်းသည်

» Read more