MERRY CHRISTMAS

တိတ်ဆိတ်ည သန့်ရှင်းည သူငယ်တော် အိပ်စဉ်ခါ ကောင်းကင်မှာ ကြယ် လင်းရောင်ခြည် သူငယ်တော် ပေါ်ထွန်းတောက်သည် ကောင်းကင် ငြိမ်သက်ခြင်းသည် သူငယ်ပေါ်မှာတည်၏။ တိတ်တဆိတ် လွမ်းရင်း အဲဒီသီချင်းလေးကို ညည်းနေမိတယ်။ သူငယ်တော်က ကောက်ရိုးတွေကြားမှာ၊ နွားစားခွက်ထဲမှာ၊ နွေးထွေးမှု သိပ်မရှိပါဘဲ အိပ်စက်လို့ ...။ ကောင်းကင်မှာ ကြယ်တစင်းလင်းလက် ... ပညာရှိတွေက အဲဒီကြယ်ကတဆင့် မင်းလောင်းကိုရှာ ..…

အားနည်းခြင်းအဖြစ်၌

စာနာနားလည်နိုင်တဲ့သူတွေဟာ ကိုယ်တိုင်တကယ်ခံစားဖူးတဲ့သူ၊ ဒါမှမဟုတ် တကယ့်ကို ခံစားပေးတဲ့သူ ချည်းပါပဲ။ နှုတ်ပါးစပ်ဖွင့်ဟပြီး ပြောရုံနဲ့လုံလောက်တဲ့ကိစ်္စတော့မဟုတ်ဘူး။ လိုအပ်မှုတွေများလာရင် လူတွေဟာ အားငယ်လာတတ်တယ်။ အဲဒီလိုအပ်မှုတွေကြောင့်ပဲ ဘဝမှာ တွန်းအားဖြစ်လာပြီး သူတစ်ပါးကို ကူညီမစတတ်တဲ့ သူတွေဖြစ်လာတတ်ပါတယ်။ တချို့ကပညာရေးမှာ အားနည်းကြတယ်။ ဒါပေမယ့် ကိုယ်ကဘွဲ့တွေ၊ ဒီဂရီတွေရ လာတဲ့အခါ ပညာဂုဏ်မောက်တဲ့သူတွေလည်း ရှိတာပေါ့။ တချို့ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့သူတွေကြပြန်တော့လည်း အင်္ဂါစုံစုံလင်လင်ရှိတဲ့သူတွေထက် ကမ်္ဘာကြီးကို ကောင်းကျိုးပြုနိုင်ကြပါတယ်။ ကိုယ်ကပြည့်ဝစုံလင်မှသူတစ်ပါးကို…

ကျွန်တော်နှင့် အိုင်တီ

ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ အိုင်တီ- အစ် ထိုအရာဆိုပြီး နာမ်စားတစ်ခုအနေနဲ့ အရင်ရင်းနှီးခဲ့ပါတယ်။ နည်းနည်း ကြီးလာတော့ အစ်ကိုကြီး အရပ်ရှည်ရှည်နဲ့ အစ်မကြီး အရပ်ခပ်ပုပုတွဲ၍ အိုင်တီလို့ မှတ်သားရပြန်တယ်။ အဲဒီထက် ပိုမသိခဲ့ဘူးဗျ။ အရာဝတ္ထုတွေအတွက်သုံးတဲ့ နာမ်စားရယ်။ သမီးရည်းစား အရပ်မညီတဲ့သူတွေအတွက် စကြ နောက်ကြတဲ့ စကားရယ် ဒါပါပဲ။ တဖြည်းဖြည်းသာ အသက်ကြီးလာတယ် ............. ကျွန်တော်လည်း အရာဝတ်္ထု…

ကြည် နူး ရိပ် လေး ရဲ့ နေ ရာ

ကျွန်မရဲ့ဘဝမှာအမြဲတမ်းရောက်ခဲ့တဲ့ နေရာလေးကတော့ ဘုရားကျောင်းပဲ ဖြစ်တယ်။ ကျွန်မတို့ရဲ့ ဘုရားကျောင်းက အင်မတန်သာယာတဲ့နေရာလေးပေါ့ ... ကျွန်မအတွက်တော့ သခင်ယေရှုတရားဟောခဲ့တဲ့ အရှေ့အလယ်ပိုင်းကဒေသကိုရောက် နေသလိုမျိုးခံစားမိတယ် ... ကျွန်မရဲ့ ဝိညာဉ်ထွက်ပေါက်ပေးတဲ့နေရာ၊ စိတ်အာဟာရ အပေးနိုင်ဆုံး နေရာလေးပေါ့ ... ဘုရားကျောင်းဆိုတာ ကျွန်မအတွက်တော့ သုခဘုံနန်းလို့ပဲ တင်စားပါရစေ။ ကျွန်မမိသားစုလေးထဲမှာ ကျွန်မရဲ့ ယောကျာ်းက ဝန်ထမ်းတစ်ယောက်ပေါ့ ... အချစ်ဆုံးလို့ ခေါ်ရပေမယ့်…

အသည်းနုနုမခူးရ

ရာသီတွေရယ် အို နေညိုခြင်းရဲ့ တစ်ဖက်မှာ ဆက်လက်ရှင့်သန်နေဆဲပါအဖေ။ ရေကြည်တစ်ပေါက် မသောက် ရရင်လည်း ရှိပါစေ၊ ““မျှော်လင့်ခြင်းတဲ့ အဲဒီတွင်းလေးကိုပဲ အဝီစိရောက်အောင် ဆက်တူးရင်း ...။ လူတွေက ကျွန်မကို ပြောကြတယ်၊ လမ်းလျှောက်တာ မငြင်သာဘူး၊ စက်ဘီးစီးတာ အရမ်းမြန်တယ်၊ ဆိုင်ကယ် စီးကြမ်းတယ်၊ ကားမောင်းတာ ပရမ်းပတာနဲ့တဲ့။ ကျွန်မလူတွေရဲ့ အသံကိုနားထောင်ကြည့်မိတဲ့အခါ၊ အဲဒီဂုဏ်သတ္တိတွေဟာ ကျွန်မမှာတကယ်ရှိတဲ့အရာတွေ လား၊…