Posted in၀တ္ထုတို
လရိပ်မခြွေမီ စောစောကြွေပေါ့နှင်း – ၁
မက်ဆိုပိုတေးမီးယားဒေသ။ ခြောက်သွေ့ပူပြင်းတဲ့ ကန်္တာရရပ်ဝန်းကြီး တစ်ခုပေါ့။ အဲဒီအပူပိုင်းဇုန်တနံတလျားမှာ.. ဣသရေလ လူမျိုးတော်ကြီးတွေ သွားလာလှုပ်ရှားရုန်းကန်ရင်း ဘဝကို တည်ဆောက်နေကြတာပါ။ ပူပြင်းခြောက်သွေ့တဲ့ရပ်ဝှမ်းဒေသမှာနေတဲ့ ဣသရေလတွေရဲ့ အတမ်းတဆုံးအမြတ်နိုးဆုံးဆိုတာဘာ လဲသိလား...။ နှင်းပေါ့...နှင်း။ အေးမြတဲ့နှင်း...၊ နှလုံးသားထဲထိတိုင်နက်ရှိုင်းစွာ အေးမြစေတဲ့နှင်း....။ ဒါကြောင့် အဘဘုရားသခင်က နှင်းကိုတမ်းတ တဲ့ဣသရေလတွေအတွက်... ငါသည် နှင်းကဲ့သို့ ဣသရေလပေါ်မှာ တည်နေ မည်။ သူသည် နှင်းပွင့်ကဲ့သို့ပွင့်လိမ့်မည်။ ။…