Tag: church history

ခရစ်ယာန်သာသနာသမိုင်းအပေါ် ယေဘုံယျ သုံးသပ်ချက်

နိဒါန်း ခရစ်ယာန်သာသနာပြုပုံစံနှင့်ခရစ်ယာန်သာသနာအပေါ် ခံယူချက်သည် ခေတ်အဆက်ဆက်က ပြောင်းလဲလာသော ခရစ်ယာန်ဓမ္မအတွေးအပေါ် မူတည်ပြီး အစဉ်ပြောင်းလဲလာခဲ့ကြောင်း တွေ့ရသည်။ ထို့အပြင် ဤပြောင်းလဲမှုထဲတွင် အကောင်းနှင့်အဆိုး အမြဲဒွန်တွဲလျက်ရှိသည်ကို တွေ့ရသည်။ ခရစ်ယာန်သာသနာသမိုင်းကို သေသေချာချာ လေ့လာမှသာလျင် ဤအချက်ကို သိရှိနိုင်မည်။ ထို့ကြောင့် ခရစ်ယာန်သာသနာသမိုင်းကို လေ့လာရန် လိုအပ်ပါသည်။ သမိုင်းကိုလေ့လာသည့် အပြင် သေသေချာချာ သုံးသပ်ရန်လည်း လိုအပ်သည်။ သို့မှသာလျင် အတိတ်မှအမှားများကို ရှောင်ရှားနိုင်ပြီး မျက်မှောက်အသင်းတော် သာသနာအတွက် မှန်ကန်သော သာသနာပြုပုံစံကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ တမန်တော်ခေတ်အတွင်းခရစ်ယာန်သာသနာ (ခသ ၃၇-၁၀၀) တမန်တော်ခေတ်အတွင်း ခရစ်ယာန်သာသနာကို ယေဘုံယျအားဖြင့် နှစ်ပိုင်းခွဲခြားလို့ ရပါသည်။ ယုဒခရစ်ယာန်သာသနာနှင့် ဟေလသခရစ်ယာန်သာသနာတို့ ဖြစ်ပါသည်။ ယုဒခရစ်ယာန်သာသနာအကြောင်းကို နားလည်ရန်အတွက် ပထမဦးစွာ ယေရုရှလင်အသင်းတော်အကြောင်းကို သိရှိဖို့ရန် လိုအပ်သည်။ ယေရုရှလင်အသင်းတော်သည် ယေရှု၏တပည့်တော်များနှင့် …