ယုံကြည်ခြင်းမျိုးစေ့

ယုံကြည်ခြင်းမျိုးစေ့

tn0001

“သစ်တောအစ မျိုးစေ့က” (The forest in the seed)  ဟူသောစကားကို သင်ကြားဘူးကောင်း ကြားဘူးပါမည်။ မျိုးစေ့တစ်စေ့မှ စ၍ သစ်တောတစ်ခုဖြစ်လာမည်ဆိုလျှင် သင်ယခု မျိုးစေ့ချသင့်ပါသည်။ သစ်တော၏တန်ဖိုးနှင့် မျိုးစေ့၏တန်ဖိုးမတူပေ။ သစ်တောက ပို၍အဖိုးတန်ပေသည်။ သို့သော် မျိုးစေ့တစ်စေ့မှ စရပါမည်။ မျိုးစေ့တစ်စေ့က မည်မျှတန်ဖိုးမရှိသော်လည်း အလေးမထား၍ မရပါ။ မျိုးစေ့သည် မပျက်လျှင် တစ်စေ့တည်းနေ၏။ ပျက်လျှင်မူ အဆတစ်ရာမက ပွါးများစေနိုင်ပါသည်။
ဝိညာဉ်ရေးရာတွင်လည်း ထိုနည်းတူ ယုံကြည်ခြင်းဖြင့် မျိုးစေ့ကြဲရပါမည်။ မျိုးကြဲခြင်းဆိုသည်ကား စိုက်ပျိုးခြင်း၊ ရင်နှီးမြုပ်နှံခြင်း၊ ပေးဆပ်ခြင်း၊ စွန့်လွှတ်ပူဇော်ခြင်း၊ စသည်ဖြင့် ဖော်ပြလိုသည်။ သင်ယနေ့ခံစားရခြင်းသည် ယခင်ကစိုက်ပျိုးခဲ့သောအရာများ သီးပွင့်လာ၍ဖြစ်သည်။ ယနေ့စိုက်ပျိုးလျှင် နောင်အခါ စားသုံးရမည် ဟုမြော်လင့်နိုင် သည်။ သင်စိုက်ပျိုးခဲ့ပါ၏လော။ စိုက်ပျိုးသူတိုင်းက အသီးကိုစားဖို့မျှော်လင့်၍သာစိုက်ပျိုးကြသည်။ စားရမည်ဟု ယုံကြည်မျှော်လင့်၍စိုက်ပါ။ ဤသည်ကို ယုံကြည်ခြင်းမျိုးစေ့ဟုခေါ်ပါသည်။
ဝိညာဉ်ရေးရာတွင် သင်မည်မျှပုံအောပါမည်နည်း။ အမြတ်အစွန်းကြီးပေ၏။ဝိညာဉ်အကျိုး အတွက်မျိုးစေ့ချပါ။ များများကြဲလျှင် များများရိတ်ရမည်။ နည်းနည်းကြဲလျှင် နည်းနည်းသာရိတ်ရမည်ဟု မှတ်ပါ။ ယခုပင် ယုံကြည်ခြင်း မျိုးစေ့ကြဲလိုက်ပါ။ ဝိညာဉ်ရေးရာစိုက်ကွင်းမှ ကြိုဆိုပါသည်။
သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖေါက် မခိုးယူရာ  ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။ (ရှင်မဿဲ ၆း၂၀)

Ref: http://www.thohtainnthan.blogspot.com/2011/05/blog-post_6780.html

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *