လရိပ်မချွေမီ စောစောကြွေပေါ့ နှင်း
(ပြီးခဲ့သည့်ဇာတ်လမ်းအကျဉ်းချုပ်)
အောင်သည်ဓမ္မတက်္ကသိုလ်တွင်တက်ရောက်နေရင်း ဓမ်္မသီချင်းများကို ရေးဖွဲ့သီကုံးလေ သည်။ အောင်၏ဓမ်္မတေးများသည် အသင်းတော်များ တွင်နေရာယူလာသည်။ မိဘမဲ့ဖြစ်သော အောင်သည် ကျောင်းစားရိတ်အတွက်အခက်အခဲများရှိသည်။ သို့သော်၊ ဘုရားကိုချစ်သောအောင် အတွက် အေးမြနှင်းဆိုသောမိန်းကလေးတစ်ဦးက ဆရာစောတင်နရီမှ တစ်ဆင့်အောင်၏ ကျောင်းစားရိတ်များကို ပံ့ပိုးခဲ့သည်။ အေးမြနှင်းသည် အောင်၏ဓမ်္မတေး ပရိတ်သတ်တစ်ဦး ဖြစ်သည်။ နောက်တော့ အောင်နှင့် အေးမြနှင်း တို့ သူမ၏ စံအိမ်ကြီးဝယ် ဆုံဖြစ်မိရာမှ၊တစ်ယောက် နှင့်တစ်ယောက်သံယောဇဉ်ဖြစ်ကြသည်။ အေးမြနှင်းတွင် သင်းမြနှင်းဆိုသောအမွှာညီမတစ်ဦး အမေရိက တွင်ရှိသည်။ သင်းမြနှင်းကလည်း အမေရိကတွင်ချစ်သူရှိသည်ဟုကြားရသည်။
အောင် ဓမ်္မတက်္ကသိုလ်တွင်ကျောင်းပြီးသွားတော့၊ နယ်ရှိအသင်းတော်တစ်ပါးတွင် အစေခံ ရသည်။ ထိုအသင်းတော်၏အဆောက်အဦးမှာ ဟောင်းနွမ်းနေပြီဖြစ်ရာ၊ အောင်က ဓမ်္မတေး တစ်ခွေထုတ်၍ ရံပုံငွေရှာပြီး ဘုရားကျောင်းပြင်ရန်ပြင်ဆင်သည်။ အလှူရှင်က နှင်းတို့ညီအစ်မ ဖြစ်သည်။
အခွေကပေါက်သွားသည်။ ဘုရားကျောင်းဆောက်သည်။ ဘုရားကျောင်းဖွင့်ပွဲတွင် အေးမြနှင်းအမီလာရန်ဖြစ်သော်လည်း၊ ဝေဒနာကြောင့် အေးမြနှင်း ခရစ်တော်၌ အိပ်ပျော်ခဲ့သည်။ အေးမြနှင်း ခရစ်တော်၌ အိပ်ပျော်သည့် အချိန်မှစ၍ အောင်နှင့်သင်းမြနှင်းတို့ သံယောဇဉ်ဖြစ်ခဲ့ သည်။
ရွာကအသင်းတော်တွင်ခတ်္တာဆိုသောဆရာမလေးက အောင့်ကိုအစ်ကိုအရင်းလို သဘောထားချစ်ခင်သည်။ ရွာမှသူဌေးလေးဂျင်မီက ထိုကိစ်္စနှင့်အင်းထဲတွင် အောင့်ကိုသတ်ရန် ကြိုးစားခဲ့သည်။ ဘုရားသခင်စောင့်မသဖြင့် အောင်တစ်ယောက်အသက်ဘေးမှ လွတ်မြောက်ခဲ့ သည်။ အောင်ကဂျင်မီကို ခွင့်လွှတ်ခဲ့သဖြင့် ဂျင်မီတစ်ယောက်ခရစ်တော်၏ အရိပ်ကိုခိုလှုံခဲ့၍ ကျမ်းစာကျောင်းတက်ခဲ့သည်။မကြာမီ၊ နှင်း နှင့်အောင် တို့သံယောဇဉ်နှောင်ဖွဲ့ဖြစ်သည်။ တစ်နေ့…အောင်သည်ရန်ကုန်ရှိ နှင်းရှိရာစံအိမ်အတွင်း ရောက်လာခဲ့၍နှင်းကိုတွေ့ရန် ဧည့်ခန်း ဝယ်ထိုင်နေစဉ်၊ အပေါ်ထပ်မှနှင်းနှင့် ၎င်း၏အမေရိကားမှ ချစ်သူနှစ်ဦးတို့ ဖရိုဖရဲပုံစံဖြင့် ဆင်းလာခဲ့သည် ကိုအောင်တွေ့သွားရာမှအောင်၏ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲနာကျင်ခဲ့ပြီး၊ အောင်ကနှင်းကို သစ်္စာဖေါက်ဟုအော်၍ အပြင်ဘက်သို့ ထွက်ပြေးခဲ့ရာ၊ စံအိမ်ကြီးအတွင်းသို့ အပြင်မှကားတစ်စီးက အရှိန်နှင့်ဝင်အလာ၊ ကားကအောင့်ကိုအရှိန်နှင့်တိုက်မိသွားသည်။
အောင်၏ ဘဝတစ်ခုလုံး အမှောင်ထုကြီးက ပိတ်ဆို့ကာဆီးလာပါတော့သည်။
******************
““.. ယေရုရှလင်မြို့ ၌ သိုးတခါးနားမှာ ဗေသေသဒ အမည်ရှိသောရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင် ငါးဆောင်နှင့် ပြည့်စုံ၏။ ထို ကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ်ပိန်ခြောက် သောသူတို့မှစ၍ အနာရောဂါ စွဲသော သူအပေါင်းတို့သည် ရေလှုပ်ရှားခြင်းကို မြှော်လင့်၍ နေကြ၏။
အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင် တမန်သည် ရေကန်သို့ဆင်း သက်၍ ရေကိုလှုပ်ရှားတတ် ၏။ ထိုသို့ ရေလှုပ်ရှားသည် နောက်၊ ရှေ့ဦးစွာဝင်သော သူသည် မိမိ၌စွဲသမျှသော အနာရောဂါနှင့် ကင်းလွတ် ခြင်း သို့ ရောက်တတ်၏။
ထိုအခါ၊ သုံးဆယ် ရှစ်နှစ်ပတ်လုံး ရောဂါစွဲသော သူတစ်ယောက်သည် ရေကန် နားမှာရှိ၏။ ထိုသူသည် တုံးလုံး နေသည်ကို ယေရှုမြင်တော်မူ လျှင် သင်သည်ကျန်းမာခြင်းသို့ ရောက်လိုသလောဟု မေးတော် မူ၏။
နာသောသူက လည်း သခင် ရေလှုပ်ရှား သောအခါ ရေကန်ထဲသို့ အကျွနု်ပ်ကို သွင်းထားမည့်သူ မရှိပါ။ အကျွနု်ပ်သွားစဉ်တွင် အခြားသောသူသည် အကျွနု်ပ် ရှေ့မှာ ဝင်တတ်ပါသည်ဟု လျှောက်၏။ ယေရှုကလည်း ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည့် ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ ရောက်၍ မိမိအိပ်ရာကိုဆောင် လျက် လှမ်းသွား၏။(ယော ၅း၁-၉)။
..အမှောင်ထုကြီး အတွင်းမှာ ကျွန်တော်သည် ပြေးလွှားနေ၏ ရင်ထဲမှာ နာကျင်နေ၏။ ခါးသီးနေ၏။ ပြေးရတာမောလှပြီး ကမ်္ဘာကြီး အဆုံးထိ ကျွန်တော်တစ် ယောက်တည်း ပြေးနေသည်။ ဘယ်အထိ ခရီးရောက်နေပြီ လည်း ရှေ့မှာ လူတွေတရုန်း ရုန်းနဲ့၊ ကျွန်တော်လိုပဲလူတွေ ပြေးလွှားနေကြသည်။
ဘာတဲ့ ဗေသေသဒ ရေကန်၊ ဗေသေသဒရေကန် မှာ စိမ်ကြမလို့ဆိုပါလား၊ ဘာလဲ သခင်ယေရှုရောက် လာပြီ၊ သခင်ယေရှုရောက်လာ လို့ ရေကန်ထဲဆင်းစရာ မလို တော့ဘူးတဲ့၊ သခင်ယေရှုက ကန်ထဲဆင်းဖို့ ကြိုးစားနေတာ မှာ မဆင်းနိုင်လို့ အခက်ကြုံ နေတဲ့ သုံးဆယ်နှစ်နှစ်လုံးလုံး ရောဂါစွဲတဲ့ လူတစ်ယောက်၊ သခင်ယေရှု တန်ခိုးနဲ့ပျောက် သွားပြီ။ ဟောဟိုရှေ့မှာ သခင်ယေရှု၊ ယေရှုပါလား၊ ကိုယ်တော်ရှေ့ကို ကျွန်တော် အရောက်ပြေးပြီး၊ ကိုယ်တော် ရှေ့မှောက်တွင် ကျွန်တော့် အသည်းကွဲရောဂါ ပျောက်မှာ ပါ။ အို ..အို ခြေထောက်တွေ ကို သယ်လို့မရတော့ပါလား ..ကျွန်တော့် ခြေထောက်တွေ က လေးလံနေပါလား .. ယေရှုဘုရားရယ် ကယ်ပါ။ ကျွန်တော်ကိုလေ နှင်း အသည်းခွဲသွားပြီ ငိုသံတစ်ချို့ ကြားနေသလို …။
ကျွန်တော် သတိ ပြန်လည်လာပြီ။ခြေထောက် တွေက လှုပ်၍မရ။ ခတ်္တာ တီးတိုးရှိုက်သံကို ကြားရသည်။ ကျွန်တော်သတိပြန်ရလာပြီကို ခတ်္တာတို့ မသိကြသေး။ ဦးလေးစော၏ စိုးရိမ်တကြီး အသံ
““ခြေထောက်တွေ က ပြန်ကောင်းလာနိုင်ပါဦး မလားဟင်””
ကိုဂျင်မီ၏စိတ်မ ကောင်းသံ
““ဆရာဝန်ကတော့ ပြောတယ် ငါးဆယ်၊ ငါးဆယ်ပဲ တဲ့ ကောင်းဖို့ ငါးဆယ်၊ ဖြတ်ဖို့ ငါးဆယ်ပဲတဲ့။ ဒါပေမဲ့ အသင်းတော်တွေ အစာရှောင် ဆုတောင်း ပေးနေပါတယ် ဦးလေး …။””
ဆုံးရှုံးလိုက်ပါပြီ။ အချစ်တွေရော၊ ဘဝတွေကို ပါလား။ ရင်ထဲမှာ ကြေမွသွား ပြီ။ ခြေထောက်ဖြတ်ဖို့က ငါးဆယ်ရာခိုင်နှုန်းတဲ့။ ““ဟင်း”” သက်ပြင်းချ လိုက်သည်။ မျက်လုံးကို တဖြည်းဖြည်းဖွင့် ဖြစ်မိသည်။ ခတ်္တာအသံလေး။
““ဟင် …အကို အကိုသတိရလာပြီ။ ကျေးဇူး တော်ပါပဲ အကိုရယ်၊ အကို ရက်ပေါင်းများစွာသတိလစ်နေ တာ၊ ဘုရားကျေးဇူးတော်ပဲ။””
ညီမငယ်ခတ်္တာက ငိုရှိုက်၍ ကျွန်တော့်လက်များ ကို အားပါတစ်ရဆုပ်ကိုင်လာ သည်။ ကျွန်တော် မျက်လုံးများ တရွေ့ရွေ့လည်ပတ်နေသည်။ တစ်စုံတစ်ဦးကို အငမ်းမရ ရှာဖွေနေမိသည်။ ဦးလေးစော၊ ဆရာတော်ဟင်နရီ၊ ကိုဂျင်မီ၊ ဒေါ်ကြီးနှင့် အသင်းသူအသင်း သားများ၊ သူတို့မျက်နှာတွေက ပြုံး၍ ကျွန်တော့်ကို ကြည့်နေ ကြသည်။ သို့သော် သူတို့ မျက်လုံးတွေက ငိုနေကြသည်။ ကျွန်တော် တွေ့လို သော်လည်း မတေ့ွရဲသော နှင်း ကိုကား အခန်းတွင်း မတွေ့ရ။ အော် ကမ်္ဘာကုန်ကျယ်သရွေ့ စွန့်ခွာထွက်ပြေး ရှောင်ခွာ တိမ်းလို့ စိမ်းရက်ပြီးလား နှင်းရယ် … နှင်းရယ်။
““အကို အားမငယ် နဲ့နော် ခတ်္တာတို့ရှိတယ်သိလား အကို သိလား အကို။””
ကျွန်တော်၏ လေး လံလာသော မျက်ဝန်းတို့ကို အားယူ၍ ပိတ်လိုက်မိသည် ။တွေ့လိုသူမတွေ့ရ၍ စိတ် မောသွားမိသလိုလို။ ကျွန်တော်သည် အမှောင်ထု တွင်းသို့ ပြန်ရောက်သွားခဲ့ပြီ၊ ဆရာတော်စောဟင်နရီ၏ ကျေးဇူးတော်ချီးမွမ်းဆုတောင်း မေတ်္တာပို့သည်။ တိတ်ဆိတ် သော ခန်းမအတွင်းမှာ အလင်းတစ်ခုအဖြစ် ဆင်း သက်ဝင်ရောက်လာသည်။
““အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် တကွ ဆုတောင်းပဌနာပြု သောအားဖြင့်သင်တို့ တောင်း ပန်လိုသော အရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြ လော့၊ ထိုသို့ပြုလျှင် အဘယ် သူမျှ ကြံ၍မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်း သည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။(ဖိလိပ်္ပိ၊ ၄း၆-၇)။
– ၂၁ –
ကြာခဲ့ပါပြီ။
ပြက်္ခဒိန်နှစ်တွေပင် ပြောင်းလဲခဲ့ပြီ။ နှစ်တွေခြားခဲ့ ပြီလေ။ ခတ်္တာနှင့် ကိုဂျင်မီတို့ ပင် အိမ်ထောင်ပြုခဲ့လေပြီ။ကိုဂျင်မီသည်ပင် အသင်း တော်အတွက် အလွန်အား ထားရသော တရားဟောဆရာ တစ်ဦး ဖြစ်လာခဲ့သည်။ ကိုဂျင်မီနှင့် ညီမလေးခတ်္တာတို့ သည် ဤအသင်းတော်တွင် သာမက ချောင်းတွေ မြောင်း တွေ မြစ်တွေကို ကျော်ဖြတ်၍ အသင်းတော်များစွာကို ပါဝင်ပံ့ပိုးပေးနိုင်ကြသည်။ ခတ်္တာကြောင့်ပင်လျှင် ှကညိပေ ှခ့သသူ အစီအစဉ်များ စွာ အောင်မြင်လာခဲ့သည်။ ခတ်္တာသည် မြစ်နီးပါးကျယ်ပြန့် ၍ ရေစီးသန်သော ဤချောင်း မကြီးကို ကျော်ဖြတ်လျက် ကလေးငယ်များကို ကူးလူးပို့ ဆောင်၍ ကလေးတို့၏ပညာ ရေးနှင့် ဝိညာဉ်ရေးရာများ အတွက် ကြယ်တစ်ပွင့်လို လင်းလတ် အစေခံနိုင်ခဲ့ပြီ။ ကိုဂျင်မီကတော့မူ အသင်းတော်တွင် နိုးနိုးကြား ကြား ဦးဆောင်နိုင်ခဲ့ပါပြီ။ ကျွန်တော်၊ ကျွန်တော်ကတော့ ကျေးဇူးတော်ကြောင့် ခြေ ထောက်နှစ်ချောင်း ဖြတ်လိုက် ရပြီဟု ထင်သော်လည်း ခြေထောက်များမှာ ဆုတောင်း ခြင်း တန်ခိုးတော်ကြောင့် မဖြတ်လိုက်ရပဲ၊ တဖြည်းဖြည်း ကောင်းလာသည်။ ပထမချိုင်း ဒေါက်နှင့်၊ ယခု ချိုင်းဒေါက် လွတ်၍ သွားလာနိုင်ပြီ။ ခြေထောက်တွေ ပြန်လည် သန်စွမ်းလာပါပြီ။ ခြေထောက် ဒဏ်များမှာ ကျက်လာသော် လည်း နှလုံးသားဒဏ်ရာများ ကတော့မူ မကျက်နိုင်သေးပါ လား။
နှင်းကို ကြိုးစား၍ မေ့ပျေက်သော်လည်း နှလုံး သားမှာ အနာက ဆွေးမြေ့နေ ဆဲ။တခါတရံတော့မူ ဆရာ တော်ဟင်နရီမှ နှင်းနဲ့ပါတ် သက်၍ တစိပ်၊ တခွန်း စကား ဆိုလာတတ်၏။ သို့သော် ကျွန်တော်မှာ ဆရာကို တောင်းပန်စကား ဆိုရ၏။
““ဆရာ အကိုရယ် နှင်းအကြောင်း နားထောင်နိုင် စွမ်းမရှိလို့ သူ့အကြောင်းကို ကျေးဇူးပြု၍ မပြောပေးပါနဲ့ ခင်ဗျာ။ ကျွန်တော်တောင်းပန် တာပါ။ ကျွန်တော်၏ ခါးခါး သီးသီး ညင်းဆန်မှုများကြောင့် ဆရာတော်ဟင်နရီမှာ ကျွန်တော့ကို စိတ်မချမ်းမြေ့စွာ ကြည့်ရင်း ခေါင်းကို ဖြေးလေး စွာ ခါးယမ်းနေပါတော့သည်။
တကယ်တော့ နှင်း သည်ကားတိုက်မိ၍ ကျွန်တော် သတိလစ်နေစဉ် အတွင်းမှာ ပင်၊ဂျော့ချ်နှင့်အတူအမေရိကား သို့ ပြန်လိုက်သွားသည်။
ကျွန်တော်သတိ လစ်နေစဉ်အတွင်း နှင်းနှင့် ဂျော့ချ်တို့ လာရောက်ကြည့်ရှု ကြောင်းကိုလည်း ခတ်္တာ၏ ပြောကြားချက်အရ သိရှိရ သည်။ သို့သော် ခတ်္တာကို လည်း နှင်းနှင့်ပတ်သက်၍ မပြောကြားရန် ကျွန်တော်က လုံးဝပိတ်ကြားခဲ့သည်။ နှလုံးသားမှာ ကြိုးစား၍ တံခါးပိတ်ထားပါ၏။
ကျွန်တော်၏ နှလုံး သားဒိုင်ယာရီတွင်၊ နှင်းနှင့် လရိပ်ပြာလဲ့လဲ့တို့ကို မှင်နီ တား၍ ချေဖျက်ခဲ့သော်ငြား လည်း အတိတ်၏ အရိပ်တို့က ကျွန်တော်ကို ချောက်လှန့်နေ ဆဲပင်တည်း။
““ ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါနှလုံးကိုလုယူပြီ သင်၏ မျက်စိတကြည့် လည်ပင်း တလှည့်ဖြင့်၊ ငါ့နှလုံး ကို လုယူပြီ။ ”” (ရှောလမုန် ၄း၉။)
– ၂၂ –
““အကိုရေ အကို ကြိုက်တဲ့ ငါးမြင်းကို ဆီပြန် လေးချက်ပြီး ငြုတ်သီးစိမ်းစပ် စပ်လေး အုပ်ထားတယ် အကို ထမင်းစားကောင်းဦးမယ်””
ဗွီယိုမင်းသမီးလေး တစ်ယောက်လို လှပ၍ ဘွဲ့ရ ပညာတတ်မလေး ခတ်္တာ။ သူ့မ၏ ဘဝတစ်ခုလုံးကို ကျေးလက်မှာ မြုပ်နှံထား သည်။ ချစ်စရာညီမငယ် ခတ်္တာ။
““ရော့ ဆရာအောင် ငါးရံခြောက်ဖုတ်လေး ဆီဆမ်း ထားတယ်၊ အဖန်ရည်လေးနဲ့ သောက်လိုက်ဦး၊ ကိုဂျင်မီက ငါးရံခြောက်ဖုတ်လေးနဲ့ အဖန် ရည်အိုးယူလာပေးသည်။ ခတ်္တာတို့ ဇနီးမောင်နှံက ကျွန်တော့်ကို သူတို့၏ မေတ်္တာ ကြောင့်ပင် ကျွန်တော် မှာ အင်အားတွေ အတန်အသင့်ပြည့်လာရသည်။
““ကျေးဇူးတင်လိုက်တာ””
ခတ်္တာက မျက် စောင်း လေးထိုး၍
““အကိုကလည်း တစိမ်းဆန် လိုက်တာ၊ ကျေးဇူးတင်စကား ဆိုရမဲ့ သူတွေကျနေတာပဲ””
ကိုဂျင်မီက ရယ်နေ သည်၊ ထောင်ထောင်မောင်း မောင်း ယောက်ကျားပီသသော ကိုဂျင်မီနဲ့ ခတ်္တာတို့က မင်းသားနဲ့ မင်းသမီးလို ကျွန်တော်မျက်လုံးထဲမှာ ကြည့်ကောင်းနေသည်။
““ခတ်္တာ ဒီနေ့ ဟို ဘက်ကမ်းကိုသွားရင် ညနေ စောစော ပြန်ခဲ့နော်၊ ကိုယ်က ဒီနေ့ အသင်းတော်မှာ တာဝန် ကျတော့ လိုက်ပို့ဖို့မအားဘူး၊ ညနေလည်း အိမ်တတ်ရှိတော့၊ လာမကြိုအားဘူး ထင်တယ်။ ခုတင်လေး ချောင်းရေက တအားလျှံနေတာ၊ မိုးဦးလေဦး လည်း ပြင်းတော့၊ ညနေလေ မထန်ခင် စောစောပြန်ခဲ့နော်။
ကိုဂျင်မီက ခတ်္တာ အတွက် စိုးရိမ်တကြီး မှာနေ သည်။ မှန်ပါ့၊ ဤချောင်းမကြီး ကား သူစိတ်ဆိုးလျှင် လှေများ လူများကို ဝါးယူစားသောက် ဖျက်ဆီးတတ်သော ချောင်းမ ကြီးပင်၊ နာမည်ကြီးချောင်းမ ကြီး။
““စိတ်ချပါ”” ခတ်္တာကရယ်မော ပြောလာသည်။ခနနေတော့ ကလေးများ ရောက်လာသည်။ ကလေးတွေက စပါယ်ပန်းတွေ ယူလာပေးသည်။ ခတ်္တာက စပယ်ကုံးကို တပတ်လျှို ကေသာတွင် ထုံးဖွဲ့ရင်းမှ ကိုဂျင်မီကိုလှည့်၍ ပြုံးကြည့်ပြီး ““ကိုဂျင်မီ ခတ်္တာနဲ့ စပယ်ကုံး လေး ပိုလှလာလား””
““သိပ်လှပေါ့ ခတ်္တာ ရယ်””
““အကိုကရော ပြော ပါဦး ညီမလေး စပယ်ကုံးတွေ ပန်ထားတာ လှရဲ့လား””
ကျွန်တော်က ပြုံး၍ ““ကမ်္ဘာပေါ်မှာ ကိုယ့်ညီမ ခတ်္တာက အလှဆုံးလေ””
““ခတ်္တာကို လှတယ် ပြောတဲ့အတွက် အကိုတို့နှစ် ယောက်အတွက် အပြန်ကျရင် ပြောင်းဖူးပြုတ်တွေ ယူလာခဲ့ မယ်။ သွားပြီနော်၊ သွားပြီနော်”” ခတ်္တာနှုတ်ဆက်၍ ကလေးတစ်အုပ်နှင့် အတူ ဟိုဘက်ကမ်းရှိ ရွာကလေးသို့ ှကညိပေ ှခ့သသူ ပြရန် ထွက်သွားချေပြီ။ ကျွန်တော် နှင့် ကိုဂျင်မီက ခတ်္တာကို လက်ပြ၍ ကျန်ရစ်ခဲ့သည်။ မြင်ကွင်းမှ ခတ်္တာတို့အုပ်စု ပျောက်သွားသောအခါ၊ ကိုဂျင်မီက
““အော် ကျွန်တော် လည်း ဘုရားကျောင်းမှာ သွားပြင်ဆင်လိုက်ဦးမယ်နော်””
ကျွန်တော်နှင့် ကိုဂျင်မီပြုံး၍ လက်ဆွဲနှုတ် ဆက်ကြသည်။ စပယ်ကိုချစ် သော ခတ်္တာကို တစ်ရွာလုံးက စပယ်ဟုလည်း ခေါ်တတ်ကြ ပါ၏။
သည်ကနေ့ ဘုရား ကျောင်းတက်ရတာ တော် တော်လေး ခွန်အားရပါသည်။ ကိုဂျင်မီဟောသော တရား ဒေသနာက (ဖိလိပ်္ပိ ၄း၄-၇) ဖြစ်ပြီး လူတိုင်း ခွန်အားရ ကြပါသည်။ ကိုဂျင်မီကို ဘုရားသခင် အသုံးပြုပါ သည်။
ညနေ အိမ်တတ်မှာ တော့ ကျွန်တော်တရားဟော ရသည် အိမ်တက်ပြီးသွား သည်။ အိမ်ရှင်မှကျွေးမွေး သော သာကူကို သောက်ရင်းမှ ကိုဂျင်မီတယောက် လက်မှ နာရီကို ငုံ့ကြည့်ရင်း
““အင်း ညနေ ငါး နာရီထိုးတော့မယ် ခတ်္တာ တို့တောင် မလာကြသေးဘူး၊ အင်း မိုးဖွဲတွေတောင် ကျနေ ပြီ၊ ကျွန်တော်ခတ်္တာတို့ကို သွားကြိုလိုက်ဦးမယ် ဆရာအောင်””
““ကျွန်တော်လည်း စိတ်ပူတယ် လိုက်ခဲ့ဦးမှာ””
နှစ်ဦးသား အိမ်ပေါ် က ဆင်းခဲ့သည်။
အပြင်ရောက်တော့ လေတစ်ချက် ပြင်းပြင်းတိုက် လာသည်။ မိုးဖွဲ့ဖွဲ့လေးတွေ ကျလာသည်။
““ခတ်္တာကလည်း နောက်ကျလိုက်တာ””
ကိုဂျင်မီက စိတ်ပူ သဖြင့် ခက်သုတ်သုတ်လှမ်း နေသည်။
““စိတ်မပူပါနဲ့ ကိုဂျင်မီ သူတို့လာနေမှာပါ””။
ချောင်းကမ်းပါး ရောက်တော့ မိုးက တော်တော် လေးရွာနေသည်။ ချောင်းမ ကျယ်ကြီးမှ လှိုင်းလုံးတွေ ဆူပွက်နေသည်။ ကျွန်တော်၊ တော်တော်လေး စိတ်ပူသွား သည်။
လေက တဟူးဟူး တိုက်နေသည်။ ရေပြင်က တရုံးရုံး၊ ခတ်္တာနှင့် ကလေး တသိုက် ချောင်ကို ဖြတ်ကူးနေ သည်။ မိုးစက်ကလေးတွေ ပိုဖွဲလာသည်။
““သတိထားဟေ့ ခတ်္တာ””
““ညီမလေးရေ သတိ ထား””
လှိုင်းကြား၊ လေ ကြားမှ ကျွန်တော်တို့ နှစ်ဦး၏ အသံက ဟိန်းညံသွားသည်။ ဘာမျှမဖြစ်ပါစေနှင့်။ ထိုစဉ် လှိုင်းတွေ၊ လေတွေ ပိုပြင်းထန် လာသည်။ လေပြင်းကဟူး ကနည်း တစ်ချက်မွှေ့သွား သည်။ လှေကလေးစောင်းသွား သည်။ ကလေးတစ်ဦး ပြုတ် ကျသွားသည်။ ခတ်္တာ ချောင်း ထဲခုန်ဆင်းသွားသည်။ ဟိုက် ပြဿနာပဲ။ကျွန်တော် အတော် စိုးရိမ်သွားမိသည်။ လှိုင်းကြား မှာ ကိုဂျင်မီ ခုန်ချသွားသည်။ ခတ်္တာဆီ ကိုဂျင်မီအော်ရင်း ကူးခက်သွားသည်။
““ခေတ်္တာရေ ကိုဂျင်မီ လာပြီ””
ကျွန်တော်လည်း ရေ ထဲခုန်ချရင်းမှ အောက်ဟစ် လိုက်၏။ ““ညီမလေးရေ အကို တို့လာပြီဟေ့”” လှိုင်းနှင့်လေတို့ ကြားမှ အသည်းအသန် ကျွန်တော်တို့ ကူးခတ်နေသည်။ ခတ်္တာသည် ကလေးငယ်ကိုအမိ အရ ဆွဲယူပြီး လှေအနားကို ကူးခတ်လာခဲ့သည်။ပြီးတော့ သူမကလှေပေါ်သို့ ကလေးကို တွန်းတင်ပေး၏။ ကလေးများ က အပေါ်မှဆွဲယူကြ၏။ကျွန်တော်တို့လည်း လှေအနား ရောက်သွားပြီ။ ထိုစဉ် လှိုင်း တစ်လုံးက ရုန်းကနည်း အဆောင့်မှာခတ်္တာ လှေအနားမှ လွှင့်သွား၏။ အဟုန်နှင့် စီးဆင်း လာသော ရေအလျှင်အနောက် ခတ်္တာ မြောသွားသည်။ ကိုဂျင်မီ နဲ့ ကျွန်တော်က ခတ်္တာနောက် သို့ မြှော၍လိုက်သွား၏ကလေး ငယ်တို့၏ ငိုသံများဆူညံသွားပြီ
ညီမလေး .ညီမလေး ညီမလေး …
ခတ်္တာ … ခတ်္တာ … ခတ်္တာ …
ကိုဂျင်မီသည် ခတ်္တာ ကို လှမ်းဆွဲလိုက်သည်။ ထိုစဉ် လှိုင်းတစ်လုံး၊ လေပြင်းတစ်ချက် ကြောင့် ခတ်္တာနှင့် ကျွန်တော်တို့ လူချင်းကွဲသွားသည်။ ခတ်္တာ သည် ရေထဲမှာ ကျွန်တော်တို့ ထက် အကြာကြီးနေရပြီး၊ မိန်းကလေးတစ်ဦး ဖြစ်သော ကြောင့် တောင်မထားနိုင်တော့ ဘဲ ချောင်းမ၏ရေစီးတွင် အရှင် လတ်လတ်ကြီး ဒမြောပါသွား သည်။ မိုးသက်မုန်တိုင်းနဲ့ လေရိုင်းတွေကြားမှာ အသည်း တွေ ထပ်ကွဲရဦးတော့မှာလား ညီမလေးရယ်။
ကျွန်တော်နှင့် ကိုဂျင်မီသည် အရှိန်အဟုန် ပြင်းပြင်းနှင့် စီးဆင်းနေသော ချောင်းမကြီးထဲ မိုက်တိမိုက် ကန်းနှင့် ခတ်္တာအတွက်အသက် ပေးဖို့ ရေအစုန်မှာ တရှိန်တိုး လိုက်ပါခဲ့ပါပြီ။
ရေထဲမှာ သစ်လုံး တွေ မြောလာသည်။ မြွေတွေ၊ ဒိုက်တွေ၊ နွယ်တွေ၊ ရေစီးရိုင်း ရိုင်းတွေ မိုးသက်မုန်တိုင်းတွေ လေရိုင်းတွေ ခေတ်္တာကို အစ အနပင် မတွေ့ရတော့။
ကိုဂျင်မီမှာ ယောက် ကျားတန်မဲ့ ချောင်းမကြီးထဲမှာ တဟီးဟီး ငိုချလိုက်ပါတော့ သည်။ ငိုရင်းမှ ဆို့ဆို့နင့်နင့် ကြီးပြောလိုက်ပါ၏။
““သွားပါပြီ၊ ကျွန်တော် ရင်ထဲက အသဲကြီး ဟက်တက် ကြီး ကွဲသွားပါပြီ။ ခတ်္တာရေ မင်းဘယ်မှာလဲ ခတ်္တာ””
မိုးသက်မုန်တိုင်း၊ လေရိုင်း၊ ရေရိုင်းကြားမှ စပယ် တစ်ပွင့် လွှင့်ကြွေရပြီတဲ့လား ကွယ်။
ညီမလေးရေ ဝေးရပြီ တဲ့လား။
ညီမလေးရေ ဆွေးရ ပြီတဲ့လား။
ညီမလေးရေ
ညီမလေးရေ
ခုတော့ ကမ်္ဘာကုန် ကျယ်သရွေ့ ဝေးရဆွေးရပြီပေါ့။
ပြီးဆုံးသွားပါပြီ။ ကြေကွဲစရာ ဇာတ်သိမ်းလေ လားရယ်လို့။ ခတ်္တာ၏အလောင်း ကို နောက်တစ်နေ့မနက် ချောင်း အောက်ဖက်မှာ ပြန်ရပါသည်။ ချစ်ညီမလေးရယ်။ ခရစ်တော်၌ အိပ်ပျော်သွားပြီ ဖြစ်သော ခတ်္တာ။
သူမကို သူမချစ်သော ကလေးငယ်များနှင့်၊ အသင်းတော် က စပယ်ပန်းတွေ ဝေနေအောင် ဆင်ယင်ထုံးဖွဲ့ထားသည်။ စပယ် ပန်းတွေနဲ့ ဝေနေတဲ့ ခတ်္တာပါ လား။ နုနယ်သော ခတ်္တာ၏ မျက်နှာနုနုလေးက တကယ် အိပ်နေတာပါ။ဟုတ်ပါ၏။သူမ အိပ်ပျော်နေတာပါ။ အေးစက် နေသော ညီမငယ်ခတ်္တာ၏ လက်နုနုလေးကို အမှတ်တရ ကိုင်၍ ကျွန်တော် နှုတ်ဆက် လိုက်ပါသည်။ ရင်မှာ ဆိုနင့် ကြေကွဲနေသည်။
““ညီမလေး … သွားနှင့်တော့နော် ကောင်းကင် ဘုံမှာ ပြန်ဆုံကြမှာပါနော် … ညီမလေး””
ကျွန်တော်အသံ တွေက ကြေကွဲအက်ရှနေသည်။ ကိုဂျင်မီကတော့ ဘာမှမပြော တော့ ငုတ်တုတ်ကြီးထိုင်၍ ခတ်္တာ၏ အလောင်းကိုသာ အရူးကြီးသဖွယ် ငေးမောကြည့် နေသည်။ ကိုဂျင်မီတစ်ယောက် အရမ်းခံစားနေရသည်။ ကိုဂျင်မီ သည် ခတ်္တာကို အလွန်ချစ် သောသူ တစ်ဦးရယ်ပါ။ သူ၏ မျက်စိအောက်က လုံးဝအပျောက် မခံချင်သော ခတ်္တာတစ်ယောက် ခုတော့ … ခုတော့။
နက်ဖြန်ဆို ညီမလေး ၏ ဈာပနကို မြေသို့ပြန်လည် အပ်နှံရပေတော့မည်။
မြို့ကို အကြောင်း ကြားချက်အရ ဆရာတော် စောဟင်နရီမှ နှင်းလှူခဲ့သော ွှသတည ဗခန အပြာလေးနှင့် အလောတစ်ကော ရောက်လာ တော့သည်။ ဆရာလည်း အတော် စိတ် မကောင်း ဖြစ်နေသည်။
ကိုဂျင်မီ ကားထဲက ခတ်္တာ၏အနားမှ မခွာတော့ ကျောက်ရုပ်ကြီးလို ငုတ်တုတ်။ နှစ်သိမ့်သူများကို ဘာမျှပြန် မပြောတော့။ ကျွန်တော် သူ၏ ပုခုံးကို သွားဖက်လိုက်သည်။ ကျွန်တော့်ကို သူမော့၍ ကြည့် သည်။ သူမျက်ဝန်းမှာ မျက်ရည်တွေ အပြည့်ပြီးတော့ ထိခိုက်စွာ ဆိုသည်။
““ခတ်္တာတော့ တာဝန် ကျေသွားပြီ။ ဒါပေမဲ့ ကျွန်တော် မခံစားနိုင်တော့ဘူး …””
ယောက်ကျားကြီး တစ်ယောက်ဖြစ်သော ကိုဂျင်မီ ၏ နှလုံးသားမှ မျက်ရည်များ က တစ်ပေါက်ပြီးတစ်ပေါက် ကျလာသည်။ ဦးလေးစောက တော့မူ ဘုရား၌ ငြိမ်သက်ခြင်း ရနေပါသည်။
““ကျွန်တော်သမီး လေး သူ့အလုပ်ပြီးသွားလို့၊ သူ့ တာဝန်ကျေလို့ သူ့အဘက ပြန်ခေါ်သွားပြီလေ။””
သို့သော် ဦးလေးစော ၏အသံသည် ငိုသံပါနေသည်။ အမိုးက ဦးလေးစောထက် ပိုခံစား နေရသည်။ လာသောသူတိုင်း ကို ပြုံးပြသည်။ သို့သော်လည်း သူ့အပြုံးမှာလည်း မျက်ရည်မိုး တွေ ဖွေးနေလို့ပါလား။
ထိုညကမိုးဖွဲ့ဖွဲ့လေး ကြားမှ လမင်းက သာလို့ပါလား။ ခတ်္တာကို ဘုရားကျောင်းထဲရှိ တရားပလ်္လင်ရှေ့မှာ နေရာ ချထားပေးသည်။ အနားယူပါ ညီမငယ်။ လူများစွာ ရွာများစွာ တသည်းသည်းနဲ့ မစဲပဲ လာရောက် မေတ်္တာပြကြသည်။ကလေးငယ် တို့က ထိခိုက်ငိုကြွေးကြ၏။ ညဉ်နက်လာတော့ လူစဲသွားပြီး၊ ခတ်္တာ၏ ခေါင်းရင်းဘက်တွင် ကျောက်ရုပ်ကြီးလို မတုန့်မလှုပ် ထိုင်နေသူက မျက်ရည်ကျနေ သူကား ကိုဂျင်မီ၊ ကိုဂျင်မီရယ် မျက်ရည်တွေ ဘယ်တော့မှ တိတ်တော့မှာလည်းကွယ်။ ငိုပါ ကိုဂျင်မီ။ ကျွန်တော် ခတ်္တာ၏ အနားသို့တိုးကပ်သွားသည်။ စပယ်ကုံးတွေ ဖုံးနေသည့်ကြား မှ သူမ၏ နူးညံ့အေးစက်သော လက်ကလေးကို နောက်ဆုံး နှုတ်ဆက်ခြင်းဖြင့် တယုတယ ကိုင်ရင်း။
““ညီမလေးရယ် နှုတ် ဆက်ပါတယ်””
ကြေကွဲစွာ ကျွန်တော် ရွတ်နေသည်။ နောက်မှခြေသံ တစ်ဖွဖွ၊ ဆရာတော်ဂျင်မီ၊ ဆရာတော်ဂျင်မီက ကျွန်တော့် ပခုံးကို ညင်သာစွာ လာဖက် လိုက်ပြီး
““သိပ်… ခံစားနေ ရလားအောင် ပြန်ဆုံကြမှာပါ။ သိပ် အခံ ရခက်နေလား၊ ဒါဆို ကိုဂျင်မီလို ငိုချလိုက်ပါကွာ ရင်ထဲမှာ ပေါ့သွားတာပေါ့ ငါ့ညီရာ …””
ကျွန်တော်က ဆရာတော်ကို လှည့်မကြည့်ဖြစ် ပါ။ ခတ်္တာ၏ လက်ကလေးကို တယုတယ ဖျစ်ညှစ်လိုက်ရင်းမှ ဆရာတော်ကို စကားပြောမိပါ သည်။
““မငိုတော့ပါဘူး အကို၊ ကျွန်တော်မှာ ငိုဆရာ မျက်ရည်တွေ မရှိတော့ပါဘူး၊ ကျွန်တော့်အချစ်ဆုံး မိန်းကလေး သုံးဦးနဲ့ ခွဲခွာခဲ့ရပါပြီ။ ငိုရမယ် ဆိုရင် ငိုဖို့မျက်ရည်တွေ မလောက်တော့ပါဘူး။
မြောက်လေနိုးပါ။ တောင်လေလာခံပါ။ ငါ့ဥယျာဉ် အပေါ်သို့ လာကြပါ။ မွှေးကြိုင် သော အနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော် သို့ဝင်၍ ချိုသောအသီးကို စားတော်မူပါစေ။
(ရှောလမုန်၊ ၄း၁၆)
အခုတော့ ပို၍ အထီး ကျန်ဆန်ခဲ့ရပြန်ပြီ။
ကိုဂျင်မီတစ်ယောက် စိတ်ထိခိုက်လွန်း၍ထင်၊ ဘယ်သူ ကိုမှ စကားမပြောတော့၊ ဘုရား ကျောင်းမတတ်တော့ ဆုမ တောင်းတော့ သူ၏အခန်း တွင်းမှသာ ပိတ်လှောင်နေခဲ့ပြီ။
ဦးလေးစောနှင့် အမိုး ကတော့ ရင်ကျက်လွန်းလှ သည်။ ““လွမ်းဆွေးတော့ လွမ်း ဆွေးရတာပေါ့။ သမီးလေးတစ် ယောက်တည်းရှိတာ ဒါပေမဲ့ သူ့ကိုပိုင်တဲ့ သူ့အဘက ပြန် ခေါ်သွားတာ ကျုပ်တို့ဘာ တတ်နိုင်မှာတုန်း အဘရဲ့ အလိုတော်ဝန်ခံပြီး ဘုရား အတွက် ဆက်လက်အစေခံ ကြတာပေါ့ နော်။ တစ်နေ့ ကျုပ်တို့လည်း သည်လမ်း သွားကြရမှာပါ။ အင်းဟုတ်ပါတယ်။ ညီမလေး ခတ်္တာ၊ညီမလေးခု သေဆုံးသွား ရသလို အကိုနဲ့တကွ လူသား အားလုံး တစ်နေ့နေ့မှာ သေဆုံး ကြရမှာပါကွယ်။ ဘုရားသခင် ဟာ လူသားတွေကို ဖန်ဆင်းတုံး က သေခြင်းတရား မရှိပါဘူး ညီမ။ ဒါပေမယ့် အာဒံ၊ ဧဝက ဘုရားသခင် တားမြစ်တဲ့ ကောင်း မကောင်းသိကျွမ်းရာ အသီးကို စားတယ်။ ဘုရားစကား နားမ ထောင်ပဲ အသီးစားတဲ့အတွက် အပြစ်တရားဝင်လာတယ်။ အပြစ်တရားရဲ့ ပေးဆပ်ရမဲ့ အစကတော့ သေခြင်းတရား ပါပဲ။ ညီမလေးခတ်္တာရယ်။ လူသားတိုင်းလည်း အာဒံ၊ဧ၀ က ဆင်းသက်လာတာမို့ မွေးစ ကပင် အဖြစ်ပါလာပါတယ်။ ဒီ ဗီဇအပြစ်ကြောင့် လူဟာ ကောင်းတာမလုပ်နိုင် ကြပါဘူး။ ဘာကြောင့်ဆိုတော့ လူအထဲ မှာရှိတဲ့ ဗီဇအပြစ်ကြောင့်ပါ။ ဗီဇအပြစ်ကြောင့် ကောင်းတာမလုပ်နိုင်လို့ လူဟာ သေတဲ့အခါ ဝိညာဉ်ဟာ ငရဲသို့ လားရပါတယ်။ မေတ်္တာရှင် ဘုရားသခင်ဟာ သူဖန်ဆင်း ထားတဲ့လူကို ငရဲမလားစေရန် ပညတ်တော်များကို ပေးခဲ့ပါ တယ်။ ကောင်းတဲ့အရာတွေ လုပ်ငန်းပြဌာန်းပြီး ကျင့်ကြံ စေပါတယ်။ ကုသိုလ်တွေ လုပ်စေကြပါတယ်။ ဒါပေမဲ့ လူအထဲမှာရှိတဲ့ ဗီဇအပြစ် ကြောင့် ပညတ်တော်များကို မကျင့်နိုင်ခဲ့ဘူး။ ကောင်းတာ တွေကို ပြဌာန်းချက်တွေရဲ့ စံချိန်မီ မလုပ်နိုင်ခဲ့လို့ သေတဲ့ အခါ၊ လူရဲ့ဝိညာဉ်က ငရဲက မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဘုရားသခင်က အပြစ်မရှိတဲ့ သားတော်ယေရှု ဘုရားကို လောကကို စေလွှတ်ခဲ့ ပြီး လူဇာတိခံယူစေတယ်။ အကိုတို့ တစ်တွေရဲ့အပြစ်အတွက် သခင်ယေရှုဟာ ကားတိုင်ပေါ် မှာ သွေးနဲ့ပေးဆပ် အသေခံခဲ့တယ်။ သခင်ယေရှု ဟာ အသေခံပြီး သုံးရက်မြောက် သောနေ့မှာ ရှင်ပြန် ထမြောက်ခဲ့ တယ်။ မည်သူမဆို မိမိရဲ့ အပြစ်တွေအတွက် နောင်တရ ပြီး၊ သခင်ယေရှုဟာ ငါရဲ့ အပြစ်တွေအတွက်၊ ကျမ်းစာ လာသည့်အတိုင်း အသေခံပြီး သခင်ယေရှုသည် ကျမ်းစာလာ သည်အတိုင်း ရှင်ပြန်ထမြောက် ခဲ့တာကို မိမိစိတ်နှလုံးနဲ့ ယုံကြည်လိုက်ရင် အပြစ်ရှိ
သူဟာ ဖြောင့်မတ်ရာကို ရောက်ပြီး၊ သူ့နှုတ်မှ သခင် ယေရှုဘုရားကို ဘုရားအဖြစ် ဝန်ခံကိုးကွယ်ပါတယ်လို့ ကိုးကွယ်လက်ခံလိုက်ရင် သူဟာ ထာဝရအသက်ကို စိတ်ချလက် ချ ရသွားပါပြီ။
ညီမလေးခတ်္တာရေ ညီမလေးကတော့ သခင်ယေရှု ကို စိတ်နှလုံးနဲ့ ယုံပြီးနှုတ်ဖြင့် ဝန်ခံကိုးကွယ်ခဲ့တာမို့ ခုလောက် ဆို၊ ညီမလေးဟာ ကောင်းကင် ရွှေပြည်နန်းမှာ သခင်ယေရှုနှင့် အတူ ခံစားစံစားနေရပြီဆိုတာ၊ အကိုယုံကြည် စိတ်ချပါတယ်။
မြို့တံခါးတို့ကို နေ့ အချိန်၌ အလျှင်းမပိတ်တတ်၊ ညဉ့်မူကားမရှိ။ လူအမျိုးမျိုး တို့သည် မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့် မည်။ ညစ်ညူးသောအရာ၊ စက်အုပ်ဖွယ်သောအရာ၊ သစ်္စာ ပျက်သောအရာ တစ်စုံတစ်ခုမျှ မဝင်ရဘဲ၊သိုးသငယ်၏ အသက် စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။
(ဗျာဒိတ်၊ ၂၁း၂၅-၂၇)
++++++++++++++++++++++++++
တစ်ဆောင်းသစ်ခဲ့ ပြန်ပြီလေ …။
ဟိုး၊ မိုးကောင်းကင် မှာ လဝန်းကြီးထွန်းသစ်လာပြီ၊ ရွှေဝါရောင် နုသိင်္ခါရအလင်း တို့က မြေပေါ်သို့ သက်ဆင်း လာကြပေဦးတော့မယ်။ ပြီးတော့ငွေရောင်နှင်းပွင့်လေး တွေလည်း မကြာခင် ဝေဖြာ လာကြဦးမှာပါ။ …နှင်းရယ်။ လရိပ်တွေမချွေမီ စောစော လေး ကြွေလိုက်ပါဦးနော်လို့၊ ကျွန်တော်ရင်မှာ တမ်းတမ်းတ တ ဖြစ်နေပါသည်။
လူတိုင်း၊ လူတိုင်းရဲ့ ဘဝတွေမှာ အရှုံးအနိုင်ဆိုတာ ရှိကြမြဲပါ။ ကျွန်တော့ဘဝမှာ ကော ဘာတွေရှုံးလို့ ဘာတွေ ကို နိုင်ခဲ့ပါသလဲ။
အရှုံးအမြတ်နဲ့ ဘ၀ ကို တွက်စစ်ကြစတမ်းဆိုလျှင်
နှင်း၊ ခတ်္တာနှင့် ဘယ် ပန်းချီရေး၍မမှီသော ဘုရား ကျောင်းတို့အတွက်ပါ အရှုံး အမြတ် တွက်ကြည့်ဖို့ရော၊ သည်အရာကိုတော့ မစဉ်းစားရဲ ပါ။ မတွက်ရဲပါ။ အချစ်ဆိုသည် မှာ အရှုံးအမြတ်တွက်ဖို့ မဟုတ် ခဲ့ပါလေ။
နှင်းတို့ ညီအစ်မ ခတ်္တာနှင့် ဘယ်ပန်းချီရေး၍ မမှီတဲ့ ဘုရားကျောင်းတို့ဟာ ကျွန်တော်နှလုံးသွေးနဲ့ ရေး ချယ်ထားတဲ့ သက်ဝင်ပန်းချီ ကားချပ်တွေပါ။
အချစ်တို့ဖြင့် ဘဝကို တည်ဆောက်ချိန်
နှင်းမှုံမှုံက အားမာန် ပြည့်စေခဲ့
စပယ်ရနံ့တို့က ခွန်အား ဖြစ်စေခဲ့
ရွှေလရောင်က အကြင်နာ ဖြစ်စေခဲ့
ဟော၊ လောကကြီး တစ်ခုလုံး နှင်းတွေကြွေလို့
လရိပ်တွေ ချွေဦးလေ တော့မည်၊ ချွေဦးတော့မည်။
မကြာမီ … မကြာမီပေါ့
ဝန်းကျင်တစ်ခုလုံး နှင်းမှုံစက်ကလေးတွေက ဖွေ့ဖွေ့ကြွေလာပြီလေ။ အေးမြ သော နှင်းပျင်းတို့၏ အတွေ့ အထိတို့က ကျွန်တော့်ကို အတွေးကမ်္ဘာထဲက လှုပ်နှိုး လိုက်သည်။ ဘယ်ပန်းချီရေး၍ မမှီသော ဘုရားကျောင်း။ ထိုဘုရားကျောင်းကို လရောင် သစ်စတွင် တင့်တယ်စွာ တွေ့ နေရပေသည်။
ထိုစဉ် နားထဲမှာ မော်တော်ကားစက်သံ သဲ့သဲ့ကို ကြားရသည်။ သည်ကားသံက တရင်းတနှီးရှိ လှန်းလှသည်။ မကြာမီ ကားအလင်းတန်း ကားတစ်စီး ွှသကည ဗခန အပြာ လေး ကျွန်တော်နှင့် ပေနှစ် ဆယ်အကွာတွင် တိုးလိုက်လာ သည်။ ကားတံခါးဖွင့်လာသည်။ ဘယ်သူဆင်းလာမလေလဲ။
ကားပေါ်မှ ဆရာတော် စောဟင်နရီ ငြိမ်သက်စွာ ဆင်းလာခဲ့သည်။ ဆရာတော် ဟင်နရီက ကျွန်တော်ထံ ဖြေး ဖြေးလျှောက်လာနေသည်။ ကျွန်တော့အနားရောက်တော့ လည်း ငြိမ်စွာနဲ့ လက်ကမ်းပေး သည်။ နှစ်ဦးသား လက်ဆွဲနှုတ် ဆက်ကြသည်။ ဆရာတော်က ““အောင် ဒီအချိန်မှာ မင်းဒီမှာ ရှိနေမယ်လို့ ငါကြို တွက်ပြီးသားလေ။””
ကျွန်တော်က နားမ လည်စွာနဲ့
““ဘာလို့လဲ အကိုရဲ့ ရှင်းစမ်းပါဦး””
ဆရာက မိုးပေါ်ကို မော့ကြည့်ပြီး
““ဆောင်းဝင်လာပြီ လေ၊ ပြီးတော့ ဒီညက လပြည့် ည၊ လရိပ်ရယ်၊ နှင်းရယ်က မင်းရဲ့ အသဲကမ်္ဘာကို စိုးမိုးထား ဆဲဆိုတော့ လရောင်နဲ့ နှင်း တွေဆုံမယ့် ညမှာ မင်းနှင်းကို သတိတရနဲ့ ဒီမှာ ရှိနေမယ်လို့ …။
ကျွန်တော်က ပျာပျာ သလဲပင် လက်ကာပြီး
““အကို နှင်းအကြောင်း မထည့်ပါနဲ့တော့ အကို၊ ကျွန်တော့် နှလုံးသားမှာ ဒဏ်ရာတွေက မကျက်သေးပါ ဘူး””
ဆရာက ခေါင်းခါပြ ရင်း။
““မင်းဘယ်လောက် ပဲတားတား၊ ငြင်းငြင်း ဒီည တော့ ငါပြောရတော့မယ်။ နှင်း နဲ့ ပတ်သက်ရင်၊ မင်းမှားနေ တာ၊ အေး ဒီတစ်ခါနောက်ဆုံး ပြောခြင်းပဲ၊ နားထောင်ပါ””
ဆရာဘာတွေ ဖြစ် လာပါသလဲ၊ ဆရာကတည်ငြိမ် စွာ ဆိုလာသည်။
““မင်း .. နှင်းတို့ အိမ် ရောက်သွားချိန်မှာ မင်းတွေ့ခဲ့ရတဲ့ အဖြစ်အပျက် ဟာ မင်းထင်သလို မဟုတ်ပါ ဘူး။ ဂျောချ်ရောက်လာပြီး နှင်း ကို လက်ထပ်ဖို့ လာပြောတယ်။ နှင်းက ချစ်သူရှိနေပြီ အောင်ပဲ လို့ပြောတယ်။ အဲဒီမှာ ဂျောချ် နဲ့ နှင်းတို့ စကားများတယ်။ ဂျော့ချ်က နှင်းကို အတင်းအ ကြပ် တောင်းဆိုတယ်။ သူနဲ့ပဲ လက်ထပ်ဖို့ ဒါနဲ့အပေါ်မှာ နှင်း နဲ့ဂျော့ချ် နှစ်ယောက်ထဲမို့ ပြဿနာဖြစ်မှာမို့ နှင်းက ဂျော့ချ်ကို အလိမ်္မာနဲ့ အောက် ကို ချော့ခေါ်လာတာ။ နှင်းတို့ က အပေါ်က ပြဿနာဖြစ်လာ ပြီးအဆင်း၊ မင်းနဲ့ ထိပ်တိုက် တိုးတာပဲ၊ မင်းက ထွက်ပြေး၊ နှင်းတို့ ဒရိုင်ဘာက ကားမောင်း ဝင်လာ အဲဒီမှာ ကားက မင်းကို ဝင်တိုက်တာ။ အမေရိကားကို ပြန်မသွားခင် သတိလစ်နေတဲ့ မင်းအနားမှာ နှင်း၊ ညတိုင်း လာ ငိုနေတာ ငါ့အမြင်ပဲ။ မင်းရဲ့ ဆေးကုသစားရိတ်က မနည်းပါ ဘူး။ ဒီငွေတွေကို နှင်းက တိတ်တဆိတ် ခတ်္တာလက်ထဲ သူပေးတာ မင်းမသိစေဖို့ အပ် ထားခဲ့တယ်။ အမေရိကကို လိုက်သွားတယ်ဆိုတာ၊သူလုပ်ငန်း ကိစ်္စပါ၊ မင်းကားတိုက်ခံရတဲ့ အခါ၊ဂျောချ်လည်း စိတ်မကောင်း ဖြစ်သွားတယ်။ ဂျော့ချ်က သူ့ကြောင့် ဖြစ်ရတယ်ဆိုပြီး သူ့ရဲ့ လက်ထပ်ခွင့် တောင်းဆို ချက်ကို၊ ငါ့ရှေ့မှာပဲ ပြန်လည် ရုတ်သိမ်းခဲ့တယ်။ တကယ်တမ်း မင်းကို မေတ်္တာစစ်နဲ့ အနစ်နာခံ ချစ်ရသူက နှင်းပါ။””
ဆရာ၏ စကားအဆုံး တွင် ကျွန်တော်အလွန်မှားသွား ကြောင်း သိရပြီး တုန်လှုပ်သွား ရင်းမှာ ““ကျွန်တော် အရမ်းမှား သွားတယ်၊ နှင်းရော ၊ခု အမေရိက မှာလား””
ဒီလိုလေ။ နှင်းရဲ့ အမ တုန်းက အသဲမှာ အနာပေါက် ပြီး ဆုံးခဲ့ရတာ၊ ခုမင်းရဲ့ နှင်းကလည်း အသံမှာ အနာပေါက်နေပြီ …””
““ဗျာ … ဆရာ၊ ဘယ်လို … နှင်းရဲ့ အသံမှာ အနာပေါက်နေပြီ၊ ဒါ … ဒါဆို သူ””
““သိပ်လည်း၊ မလော ပါနဲ့ နှင်းရဲ့ ခု .. အသံမှာ ပေါက်တဲ့အနာက ကုလို့ရ တယ် … မင်းကိုယ်တိုင် မေတ်္တာပြ ကုတော့ညီလေး””
““ဒါဖြင့် နှင်း … နှင်း ဆရာ …ဆရာ””
““မင်းနှင်းကို သိပ်တွေ့ ချင်လား ….””
““ဟုတ်…. ဟုတ်ကဲ့ … ဆရာ””
ဆရာတော်က ကား ဘက်သို့ လှည့်ကြည့်ပြီး ““နှင်း”” ရေဟု ခေါ်လိုက်သည်။ ပြီးတော့ ““အောင် ငါရွာသားတွေကို သွား အကြောင်းကြားဦးမယ်ဟေ့”” ဆိုပြီး ရွာဘက်ထွက်သွားသည်။
လရောင်နှင့် နှင်းမှုံတို့ အောက်မှာ ွှသတည ဗခန အပြာ လေး ကားတံခါး ပွင့်လာသည်။ ကားလေးက ငြိမ်သက်နေသည်။ ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် နေသည်။ ငွေလရောင်က ပိုသစ် လာသည်။ ကျွန်တော့နှလုံးသွေး တို့ ပွက်ပွက်ဆူနေသည်။
ငါချစ်ရာ သခင်ကို ငါဆိုင်ပေ၏။ ငါ့ကိုလည်း သခင် ဆိုင်ပေ၏။ နှင်းတော၌ ကျက်စား တော်မူ၏။ မိုးမသောက်၊ မှောင်မိုက်အရိပ် မပြေးမှီ၊ ငါချစ်ရာသခင်၊ ဗေသာတောင် ပေါ်မှာ သမင်၊ ဒရယ် သငယ် က ဲ့သို့ပြုတော်မူပါ။
ရှောလမုန်၊ ၂း ၁၆-၁၇
နှင်းမှုံနှင့် လရောင်၊ ရွှေနှင်းနဲ့ ငွေလရောင်၊ ထွန်းလင်း လာချေပြီကော။ ကားပေါ်မှ ဖြူဖြူသဏ္ဍာန် လှလှပပလေး အိန္ဒြေရရဆင်းလာသည်။
လရောင်အောက်မှာ ချစ်သူကို ထင်ထင်ရှားရှား နီးနီးကပ်ကပ် တွေ့နေရသည်။ ချစ်သူက ပိုလှလာသည်။
နှင်းသည် ကျွန်တော့ ထံသု့ိ တစ်ရွေ့ရွေ့ တိုးလာ သည်။ ကျွန်တော်သည်လည်း နှင်းထံသို့ တရွေ့ရွေ့ တိုးသွား သည်။
ကျွန်တော်တို့ ချစ်သူ နှစ်ဦးသည် အိပ်မက်ထဲမှာ ကဲ့သို့ သတိလစ်လျက်၊ တစ်ဦး နှင့်တစ်ဦး ဆုံတွေ့ရန် ခြေလှမ်း တို့ကို ခက်ခဲစွာ ရွေ့လျားနေ ကြသည်။
ဆုံမိပါပြီ၊ ဆုံတွေ့ ကြပါပြီ။
ကမ်္ဘာပေါ်မှာ အလှ ဆုံးအလှမယ်တစ်ဦး ကျွန်တော့ ရှေ့ရောက်လာပါပြီ။ နှင်း၏ နူးညံ့သော ထွက်သက် ဝင်သက် လေတို့ကိုပင် ကျွန်တော် အသိမ်မွေ့ဆုံး ခံစားထိတွေ့ နေရပါပြီ။
လရောင်အောက်မှာ ချစ်တဲ့နှင်းမှုံတို့ အောက်မှာ ပြန်လည်ဆုံးဆည်း ခွင့်တွေ့ရခဲ့ လေပြီ။
ရင်မှာ လှိုက်လဲှတမ်း တဆွေးမြေ့စွာဖြင့် ချစ်သူကို ခေါ်ရပါ၏။
““နှင်း””
သူမက ကျွန်တော်ကို ရီဝေေ၀ ကြည့်နေပါ၏။
နှင်း
သူမက ပြန်မထူး။
““နှင်း””
သူမ၏ မျက်ဝန်းမှာ မျက်ရည်တွေ ရစ်ဝဲနေသည်။
““နှင်း””
ရှိုက်သံသဲ့သဲ့လေး တီးတိုးညင်သာစွာနှင့် ပြီးတော့ ““အောင်”” တဲ့။
ချစ်သူ၏ အသိ အမှတ် ပြုခြင်းကို ခံလိုက်ရပြီ။ ပြီးတော့ နူးညံ့ဖြူလှ၍ အကြင်နာတို့ဖြင့် အတိပြီးသော သူမ၏ ရွှေလက် အစုံကို ကျွန်တော့လက်ထဲစိတ်ချ လက်ချ တိုးအပ်လိုက်သည်။ သူမထံမှ ““လွမ်းလိုက်ရတာ အောင်…ရယ်”” ““သိပ်ချစ် တာပဲ”” ငါချစ်ရာသခင်၏ စကားသံပေ။ကြည့်ပါ။တောင်ကြီး တောင်ငယ် တို့ကို ခုန်ကျော်လျှက် ကြွလာ၏။ (ရှောလမုန် ၂း၈)
အဘဘုရားသခင် သည် အချစ်ကြီး ချစ်တတ်ကြ သော အောင်နှင့် နှင်းတို့အပေါ် သို့ လရိပ်နှင့် နှင်းမှုံတို့ကို မေတ်္တာတော်ဖြင့် စောစော ကြွေစေခဲ့ပြီကော။
ဆူဆူညံညံ အသံ များကြားရသည်။
ကျွန်တော်တို့ကို လာကြိုကြသော ရွာသွားများ နှင့် ဆရာတော် စောဟင်နရီ တို့၏ အသံများဖြစ်သည်။
““ဟေ့ နှင်း ရွာက လိုက်လာပြီ။ သွားကြစို့လာ””
ကျွန်တော်သည် ချစ်သူနှင်း၏ လက်ကလေးကို ခွဲခွာသွားရမည်စိုးမိသည့်အလား၊ မလွတ်တမ်း ဆုပ်ကိုင်လျက် ရွာဘက်သို့ ကျွန်တော်တို့ ချစ်သူနှစ်ဦး ထွက်ခွာလာခဲ့ပြီ။
လရောင်၊ နှင်းမှုံနှင့် ဘယ်ပန်းချီရေး၍ မမှီသော ဘုရားကျောင်းရှေ့တွင် အားလုံး ဆုံစည်းလိုက်ကြပါပြီလေ။
ဝမ်းမြောက်စွာဆုံတွေ့ ရသည့် တွေ့ဆုံခြင်းပါပေ။
တပျော်တပါး၊ နှင်းကို ဝမ်းသာအားရ နှုတ်ဆက်ကြ ပါသည်။
မုဒိတာပွားစရာ မြင်ကွင်းလေးတစ်ခုပင်၊ နှင်းက ပြုံး၍ ပြောသည်။
““အောင် … နှင်းရဲ့ ဘဝမှာ သည်ညက အပျော်ဆုံး ညတစ်ညပါပဲ””
““ဟုတ်တယ် နှင်း၊ နှင်းဟာ ကိုယ်တို့တစ်တွေကို ပို စည်းရုံးညီညွတ်ဖို့ ဘုရားသခင် စေလွတ်တော်မူလိုက်တဲ့ ခရစ်တော်ရဲ့ သံတမန်တစ်ဦး ပါ။ ဟိုလေ ဆရာ ““နောင်”” ရဲ့ ကဗျာလေး ပြန်ရွတ်ပြမယ်နော် … နှင်းကို မြင်၍ သဇင်ပွင့်ဦး၊ သူကြည်နူးစဉ်၊ ရယ်မြူးရွှင်ပျ၊ နှမနှင့်မောင် ညီနောင်သားချင်း၊ လက်တွဲ ရင်းနှင့် ချစ်ခြင်း ခင်ခြင်း၊ ယုံကြည်ခြင်းများ ဆပွားသစ် သစ်၊ ခိုင်မြဲနှစ်မွှာ ကာလကြာ လေ၊ စည်းရုံးလေတည်း””။
လှပသော ကဗျာ၊ လှပသော ဆောင်း၊ လှပသော လရိပ်တွေ အားလုံး ကဗျာဆန် နေကြသည်။
““ကဗျာလေးက သိတ်လှတာပဲ နော်””
နှင်း၏ ချစ်ရည်ရွှန်း လဲ မျက်ဝန်းများ တောက်ပစို ပြေလာသည်။ နှင်းက ကဗျာ၊ ဂီတကို ချစ်မြတ်နိုးသူတစ်ဦး။
““ကဗျာနဲ့အပြိုင်လှချင် တိုင်း လှနေတာက နှင်းပါ””
ချစ်သူနှင်းထံမှ ရယ်သံလွင့်လွင့်လေး ကြားရ သည်။ လရောင်နဲ့နှင်းမှုံတွေ ကြားမှာ ချစ်သူနှစ်ဦးတု့ိသည် ထပ်မံ၍ မခွဲခွာနိုင်တော့ပြီမို့ လက်ချင်းခိုင်ခိုင်မြဲ၍ ချိတ်ထား မိပါ၏။
နှင်းထံမှ ကိုယ်သင်း နံ့သာနှင့် ရှယ်လ်နယ်ဖိုက် ရေမွှေးရနံ့တို့က မွှေးပျံနေ သည်။
““ခတ်္တာ အကြောင်း သိပြီးပြီနော်””
ကျွန်တော်နှုတ်မှ လွတ်ကနည်းထွက်သွားသည်။ ကျွန်တော့်အသံက ဆွေးမြေ့ မြေ့။ နှင်းမျက်နှာပျက်သွား သည်။ အသံတုန်တုန်လေးနှင့်
““ဆရာဟင်နရီ ဆီက ကြားရတယ်။ အရမ်းစိတ်ထိခိုက် ရပါတယ်။ ညီမလေးခတ်္တာကို လည်း လွမ်းတယ်။ ဒါထက် ကိုဂျင်မီအရမ်းခံစားရမှာပဲ၊ ကိုဂျင်မီခု ဘယ်လိုနေလဲ””
ကျွန်တော်က သက်ပြင်း ကို သဲ့သဲ့ချရင်းမှ
““သူ့အခန်းတံခါးကို လုံးဝပိတ်ထားတယ်၊ ဘယ်သူနဲ့ မှ စကားမပြောတော့ဘူး၊ သူ၊ အရမ်းကြေကွဲနေတယ်””
““ကိုဂျင်မီက အရမ်း ချစ်တတ်တာနော်၊ အဲလို သိပ် ချစ်တတ်တဲ့ လူတွေကိုဆို နှင်း က သိပ်လေးစားတာ””
““ဒါဖြင့် အောင်ကို နှင်းပိုလေးစားပါ။ နှင်းကိုလည်း အောင်သိပ်ချစ်တာပါ။
နှင်းထံမှ ရယ်သံ တိုးတိုးလေး ဟော။ ရောက်ပြီ သတင်းကြားသောကြောင့်။ မီးစက်ထွန်းထားသည်။ ဖထီး ဦးလေးစောနှင့် အမိုးတို့က ဝမ်းသာအယ်လဲကြိုဆိုကြသည်။ အမိုးက နှင်းကိုဖက်၍ နမ်း သည်။
““သမီးလေး နှင်း ပြန်လာပြီနော်””
““ပြန်လာပါပြီးအမိုး၊ အမိုးတို့ ဖထီးတို့ နေကောင်း တယ်နော်””
အားလုံးဆုံတွေ့ ကြပါပြီ။ အသင်းတော်မှ လူကြီး များလည်း ရောက်လာကြသည်။ တစ်ယောက်တစ်ပေါက် စကား ပြောရင်း ပျော်နေကြသည်။
““ကဲ ကျေးဇူးတော် ချီးမွမ်းရအောင် ဝိုင်းချဲ့ထိုင်ကြ ဟေ့””
ဖထီးစောရွှေနီ အသံ ကြောင့် လူတွေ ဝိုင်းခဲျ့ထိုင်ကြ သည်။
““ကိုဂျင်မီက ဘယ်မှာ လဲဟင်”” နှင်းက တိုးတိုးမေးသည် ကျွန်တော်က ပိတ်ထားသော မျက်နှာချင်းဆိုင်မှ အခန်းကို လက်ညှိးညွှန်ပြသည်။ အပြင်မှာ လူတွေ ဆူညံနေ သလောက် ပိတ်ထားသော အခန်းကတော့ တုတ်တုတ်မျှမလှုပ်။ ““နှင်းလေ ကိုဂျင်မီကို တွေ့ချင်လိုက်တာ အောင်”” နောက်ထပ် အသင်း သူအသင်းသားများ ထပ်ရောက် လာသည်။ နှင်းကို လှုပ်လှုပ်သဲ သဲ နှုတ်ဆက်ကြသည်။ နှင်းကို ချစ်သော နော်ဧသတာလည်း ရောက်လာသည်။ နော်ဧသတာ ဝမ်းသာအားရ အော်၍ နှုတ်ဆက်သည်။
““နှင်း ပြန်လာပြီနော်၊ နှင်းပြန်လာပြီးနော် ခတ်္တာသာ ရှိရင် သိပ်ကောင်းမှာပဲ၊ ခုခတ်္တာ က မရှိတော့။ ခတ်္တာသာရှိရင်၊ နှင်းပြန်လာတာကို ပျော်နေမှာ”” ခတ်္တာဆိုသော နာမည်ကို အားလုံးက မခေါ် မိအောင် သတိထားနေကြစဉ်မှာ ပင် ရိုးသားဖြူစင်သော နော်ဧသတာက ခတ်္တာအမည် ကို လှုပ်နိုးလိုက်ပါ၏။ ဘာတဲ့ ခတ်္တာရှိရင် သိပ်ကောင်းမှာပဲ တဲ့။
ထိုစဉ် ဒုန်းကနည်း မြည်သံတစ်ခု ပေါ်ထွက်လာ သည်။ အလုံပိတ်ထားသော တခါးဖွင့်လာသည်။ ကိုဂျင်မီ၊ ကိုဂျင်မီ။ မျက်ရည်တွေ၊ တစ်တွေတွေ ကျဆင်းနေသော မျက်နှာနှင့် ကိုဂျင်မီ၊ တုန်ရီ လှိုက်လဲ ဆို့နင့်သောအသံဖြင့် ကိုဂျင်မီပြော၏။
““ခတ်္တာမရှိတော့ဘူး လို့ ဘယ်သူပြောလိုက်တာလဲ ခတ်္တာရှိတယ်။ ခတ်္တာ၊ ညီမလေး ခတ်္တာ ဟောဒီ ကျုပ်ရင်ထဲမှာ အသက်ရှင်နေတယ်။ ခုကျုပ် ရင်ထဲမှာ ခတ်္တာရှိတယ်။ ယေရှု ကပြောတယ် ငါ့ကို ယုံကြည် သောသူဟာ သေလွန်သော် လည်း အသက်ရှင်လိမ့်မယ်တဲ့၊ ခုကျုပ်ရင်ထဲမှာ ခတ်္တာရှိနေ တယ်။ ရင်ထဲက ခတ်္တာက ပြောတယ်။ နှင်းပြန်လာတာ သူသိပ်ပျော်နေပါတယ်တဲ့ …””
ကိုဂျင်မီပြောရင်း ရှိုက်ငိုပါသည်။ ကိုဂျင်မီ ငိုပြီ ဆိုတော့၊ အမိုးမျက်ရည်ကျပြီ၊ ဦးလေးစောက လက်ဖမိုးဖြင့် မျက်ရည်ကို မသိမသာသုတ်နေ သည်။ မျက်ရည်ခိုင်သော ဖထီး ဦးရွှေနီသည်ပင် မျက်ရည်လည် ရွှဲ အားလုံးငိုကြပြီ။ နှင်းက တိုးသက်သော ရှိုက်သံဖြင့် တိုးတိုးလေး ငိုနေသည်။ ကျွန်တော်ရင်ထဲမှာလည်း ငိုဖြစ်နေပါပြီ။ လွမ်းရလိုက်တာ ညီမလေး ခတ်္တာရယ် …
ကိုဂျင်မီက မျက်ရည် လည်ရွဲဖြင့် နှင်းနှင့်ကျွန်တော် ထံ လျှောက်လာသည်။ ကျွန်တော် နှင့်နှင်းက ကိုဂျင်မီကို ထ၍ ကြိုဆိုနှုတ်ဆက်ကြသည်။
မျက်ရည်ကြားမှ ကိုဂျင်မီ ကျွန်တော်တို့ကို ပြုံးပြသည်။ ကျွန်တော်၏ ညာဘက်နှင့် နှင်း၏ဘယ်ဘက် လက်တို့ကို သူဆွဲယူ ဆုပ်ကိုင် ရင်းမှ နှင်းဖက်သို့ လှည့်၍
““နှင်း ခင်ဗျားဟာ သူရဲကောင်းပါ။စည်းစိမ် ဥစ်္စာတွေကို စွန့်လွှတ်ပြီးတော့ ခင်ဗျားချစ်တဲ့ အောင်ဆီ အရောက်ပြန်လာခဲ့ပြီနော်၊ လေးစားပါတယ်။ နောက်ထပ် သူရဲကောင်းတစ်ယောက်က၊ ကျုပ်ရင်ထဲကလေ ခတ်္တာတဲ့၊ သူ့ရဲ့ ယေရှုအတွက် သူချစ်တဲ့ သူတွေအားလုံးကို စွန့်ပြီး ယေရှုဘုရားရဲ့ လုပ်ငန်းတော် အတွက် ငယ်ငယ်ရွယ်ရွယ် လှလှ ပပဘဝမှာပဲ အသက်ပေးသွား တယ်။ ခတ်္တာကို အရမ်းလေး စားပါတယ်။ ရှိုက်ငိုနေသော ကိုဂျင်မီအသံတို့မှာ တည်ငြိမ် လာပြန်သည်။
““ကျွန်တော် အဖြေ ရပါပြီ၊ မိန်းကလေးတွေတောင် မှ ဘဝတွေအသက်တွေ စတေး ပြီး ကိုယ်တော်အတွက် လုပ်နိုင် သေးရင်း၊ ကျုပ် … ကျုပ် …အခုချိန်ကစပြီး ဘုရား အမှုတော်မြတ်အတွက် ဘ၀ တစ်ခုလုံးကို သခင်ထံ ဆက်ကပ် အပ်နှံလိုက်ပါပြီ””
ပျော်ရွှင်ဝမ်းမြောက် ဖွယ် လက်ခုတ်သံများ အခန်း ကျဉ်းမှာ ဆူညံနေသည်။ ပြီး တော့ ကိုဂျင်မီက ကျွန်တော့် လက်နှင့် နှင်း၏ လက်တို့ကို ဆုပ်ကိုင် ပူးကပ်စေလိုက်သည်။
ချစ်သူနှင်း၏ နူးညံ့ နေသော လက်ကလေးနှင့် ကျွန်တော်၏ ပူနွေးသောလက် တို့ ဂဟေဆက်လျက် ပူးပေါင်း ယှက်နွယ်ကာ တသားတည်း ဖြစ်သွားချိန်၊ ကိုဂျင်မီ၏ အောင်မြင်ခန့်ညားသော အသံ
““ခုချိန်က စပြီး၊ နှင်းနဲ့အောင်တို့ကို ကျုပ်ဘုရား ရှေ့လူရှေ့မှာ တရားဝင်လက်ထပ် နိုင်ပါစေလို့ ယေရှုခရစ်နာမ၌ ဆုတောင်းလိုက်ပါတယ်။ လက်ခုတ်သံများ၊ လက်ခုတ်သံ များစွာ ချစ်သူနှင်း၏ မျက်ဝန်း ဆီမှ အကြင်နာရိပ်တို့သည် သိင်္ဂါရ ရွှေရောင်လွှမ်းလျက် ကျွန်တော့်မျက်လုံးများကို ညှှို့ယူဖမ်းစား နေလိုက်ပါပြီ။
လောကကြီးတစ်ခု လုံးမှာ အကြင်နာလရိပ်တွေ အချစ်နှင်းမှုံတွေနှင့်။ ကျွန်တော် ၏ ရင်ထဲမှာလည်း …လရိပ် တွေ နှင်းမှုံမှုံတွေနှင့် သာယာ ဝေစည်ခဲ့ပြီပေါ့။
အစဉ်လေးစားလျက်
ယေရှုဘုရားနာမတော်၌
မောင်နွယ်မြင့် (စာပေဗိမ္မာန်စာမူဆုရ)