ထိုစဉ် ကူဘိုတာအင်ဂျင် စက်နှင့် Fly Wheel သည် အင်ဂျင်မှ ရုတ်တရက် ပြုတ်ထွက်လာ၏။ ပြီး တော့ အရှိန်နှင့် လွင့်ပျံလာသော Fly Wheel ကြီးက ကိုဂျင်မီ၏ … ကိုယ် တခြမ်းကို ပွတ်တိုက်သွားသည်။ ကို ဂျင်မီလက်မှ ငှက်ကြီးတောင် ဓားသည် ကျွန်တော့ခြေရင်းသို့..““ ဒေါက်”” ကနည်းပြုတ်ကျလာသည်။ ကိုဂျင်မီ လည်း ကျွန်တော့ခြေရင်းမှာ ခွေခွေ လေးကျလာသည်။ ကျွန်တော် နှုတ်မှ လွှတ်ကနည်း ““ ကျေးဇူးတင်လိုက်တာ Fly Wheel ကြီးရယ် အဲ အဲ … ဘုရားသခင်ရယ် ”” ကျမ်းစာတပိုဒ်က ချက်ခြင်း ခေါင်းထဲဝင်လာသည်..
သူတို့ရထားအသွား ခက် စေခြင်းငှာ ရထားဘီးများကို ချို့တဲ့ စေတော်မူ၏ ….(ထွက် ၁၄း၂၅) ကျွန်တော် သည် ငှက်ကြီး တောင်ဓား ကို ကောက်ကိုင်လိုက်သည်။ ဓားကြီး သည် ကျွန်တော်လက်ထဲတွင် တလွင့် လွင့် ကိုဂျင်မီသည် လူးလဲထရင်း ကျွန် တော့ကို စိုးရိမ်တ ကြီး ကြည့်နေသည်။
““ ဟားဟား အလှည့်ကျရင် မနွဲ့စတမ်းပေါ့ဗျာ။ ကျုပ်လဲ.. ယောက်ကျား တစ်ယောက်ဗျ ကိုဂျင်မီ …. ဓားကောင်းကောင်း ခုတ် တတ်ပါတယ်။ ဒါပေမဲ့ သခင်ယေရှုက ပြောထားတယ်….ဘယ်ဖက်ပါး ရိုက်ရင်ညာဖက်ပါး ထပ်ပေးပါတဲ့။ ရော့ ပြန်ခုတ် ””ကျွန်တော်က ၎င်းရှေ့ စက် လှေကြမ်းပြင်ပေါ်သို့ ဓားကို ““ဒေါင်း”” ကနည်းမြည်အောင် ပစ်ချ ပေးလိုက် သည်။ ထိုစဉ်တွင် တဒီးဒီး နှင့် ကျယ်လောင်မြည်ဟီးသော စက် လှေသံကို ကြားရသည်။ စက်လှေများ ပေါ်မှ တဟေးဟေး အော်ဟစ်သံ များ။ လှမ်းကြည့်တော့၊ စက်လှေ နှစ်စီး လူအပြည့်၊ စက်လှေထိပ်တွင် သင်းထောက် ကြီး ဦးလေးစောနှင့် အသင်းသားများ။ နောက် တစ်စီးတွင် ကျေးရွာဥက်္ကဌ ဖထီးမန်းအောင် သောင်းနှင့် အဖွဲ့ဝင်များ စက်လှေနှစ် စီးက ကျွန်တော်တု့ိ စက်လှေအနီး ယှဉ်ကပ်လာ သည်။ ဦးလေးစော က ကျွန်တော့ စက်လှေထဲသို့ ခုန်ဝင်လာ ရင်း၊
““ဘာဖြစ်သွားလဲ ဆရာ အောင် ””
““ ကျေးဇူးတော်ကြောင့် အ သက်ဘေးကလွတ်သွားပါတယ်””
ဥက်္ကဌကြီးက ဂျင်မီဖက်လှည့်ကြည့်ပြီး ““ ကဲ … အဖွဲ့ဝင်တွေ ဂျင်မီတို့ကို ဖမ်း … ရုံးခေါ်ပြီးတော့ ရဲလက် အပ် …ဒါ လူသတ်မှုပဲ …
မင်းနဲ့ကွာ မိုက်ရိုင်းပါဘိ၊ အဝေး ကြီးကနေ ကိုယ်ရွာ ကိုယ့်အသင်း တော်မှာ လာအဖိုးအခပေးတဲ့ တရား ဟောဆရာကိုမှ လုပ် ရက်တယ် အားလုံးကလည်း တစ်ယောက်တပေါက် ဝိုင်း၍ဆူကြ၊ ပွက်ကြ နှင့်။ ဒီလိုနှင့် ရွာသို့ ပြန် ရောက်ခဲ့သည်။
ရပ်ကွက်ရုံးလေး အ တွင်း ညှိနှိုင်းတိုင် ပင်ရင်းမှ ဂျင်မီ တို့ကို ရဲစခန်းပို့ဖို့ ပြင်ဆင်ကြ သည်။
ဦးလေးစောက
““ဘုရားမလို့ ဆရာအောင် ရေ – ငါတို့လည်း မုန့်သွားဝယ်ပြီး ပြန် လာတာ၊ ငမဲ ညီ ငသဲ က ပြေးပြီး ဂျင်မီတို့ အကြံအစည်ကို လာပြောလို့။ ဖထီးမန်းအောင်သောင်းတု့ိကိုပြော ပြပြီး အချိန်မီလိုက်လာတာ””။ ခတ်္တာ၏ ကရုဏာ မျက်ဝန်းများသည် မျက် ရည်များဖြင့် စိုရွှဲနေသည်။ ခတ်္တာသည် ဂျင်မီရှေ့သို့ ခါးထောက်ရပ်ရင်း
““နင် လုပ်ရက်လိုက်တာ ဂျင်မီ ”” ဂျ့င်မီက ဘာမျှပြန်မပြော၊ အံကိုတင်းတင်းကြိတ်ထားသည်။
““
ကဲ.. ရဲစခန်းပို့ရအောင် ဟေ့.. ကြိုးတွေ ခိုင်ခိုင်တုတ်၊ ဆရာ အောင်ကော ဘာပြော ချင်သေးလဲ ””
ကျွန်တော်က ဗြုန်းကနည်း ထရပ်လိုက်သည်။ အားလုံးက ကျွန် တော့ကို ဝိုင်းကြည့်နေသည်။ ““ကျွန် တော် ဥက်္ကဌကြီးနှင့် တကွအားလုံးကို မေတ်္တာရပ်ခံပါတယ်။ ကျွန်တော်ပြော ချင်တာက””..
ဥက်္ကဌကြီး လက်ကာပြရင်း …
““ စိတ်ချ ဆရာအောင် – ဒီကောင် ထောင်ကောင်းကောင်း ကျစေရမယ်”” ဂျင်မီက အံကိုတင်းတင်း ကြိတ်ထား သည်။ ကျွန်တော်က တည်ငြိမ်စွာပြော လိုက်သည်။
““ကျွန်တော် ပြောချင်တာက … သူမသိလို့ လုပ်မိတာပါ … ကျွန်တော်ခွင့်လွတ်ပါတယ် … သူ့ ကို လွှတ်ပေးလိုက်ပါ … ကျွန်တော် ကျေနပ်ပါတယ် …။ ကျွန်တော့ကို ခွင့်ပြုပါ …””
ရုံးခန်းထဲမှ ကျွန်တော် ပြန်ထွက်လာခဲ့သည်။
ဘာပဲဖြစ်ဖြစ် – ဝမ်းတော့ အရမ်းဝမ်းနည်းသည်။ သခင်ယေရှု၏ မေတ်္တာအားဖြင့်လည်း ခွင့်လွတ်နိုင်ခဲ့ သည်ကို ကျေနပ်မိသည်။ သို့သော် အနည်းငယ်တော့ အားငယ်မိသလိုလို။ အထီးကျန်မိသလိုလို ….
ကျွန်တော်သည် ဘဝကန်္တာရ ရပ်ဝန်း ထဲမှ နေ၍ နှင်းမှုန်မှုန်တို့ကို တမ်းတ နေမိရင်းမှ ချစ်သောနှင်း …
သင်းမြနှင်းကို လွမ်းဆွတ်တမ်းတ နေမိသည်။ အချစ်သည် အင်အား တစ်ခုသာ ဆိုပါလျှင် …
သင်းမြနှင်းထံမှ – ကျွန်တော်အတွက် အင်အားတစ်ခုကို ကောက်ရိုးမျှင် တစ်ခုသဖွယ် မျှော်လင့်ရပါ၏။
၁၄
မိုးရိပ်တွေလား၊ မြူရိပ်တွေ လား၊ ကွဲကွဲပြားပြား မသိအောင် ဝန်း ကျင်သည် ထူထိုင်းအုံ့ဆိုင်းနေသည်။ ကျွန်တော်သည် ဘယ်ပန်း ချီရေးလို့ မမီသော ကျွန်တော်ချစ်သော ဘုရား ကျောင်းကို အမှတ်တရ ကြည့်မိသည်။ ပြီးသော် ကျွန်တော်ချစ်သော ရွာက လေး၊ ပြီးတော့ ကျွန်တော်ချစ်သော ဦးလေးစော၊ ညီမငယ်ခတ်္တာ၊ ပြီးတော့ အသင်းသူအသင်းများ ….
အားလုံးကို ရင်ထဲမှ နာကျင်ကြေကွဲ စွာ နှုတ်ဆက်လိုက်သည်။ အပြီးအပိုင် နှုတ်ဆက်လိုက်သည်။
ကျွန်တော် ဤကဲ့သို့ရွာမှ ပြန်သွားခြင်းဖြင့် ကိုဂျင်မီတစ်ယောက် လိမ်္မာလာပြီး … ညီမငယ် ခတ်္တာနှင့် ရွှေလက်တွဲစေနိုင်ဖို့ပါ … ။
နှုတ်ဆက်လိုက်ပါပြီ…
ရွာကလေးရေ …
ရွာကလေးမှ တရွေ့ရွှေ့ ထွက်ခွာလာခဲ့သည်။
ထိုစဉ်၊ ဗြုန်းကနည်း လူ တစ်ယောက် ဓားကြီးကိုင်လျက် ရှေ့မှ ထွက်ပေါ်လာသည်။ ကျွန်တော်သည် ကိုယ်ရှိန်ကို သတ်လိုက်ရင်းမှ
““ ဘယ်သူလဲ ””
““ ဂျင်မီပါ ””
ကျွန်တော်ရင်ထဲမှာ နာကျင် အောင် ခံစားလိုက်ရသည်။ အဲသည် လောက်ခွင့်လွှတ်တာတောင် နားမ လည်ပါလား၊
ကျွန်တော်ကစိတ်ကို အေး အေးထားပြီး ““ လမ်းဖယ်ပါ ကိုဂျင်မီ … ကျွန်တော်အခု ရွာကအပြီး ပြန်မှာပါ …”” ““မဖယ်ဘူး ဆရာ အောင်၊ ဆရာအောင်ပြန်မှာကို ကျွန် တော်သိတယ် …ဆရာဆောင် တကယ်ပြန်မှာလား ””
““ အင်း ””
““ဒါဆိုရော့ …ဒီဓားကိုယူ ကျွန်တော့ကို အသေသတ် ကျွန်တော် သေမှ ပြန်လို့ရမယ်။ ကျွန်တော်မသေ မချင်း ဒီရွာက ပြန်လို့မရဘူး၊ ဆရာ အောင် ပြန်မှာကို ရိပ်မိလို့ ကျွန်တော် လာစောင့်နေတာ””
““ဘာ သဘောလဲ ကိုဂျင်မီ””
““ဆရာအောင်ရဲ့ ပုံသက် သေကြောင့် ကျွန်တော် နောင်တရ သွားပြီ။ ဆရာ အောင်ပြန်သွားရင် ကျွန်တော်ယူကျုံး မရဖြစ်ပြီး …အရက်တွေဆက် သောက်နေမိမှာ ..””
““ဒါဖြင့်ရင် …
ကျွန်တော်ကပြန်ချင်ရင် …
ခင်ဗျားကို ဓားနဲ့ ခုတ်သတ်ပြီးမှ ပြန်ရ မှာပေါ့ … ဟုတ်လား””
““ဟုတ်တယ် ဒီတနည်းပဲ ရှိတယ် ”” ကျွန်တော်က ဆုံးဖြတ်ချက် ချလိုက်သည်။ ဒီလောက်တောင် စိန် ခေါ်နေတာ ““ကဲ … ဗျာ ပေးစမ်း ဓား … ”” သူက ဓားကို ထိုးပေး သည်။ ကျွန်တော်က အားရပါးရလွှဲ ခုတ်သည်။ ရှီးကနည်း မြည်သွားသည်။ လေကို ခုတ်လိုက်ခြင်းသာ။ ပြီးတော့ ကျွန်တော်က ဓားကို ချောင်းကောက် လေးထဲသို့ လှမ်းပစ်ချရင်း
““ခင်ဗျားလည်း ကျွန်တော့် ကို သတ်လို့မရပါဘူး။ ကျွန်တော် လည်း ခင်ဗျားကို သတ်လို့မရပါဘူး၊ ဘာကြောင့်ဆိုတော့ ခင်ဗျားကော ကျွန်တော်ကော နှစ်ယောက်စလုံးကို ယေရှုက သတ်ပြီးပြီ။ ဇာတိအရာ အားလုံး လက်ဝါးကပ်တိုင်မှာ တင် သတ်ပြီးပြီပဲ”” ငါသည် ခရစ်တော်နှင့် အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ ဆိုသော် ငါသည် ကိုယ်တိုင် မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော် မူ၏ … ဂလာတိ ၂း၂၀။
အရုဏ် မြင့်တက်လာသည် ငှက်ကလေးတွေ၏ တေးသံသာများ ပီသချိုမြလာသည်။ ပန်းကလေးတွေ နေခြည်အောက်မှာ ပွင့်ကြရန် အားယူ နေပြီ …အော် ယေရှုဘုရား၏ မေတ်္တာ၌ ကိုဂျင်မီရင်ထဲ ထာဝရ အချစ်ပန်းတို့ ပွင့်ဝေနေပြီး၊ ကိုဂျင်မီ နှင့် ကျွန်တော် လက်ကို ခိုင်ခိုင်တွဲ၍ ရွာထဲသို့ပြန် ဝင်လာကြသည်။ ရွာထဲ ရောက် တော့ ရွာမှာနိုးထနေကြပြီး ကျွန်တော်တု့ိ နှစ်ဦး ရွာထဲဝင်လာ သည်ကို တွေ့ရ သော ရွာသားများက ပျော်ရွှင်ဖွယ် တစ်ခုပမာ ဝမ်းသာနေ ကြသည်။
အထူးသဖြင့် ခတ်္တာသည် ကျွန်တော်တို့နှစ်ဦးကို တွေ့လိုက်ရ သောအခါ သူမ၏ မျက်ဝန်းအိမ်ဝယ် မျက်ရည်မိုးများ လှိုက်လဲှ သွန်းဖြိုးလာ ပါတော့သည်။
– ၁၅ –
လူမည်သည်ကား ခရစ် တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ်္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ …. (၂ကော ၅း၁၇)
ကိုဂျင်မီသည် ခရစ်တော်၌ ရှိလာခဲ့သောအခါ တကယ်ပင် လူ သစ်ဖြစ်သွားခဲ့သည်။ အရက်ပြတ် သွားသည်။ စကားပြောယဉ်ကျေး သိမ်မွေ့လာသည်။ လူတကာကို ကူညီ တတ်လာသည်။ ကျမ်းစာကိုလည်း ကျွန်တော့ထံ လာရောက်သင်ကြား နေသည်။
ခတ်္တာနှင့် ဆက်သွယ်ရေး လမ်းကြောင်းလည်း အဆင်ပြေလာ ခဲ့ပြီ။ ယနေ့ည လသာလွန်းလှ သည်။ ခတ်္တာတို့ ပိုင်ဆိုင်သော အုန်းခြံ တွင်းရှိ ခုံတန်းဝယ် ထိုင်ရင်း အတွေး နယ်ခဲျ့ မိသည်။ လသာတော့ နှင်းကို သတိ တရရှိနေမိသည်။
အခုနေများ..ဤလရိပ် ဝယ် နှင်းနှင့်သာ စကားပြော ရမယ် ဆိုရင်တော့ … စိတ်ကူးအတွေး တွေက နှင်းရှိရာ ရန်ကုန် ရွှေမြို့ တော် သို့ အရောက်သွားခဲ့သည်။
““ဆရာအောင်…
ဆရာအောင် ””
ခတ်္တာ၏ အသံကိုကြားရသည်။ ခတ်္တာကအပြေးလေးရောက်လာ သည်။ ““ ဆရာအောင် … ဟို မှာ..အိမ်မှာ … အမသင်းမြနှင်း တို့ ကားနဲ့ရောက်လာကြတယ်။ ဈေး သွားရောင်းတဲ့ အမိုးတို့နဲ့တောင် အမ သင်းမြနှင်း ကားနဲ့ပါလာတယ်…””
ဝမ်းမြောက်မှုက ရင်ထဲမှာ ဖားစည်ကြီး ရိုက်ခတ်တီးသလို ဟိန်း ဟိန်းညံညံ နေသည်။
““ ဟော ဟိုမှာ သင်းမြနှင်း””
နှင်းတစ်ယောက် အမိုးနှင့် အတူ အုန်းခြံထဲဆင်းလာသည်။ လရိပ် ထဲတွင် နှင်းက သိပ်လှနေတာပဲဟု စိတ်ထဲမှာ ခံစားနေရသည်။
““ ဟေး … အောင် ””
နှင်းက ကလေးပမာ ကျွန်တော်ဆီ ပြေးလာသည်။ အလိုက်သိသော ခတ်္တာ နဲ့ အမိုးက အိမ်ဘက်သို့ ပြန်ထွက်သွား သည်။ ကမ်္ဘာပေါ်တွင် အပျော်ဆုံး လူ သည် ကျွန်တော်ဖြစ်ပါချိမ့်။ လရိပ်တို့ ချွေချနေသည့်အောက်ဝယ် နှင်းနှင့် ကျွန်တော် ဆုံမိကြသလို နှင်းက ကျွန် တော်လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်းမှ မျက်ရည်တွေ စီးကျ လာရင်း
““ အောင်ရယ်..
မသေကောင်း မပျောက်ကောင်း၊ ဘု ရားသခင် ကယ်ပေလိုသာပေါ့။ အမိုး ထံကနေ အောင်သတင်း ကြားမိ တော့ အရမ်းစိတ်ပူသွားတာပဲ အောင် သာ တစ်ခုခုဖြစ်သွားရင် နှင်းတော့ ရူး မှာပဲ ထင်ပါရဲ့ …”” ကရုဏာရသ စကားလုံးတွေက လရိပ် တို့နှင့် အတူ အပြိုင်ချွေချနေပြီး နှင်းတကိုယ်လုံး တုန်ရီ လှုပ်ရှားနေ သည်။
““ နှင်း … ပြန်ရင် … ပြန်လိုက်ခဲ့ပါလား …အောင်
နှင်းအောင်အတွက် တအား စိုးရိမ် တယ်…””
““ ကျေးဇူးတင်ပါတယ်နှင်း ပြန်လိုက် လို့ မဖြစ်သေးဘူးလေ။ ဒီမှာက အစေ ခံရဦးမယ် …””
““ အောင်ရဲ့စိတ်ဓာတ်ကို နှင်းလေးစားပါတယ်”” ““ ကျွန်တော့်အ တွက် စိုးရိမ်တကြီး လိုက်လာတဲ့ နှင်း ကိုလည်း … ကျွန်တော် … တ အားချစ်နေမိပြီ …””
““ …. ရှင် …””
သူမထံမှ တိုးတက်ညင်သာ သောအသံ။ နှင်း၏ မျက်ဝန်းများ သည် လရောင်တွင် သိင်္ဂီရွှေကြယ်စင် တို့လို ဝင်းလက်နေသည်။ ကျွန်တော် က ဆို့နင့်စွာ ဆိုသည် … ဒါပေမဲ့ … နှင်းမှာက ချစ်ဦးသူ ဂျော့ချ်ရှိ ပြီးသားဆိုတော့ … ကျွန်တော့ အ ချစ်တွေကို ရင်ထဲမှာပဲ မြှုပ်နှံလိုက် ပါပြီ။ နှင်းထံမှ ခတ်ဖွဖွ ညည်း ညူ သံလေး … ““ အောင်”” ရယ်တဲ့။ စမ်းရေစီးသံလေးတွေ ထွက်ပေါ် စီးပြေးလာသည်။ ““ ဂျော့ချ်နဲ့ နှင်းက စေ့စပ်လက်စွပ်တောင် မလဲရသေးပါ ဘူး။ ရိုးသားစွာ ဝန်ခံမိရင်တော့ ဂျော့ချ်ကို ချစ်တာက ရုပ်ပိုင်းဆိုင်ရာ အချစ်ပါ။ အခုအောင်နဲ့ တွေ့မှ အချစ်ဆိုတာဘာလဲ ဆိုတာကို သရုပ် ခွဲမိလာပြီ။ တကယ်တော့ အချစ်စစ်ဆို တာ နှလုံးသားက ပေါက်ဖွားလာ တာပါ။””
လရောင်အောက်တွင် နှစ်ဦး သား ကြေကွဲစွာ ရပ်နေမိသည် ““မနက်ဖြန် ချစ်သူများနေ့ နော် …””
““အင်းပေါ့”” ဟု နှင်းက ခက် ဖွဖွဆိုသည်။ ““နှင်းကို အချစ်တွေနဲ့ အပြည့်ဖန်ဆင်းပေးတဲ့ ဘုရားသခင် ကို အောင်ကျေးဇူးအရမ်း တင် တာ ပဲ”” ““အင်း …””
““ ဒါပေမဲ့ … နှင်း … အဲဒီအချစ်တွေကို အောင်ဆုံးရှုံးသွား ပြီ ပဲလေ …””
နှင်း၏ မျက်တောင်ကော့ များ တဖျတ်ဖျတ် လှုပ်ရှားသက်ဝင် လာကြရင်း …““ အောင်က … သိပ်ညံ့တာပဲ …သတ်္တိမရှိဘူး နော်”” ““ အောင် … အခြေအနေက … အရာရာကို ထောက်ထားနေရတဲ့ လူမို့ပါ …””
““ ဂျော့ချ်ကို နှင်းရဲ့ ရင်ထဲက ဖယ်ထားခဲ့တာ ကြာပါပြီ …””
ညှင်းညံ့လေပြေ ဆောင်ယူ သွေးနေပြီမို့ … လရိပ်တွေလည်း ချိုသာနေပြီမို့ … လရိပ်တွေလည်း ချိုသာနေပြီမို့ အချစ်နှင်းမှုန်မှုန် တို့က လည်း မှုန်ရစ်ဝေနေပြီမို့ …
““ ကျွန်တော်နှင်းကို သိပ်ချစ်နေပါတယ် …””
နှင်းက ဘာမျှ ပြန်မပြော။ သို့သော် ချစ်သူ၏မျက်ဝန်းများက စကားပြောလာသည်။ ချစ်ပါတယ်တဲ့။
““ဆုတောင်းရအောင်နော် နှင်း ””
““အင်း ““အဘဘုရားသခင် ဘုန်းကြီး ပါစေ သော်။ ကျေးဇူးတော်ကို ချီးမွမ်း ပါ၏။ ဆာလံကျမ်းမှာ လာသည် အ တိုင်း … ထာဝရဘုရားသည် ကောင်းမြတ်မှုသည်အကြောင်း မြည်း စမ်း၍ သိမှတ်ကြလော့ဆိုသည့် အ တိုင်း၊ ကျွန်တော်မျိုးမှာ ကိုယ်တော် ဘုရား ပေးသနား တော်မူသော … ထို့ကြောင့် သခင်ယေရှုနာမတော်၌ ရိုသေစွာ ဆုတောင်းပါ၏ …””
နှင်းထံမှ တီးတိုးစကား
““တရားဟောဆရာနဲ့ ရည်း စားထားမှတော့ …တဲ့ ””
– ၁၆ –
အသင်းတော်၏ လုပ်ငန်း များမှာ တိုးတက်လာခဲ့သည်။ တပည့် တော်စုအသင်းတော် သုံးပါးလည်း အသင်းတော်ကြီးကို ဗဟိုပြုလျက် ထွက်ပေါ်လာခဲ့သည်။ ကိုဂျင်မီသည် လည်း ကျမ်းစာကျောင်းတက်ရန် ပြင် ဆင်နေသည်။ စပါယ်ရှယ်တစ်နှစ် ပေါ့။ အသင်းတော်မှ စေလွှတ် သော ဧဝံဂေလိလုပ် ဆောင်မှု များ ကြောင့် အသင်းတော်မရှိသော ဇီးဖြူစု တွင် အသင်းတော် တစ်ပါးတည် ဆောက်နိုင်ပါသည်။ ကျမ်းစာ သင် တန်း ရက်တိုလေးများကိုလည်း လုပ် နိုင်ပါသောကြောင့် ဓမ်္မပညာများကို လည်း ရွာသူရွာသားများ သိရှိနား လည်ခွင့်ရခဲ့သည်။ အသင်း တော်မှ နေ၍ ဓမ်္မတေးစု တစ်ခွေ ထုတ်လုပ်ရန် လူငယ် (ဃန) အဖွဲ့က လည်း ကြိုးစားလုပ်ဆောင် နေကြ သည်။ ခရစ်ယာန်ဓမ်္မစာပေ များကို လည်း ဝယ်ယူ၍ အသင်းတော်တွင် စာကြည်တိုက် အသေးလေးတစ် ခု ဖွင့်ထားသည်။
အသင်းသူ အသင်းသား များကိုလည်း ကျမ်းစာကို မှန်မှန် ဖတ်ရန် တိုက်တွန်းရသည်။ ဗေရိမြို့ သားတို့သည် သက်သာလောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန် ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည် မမှန်သည်ကို သိခြင်းငှာ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ ကြည့်ရှုကြ၏။ (တမန် ၁ရး၁၁)
– ၁၇ –
အရမ်းပျော်တာပဲ။
နှင်း… ရဲ့မွေးနေလေ…။
အသင်းတော်တစ်ပါးလုံးကို ဖိတ်တယ်။ ကြို့ပို့ကားတွေ လုပ်ပေး တယ်။ ကျွန် တော်တို့ ဦးလေးစော တို့ တစ်တွေက တော့ နှင်းရဲ့ ွှသတည ဗခန လေးနှင့်ပေါ့။ ရှေ့က ကားတွေက ထွက်သွားနှင့်တာကြာပြီ။ ကျွန်တော် တို့က စီစဉ်စရာတွေ စီစဉ်နေရတာမို့ နောက်ကျနေသည်။ ရှေ့ကားများ ထက် တစ်နာရီလောက် နောက်ကျပြီး မှ ချစ်သူ၏ စံအိမ်ထဲသို့ ဝင်လာနိုင် ခဲ့သည်။ ကျွန်တော့ကိုတွေ့တော့ ချစ် သူက စိတ်ကောက်နေသည်။ နှင်းဆီ နှုတ်ခမ်းတု့ိကို ခတ်ဖွဖွစူထား၏။ ကျွန် တော်က အတင်းလိုက်စကားပြော ရင်းမှ ချစ်သူကို ချော့ရပါ၏။ ထိုသို့ ဆိုမှ မျက်စောင်းလေးကိုထိုးရင်း…
““ နောက်ကျနေလို့ နှင်းက တအား စိတ်ပူနေတာ ခဏနားပြီး ရေ ချိုး၊ ချွေးတွေသုတ်လိုက်အုံး၊ အောင် ရေအေးအေးတစ်ခွက် သောက်လိုက် ပြီးမှ ရေချိုး ””
သူမ၏ လက်ဖြင့် ကမ်းလာ သော ရေအေးအေးက အမောပြေစွ။
မွေးနေ့ဝတ်ပြုခြင်းက ညနေ ၄ နာရီ ဒေသနာရှင်က ဆရာတော် စောဟင်နရီ..အကျွေးအမွေးက အမိုး၏ လက်ရာသန့် မုန့်ဟင်းခါး အ ကြော်က ရွာထွက် ဘူးသီးနှင့်ကြော် သော ဘူး သီးကြော်။အားလုံး ပျော်ရွှင်နေကြသည်။
မွေးနေ့ပွဲစပါပြီ။
နှင်းက အဖြူရောင် ဇာကွက် ထားသော မွေးနေ့ဝတ်စုံနှင့် အလွန် လှနေသည်။ ရှားရှားပါးပါး သဇင်ခက် တစ်ခုကိုလည်း ရင်ဘတ်ပေါ်ဝယ် တွယ်ချိတ်ထားသည်။ နှင်း အလှ ကြောင့် အားလုံးကြည်နူးကြသည်။ နှင်းကြောင့်လည်း ကျွန်တော်တို့ အား လုံး ပို၍ စုစည်းလာမိကြသလိုလို့။
ကျောင်းတုန်းက အထက် တန်းကဗျာတစ်ပုဒ်ကို မှတ်မှတ်ရရ ရှိမိသည်။ ကဗျာဆရာအမည်က
““ နောင် ”” ကဗျာအမည်က ““နှင်းကိုမြင်ခိုက်”” …. တဲ့။
နှင်းကိုမြင်၍
သဇင်ပွင့်ဦး၊ သူကြည်နူးစဉ်
ရယ်မြူးရွင်ပျ နှမနှင့်မောင်ညီနောင် သားချင်း၊ လက် တွဲရင်းနှင့် ချစ်ခြင်း ခင်ခြင်း၊ ယုံကြည်ခြင်းများဆပွား သစ်သစ်၊ ခိုင်မြဲနှစ်မွှာကာလကြာလေ၊ စည်းရုံးလေတည့်။
ဟုတ်ပါ၏။ ဟုတ်ပါ၏။ တို့ အချစ်တွေ တို့အဖြစ်တွေဟာ ကာလ ကြာလေ … စည်းရုံးလေပါနှင်း …မွေးနေ့ပွဲ ဒေသနာရှင် ဆရာ တော် စောဟင်နရီ၏ မွေးနေ့ ဒေသ နာကလည်း ခွန်အားရပါ၏။ အသင်း တော် လူငယ် များမှလည်း မွေးနေ့ချီး မွမ်းသီချင်းများဖြင့် ဝေဆာရပါ၏။ ကျွန်တော်က နှင်းအတွက် အထူးစပ် ဆိုထားသော မွေးနေ့သီချင်းလေးဖြင့် လက်ဆောင် သီဆိုရပါ၏။
မွေးနေ့ရှင် နှင်းမွေးနေ့မှာ ကောင်းချီးခံစားရပါစေကြောင်း၊ မွေးနေ့ ပေါင်းများစွာ ပျော်ရွှင်ဝမ်း မြောက်ရပါစေကြောင်း။ တောင်း သော ဆုတွေပြည့်ပါစေကြောင်းများ ကို ဗဟိုပြု၍ စပ်ဆိုထားပါသည်။
သီချင်းဆိုနေစဉ် ချစ်သူကို လှမ်းကြည့်တော့ အချစ်၏ ကြယ်စင် မျက်ဝန်းများ ရီဝေေ၀နှင့် ပြန်ကြည့် နေသည်ကို တွေ့ရသည်။
ံစေစပ ငြမအ့ ီပေ ပါ နှင်း။ ဧည့်သည်ကများသည်။ မုန့် ဟင်းခါးကကောင်းသည်။ ကျွေးမွေးဖို့ ပြင်ဆင်ရသည်။ ခြံထဲတွင် မီးလုံးများ မလောက်၍ ကိုဂျင်မီက မီးကြိုးများ ထပ်၍ တပ်ဆင်နေသည်။ မီးကြိုး တပ်ဆင်ရင်း ကိုဂျင်မီ ဓာတ်လိုက် ခံရ သည်။ ခတ်္တာတော်တော် စိုးရိမ်သွား သည်။ ကျွန်တော်က အပြေးအလွှား သွားရင်း
““ ဓာတ်လိုက်တာ ဘယ်လို ဖြစ်သွားသလဲ ကိုဂျင်မီ – စိုးရိမ်ရလား …””
ကိုဂျင်မီက ““ ဓာတ်လိုက် တာ ဒုန်းကနည်းဆိုပြီး၊ တစ်ကိုယ်လုံးပူ ထူသွားတယ်။ ပြီးတော့ သွေးကြော တွေ ရပ်သွားသလိုပဲ၊ အခုထိရင် ရင် တွေကဒုန်းဒုန်း ခုန်နေတယ် ””
ဘာမျှ မဖြစ်တော့ဘူးဆိုပြီး ကိုဂျင်မီပြုံးပြမှ စိတ်သက်သာရကြ၏။ ပြီးတော့ တရုန်းရုန်းနဲ့ ကျွေးကြ၊ စား ကြ၊ ပျော်ကြရွှင်ကြနဲ့။ ပျော်စရာ ကောင်းပါဘိခြင်း။ ကျွန် တော် တို့ အသင်းသားများက ဒီမှာ တညဉ့်အိပ် ရပါသည်။ ဧည့်ခံပွဲ ပစ်္စည်း တွေ သိမ်း၊ ခုံတွေ သိမ်း၊ အိုးတွေ တိုက်ချွတ်၊ ကျွန်တော်က စီမံနေသည်။ ထိုစဉ် ခတ်္တာရောက်လာပြီး ““အစ်ကိုအောင် မမနှင်းက ခြံထဲ ဆင်းလာခဲ့ပါတဲ့ ဒန်း ပေါ်မှာ စောင့်နေတယ်တဲ့။ စကား ပြောစရာရှိလိုတဲ့။ သွား၊ သွား အကို အောင် ဒီမှာ ညီမဆက်လုပ်ထားမယ်””
နှင်းရှိရာ ခြံထဲသို့ ဆင်းလာ ခဲ့သည်။ လကတော့ မသာပါ။ ရောင် စုံမီးပွင့်တို့ဖြင့် ချစ်သူ စံအိမ်ကတော့ လှချင်တိုင်းလှနေသည်။ ဇွန်ပန်းရုံ အနီးမှာ ချစ်သူကို တွေ့ရ၏။ ညနေ ရီရီတွင် ချစ်သူကို ဒန်းပေါ်တွင် တွေ့ လိုက်ရတော့၊ အရမ်းပျော်သွားသည်။ စာဆိုရှင် တစ်ဦး၏ ကဗျာကို လည်း အမှတ်တရရှိမိသည်။ချုပ်ညရီတွင်
ဖြုတ်ချည်းမြင်သည်
ရှင်သာ ရခိုင်တန် ဆောင် လော၊
ဟုတ်ပ နှင်းသည်လည်း ထိုနည်းနှင်နှင် ကျွန်တော့ဘဝ၏ တန်ဆောင်ပါ။““ လာလေအောင် … ဒန်းပေါ်မှာ လာထိုင်”” နှင်းဘေးတွင် မဝံ့မရဲနှင့် ဝင်ထိုင်ရသည်။ ချစ်သူ၏ ကိုယ်သင်းနံ့သာက ရင်ကိုခုန်စေ သည်။ နှင်းက ခြေထောက်လေးကို အားယူ၍ ဒန်းကိုလွဲှသည်။ ဒန်း အ လှုပ်တွင် ချစ်သူ၏ ဆံကေသာတို့က ကျွန်တော့ပါးပြင်ကို လာရောက်ထိ ခတ်သည်။
““ လ မသာဘူးနော် ””
ကျွန်တော်က ခပ်ညည်း ညည်းနဲ့ လရောင်ကို တမ်းတလိုက် သည်။ နှင်းက တစ်ဟင်းဟင်း ရယ် မောရင်းမှ ကြည်ကြည် နူးနူး ပြော လာသည်။
““လသာပါတယ်လေ အောင် က မမြင်လို့ပါ ””
ကျွန်တော်က မိုးပေါ်ကို မော့ကြည့်ပြီး ““ဟင်လမသာပါဘူး””..
နှင်းက ဟက်ကနည်း ရယ်မောပြီး ..““လသာတယ် …
အောင်”” ဟာ နှင်းရင်ထဲမှာ အမြဲ တမ်းသာနေတဲ့ လမင်းကြီးတစ်စင်းပါ။ လမရှိရင် ကမ်္ဘာဟာ တစ်ခုခု ဟာနေ သလိုပဲ အောင်မရှိရင်လည်း … နှင်း ရင်ထဲမှာ ဟာတာတာကြီး ””…
နှင်းကို အရမ်းချစ်ပါသည်။ အရမ်း မြတ်နိုးသွားပါပြီ။ အလွန်လည်း လေး စားသွားပါ၏။
““အရမ်းကြည်နူးတာပဲနှင်းရယ်။ ဒါ ပေမယ့် အောင် တစ်ခါတစ်ခါ စိတ်ပူ မိတယ် ..””
““ ဘာလဲ ဟင် ပြော ””
““ နှင်းက ချောတယ်။ လှ တယ်။ ချမ်းသာတယ် – အောင်က ဆင်းရဲတော့ … ””
““အောင်က မဆင်းရဲပါဘူး၊ အောင်ပဲ တရားဟောထားတာလေ … မင်းစည်းစိမ်ရှိသော ယဇ်ပုရော ဟိတ်မျိုး …ဆို … ။ အောင်ကို ချစ်တဲ့ နှင်းရဲ့အချစ်ကို ဘာနဲ့မှ လဲလို့ မရပါဘူး … အောင်ရယ် ယုံရဲ့ လား”” ““ ယုံပါတယ်နှင်း””
““ အောင်ကို မွေးနေ့ လက် ဆောင် ပေးမလို့ ””
““ ဘယ်မှာလဲ၊ ဘာလဲဟင် ””
နှင်းက သူမ၏ ဖြူဖွေးသန့် စင်ချောနူသော လက်နုနုလေးကို ကမ်းပေးရင်း
““မွေးနေ့လက်ဆောင်အဖြစ်နှင်း ရဲ့ လက်ကလေးကို နမ်းခွင့် ပေးလိုက် ပါ တယ် ””
ထ ထ ထ
ချစ်သူ၏ မွေးနေ့ပွဲတွင် လူ နှစ်ဦး ဓာတ်လိုက်ခံရပါ၏။ ပထမက ကိုဂျင်မီ ၊ ဒုတိယက ကျွန်တော်ဆို သောအောင်… ချစ်သူ၏ လက် နုနုလေးကို မွေးနေ့လက်ဆောင် အဖြစ် မဝံ့မရဲ ဖွဖွလေး နမ်းလိုက် မိချိန်ဝယ် ……
ဒုန်းကနည်းဆိုပြီး တစ်ကိုယ်လုံး ထူပူသွားတယ်၊ ပြီးတော့ သွေးလည် ပတ်နှုန်း တွေရပ်သွားသလိုပဲ။ အခုထိ ရင်တွေက ဒုန်း ဒုန်း ခုန်နေမိတယ်။
– ၁၈ –
အသင်းတော်အတွက်၊ နှင်းက မီးစက်ကြီးတစ်လုံးနှင့် အော် ဂင်တစ်လုံး၊ တန်ဆာပလာအစုံကို လှူဒါန်းခဲ့ပါသည်။ အသင်းတော်မှ နေ၍ ကိုဂျင်မီလည်း ကျမ်းစာ ကျောင်းတက်သွားခဲ့ပြီ။ သည်နှစ် ခရစ်္စမတ်တွင် ကျွေးမွေးရန် ဦးလေး စော တို့ ဝက်ရှစ်ကောင်လောက် မွေးဖို့ တိုင်ပင် ကြသည်။ အမျိုးသမီးအဖွဲ့နှင့် ှကညိပေ ှခ့သသူ အတွက် ညီမငယ် ခတ်္တာက အများကြီး အထောက်အကူ ပြုပါသည်။ ကိုဂျင်မီ ကျမ်းစာကျောင်း ဆင်းပြီးလျှင် ခတ်္တာနှင့်လက်ဆက်ဖို့ အားလုံးသ ဘောတူပြီးကြပါပြီလေ …”” ဒီလိုပေါ့၊ ဘဝဆိုတာ အ တက်အကျ အနိမ့်အမြင့် အလှည့်အ ပြောင်းတွေနဲ့ပါပဲ။ ဘဝကို ရင်ဆိုင် ဖြတ်သန်းဖို့ အတွက် ခရစ်တော်၏ ခွန် အားသာ အဓိကပါလို့ တမန်တော်ကြီး ရှင်ပေါလုက ပြောထားခဲ့တာလဲ။ ငိုရ မယ့်အချိန်၊ ရယ်ရမယ့်အချိန်၊ ဝမ်း နည်းရမယ့်အချိန်၊ ပျော်ရမယ့်အချိန်၊ မုန်းရမယ့်အချိန်၊ ချစ်ရမယ့်အချိန် … ဖက်ယမ်းရသော အချိန်နှင့် မ ဖက်ယမ်းရဘဲ ခွဲခွာ နေရသော အချိန် … အချိန်များ စွာတို့ကို ဒေသနာ ကျမ်းတွင် ဆင်ခြင် ရပါ၏။ ပန်းခင်းသော လမ်းနှင့် ဆူးခင်းသော လမ်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ ရပြီ။
““ အကိုအောင် ””
အတွေးနယ်လွန်နေစဉ်၊ ခတ်္တာ၏ စကားကြောင့် သတိပြန်ဝင် လာသည်။ ““ ဘာ …. စဉ်းစား နေတာလဲ၊ မမနှင်းကိုလား …”” ““နင်ရော … ကိုဂျင်မီကို သတိရ နေလား””
““အဟင်း”” ခတ်္တာက ရယ်မောရင်း ““အကိုနက်ဖြန်မြို့သွား မှာမို့လား၊ ဒီ အထုပ် က ကိုဂျင်မီအတွက် ငါး ခြောက်ကျော် ပုလင်း၊ ဒီအထုပ်က မမ နှင်းမှာထားတဲ့ သနပ်ခါးသွေးပြီးသား အထုပ် …””
““အေး …. အေး ….””
““ အစ်ကို မမနှင်းနဲ့ တွေ့ ရ မှာမို့ ဝမ်းသာနေတယ်မဟုတ်လား … ဟီး ဟီး ””
– ၁၉ –
ချစ်သူစံအိမ်အတွင်းသို့ လှမ်းဝင်လာခဲ့သည်။ နှင်းနဲ့ တွေ့ ရ တော့မည်။ ပျော်လိုက်တာ။ ခြံထဲ ရောက်လာပြီ။ အိမ်ထဲဝင်လာခဲ့ပြီ။ ခြေလှမ်းတိုင်းက နှင်းနှင့် တွေ့ရမှာမို့ တုန်ရင်နေသည်။ ဆက်တီ ဆိုဖာ ကြီးတွေနဲ့ ငြိမ့်ညောင်းတဲ့ ဧည့်ခန်း မထဲ ရောက်လာပြီ။ ထမင်းချက်တဲ့ ကလေး မလေးကို တွေ့တော့ မျက်စိ မျက်နှာ ပျက် ဖြစ်နေတယ်။ ““နှင်း”” ရောလို့ မေးလိုက်တော့ အပေါ်ထပ် ကို လက်ညှိုးတိုးပြရင်းမှ အသံတုန် တုန်နှင့်ပြောလာတယ်။
““ဟို … ဟို အပေါ်မှာ ဟို … ဟို ဂျော့ချ်ဆိုတဲ့ လူကြီး အမေရိကား ရောက်လာပြီ၊ မမနှင်း ကို လာခေါ်တာတဲ့ ””
ရင်ထဲမှာ စူးကနည်းကျဉ် တက်သွားသည်။ လျင်မြန်စွာ မေးမိ သည် ““အခုဂျော့ချ် ဒီမှာလား””
““ဟုတ်ကဲ့””
ထိုစဉ် အပေါ်ထပ်လှေ ကားမှ နှင်းနှင့် ဂျော့ချ်ဆိုသူ ဆင်းလာ သည်ကို မြင်လိုက်ရ၏။ ဂျော့ချ် ဆို သူက နှင်း၏ ခါးကလေးကို ဖက်၍ ဆင်းလာသည်။ နှင်း၊ ဆံပင် တွေ ဖရိုဖရဲ အင်္ကျီစ တချို့ ဖရို၊ ဖရဲ နှင့် ဘုရား … ဘုရား …။
ကျွန်တော် ဝုန်းကနည်း ထရပ်လိုက် သည်။
““နှင်း…သစ်္စာဖောက်မ””
တအားအော်လိုက်သည်။ မိုးကြိုးသံအလား နှင်းတို့ ကျွန်တော် ကို မြင်သွားသည်။
““ အောင်””
နှင်း၏ အော်သံ၊ ကျွန်တော် ရင်တစ်ခုလုံး မီးလောင်နေပြီ။
မနေချင်တော့ပါ။ သစ်္စာ ဖောက်ခြင်းခံလိုက်ရပြီ၊ အသက်မက ချစ်ရသူမှာ တိုင်းတပါး နိုင်ငံခြားသား ၏ ရင်ခွင်မှာ
““နှင်း …
သစ်္စာဖောက်တယ် ””
ကျွန်တော့ မျက်လုံးတွေ ပြာ ဝေနေတယ်။ အသိတရားတွေ ကင်း လွတ်သွားသလိုလို့ …။
ချစ်သူ၏ စံအိမ်တွင်းမှ လျင် မြန်စွာအရှိန်အဟုန်နှင့် ပြေး ထွက်ခဲ့သည်။ ပြေးထွက်ခဲ့ပါပြီ။
ကျွန်တော့ ချစ်ကမ်္ဘာ ကြီးပြို ကွဲသွားပြီ။အရှိန်နှင့် ထွက်ပြေးလာ သော ကျွန်တော်၊ ခြံထဲ သို့ အရှိန်နှင့် ဝင်လာသော ွှသတည ဗခန အပြာနု ရောင်ကား …။
ကားကလည်း အရှိန်မ သတ်နိုင် ကျွန်တော်ကလည်း အဟုန် ကို မသတ်နိုင် အရှိန်နှင့် အဟုန် တို့ ဆုံမိသောအခါ ကျွန်တော်ဘ၀ တစ်ခု လုံး အမှောင်ထု ကန့်လန့် ကာ ကြီး ပိတ်ဆို့တားဆီး လာပါတော့၏။
ခရစ်တော်နာမ၌
မောင်နွယ်မြင့်
ဇာတ်သိမ်းပိုင်း ဆက်လက်ဖတ်ရှုပါရန်
Admin ကိုယ္တုိင္ မေရးဘူးလား။