ခရစ်ယာန်လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နှုတ်ကပတ်တော်သွန်သင်ချက်နှင့် ညီညွတ်ရမည်။ မျက်မှောက်ခေတ်အခြေအနေနှင့် ဆီလျေ်သောလုပ်ငန်းများကို ဆောင်ရွက်ရမည်။
(က) ခရစ်ယာန်လူငယ်၏ အရည်အချင်းများ
(၁) ခရစ်ယာန်လူငယ်သည် နှုတ်ကပတ်တော်အတိုင်း အသက်ရှင်လိုက်လျှောက်ရမည်။
(ဆာ ၁၁၉ း ၉၊ ဒေသနာ ၁၂ း ၁)
(၂) ခရစ်ယာန်လူငယ်သည် တာဝန်ယူတတ်သောသူဖြစ်ရမည်။ (မြည် ၃ း ၂၇၊ က ၃၉ း ၁-၁၂)
(၃) ဉာဏ်ပညာ ဆည်းပူးသူဖြစ်ရမည်။ (၃ရာ ၃ း ၇-၉)
(၄) ရွှင်လန်းစွာ အသက်ရှင်သောသူဖြစ်ရမည်။ (ဒေ ၁၁ း ၉)
(၅) အနာဂတ်အတွက် ရူပါရုံရှိသောသူဖြစ်ရမည်။ (ယောလ ၂ း ၂၈၊ သုတ္တံ ၂၉ း ၁၈)
(၆) အိန္ဒြေစောင့်၍ ပုံသက်သေကောင်းပြရမည်။ (တိတု ၂ း ၆၊ ၁တိ ၄ း ၁၂)
(ခ) မျက်မှောက်ခေတ်လူငယ်လုပ်ငန်း
မျက်မှောက်ခေတ်တွင် နိုင်ငံတကာစီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေများ လျင်မြန်စွာ ပြောင်းလဲနေသည်။ သတင်းနည်းပညာလည်း တိုးတက်နေသည်။ အသင်းတော်များသည် ပြောင်းလဲမှုများကို အမှီလိုက်ပြီး ယုံကြည်သူလူငယ်များကို ပြုစုပျိုးထောင်ရပါမည်။
(၁) ပညာရေးတွင် ထူးချွန်သော လူငယ်များဖြစ်ရန် အသင်းတော်များက အားပေးရပါမည်။
(၂) စီးပွားရေးတိုးတက်သော လူငယ်များဖြစ်စေရန် အသင်းတော်က အားပေးရပါမည်။ ကြွယ်ဝခြင်းသည် အပြစ်မဟုတ်၊ စည်းစိမ်ဥစ္စာ၏ ကျွန်ဖြစ်ခြင်းသာ အပြစ်ဖြစ်သည်။
(၃) အိမ်ထောင်ရေးတွင် ထမ်းပိုးညီသောအိမ်ထောင်များ တည်ထောင်နိုင်ရန် သွန်သင်ရပါမည်။ ယဉ်ကျေးမှုမျိုးစုံ ရောယှက်နေသောခေတ်တွင် ခရစ်ယာန်အိမ်ထောင်များ၏ ရှင်သန်မှုကိုဂရုပြုရပါမည်။
(၄) ခရစ်ယာန်ယုံကြည်ချက်ကို လူငယ်များ စွဲမြဲစွာခံယူဖို့လိုပါသည်။ ရုပ်ဝါဒနှင့် မှားယွင်းသော သြဝါဒများသည် ခရစ်ယာန်ယုံကြည်ချက်ကို ခြိမ်းခြောက်နေပါသည်။
(၅) အသင်းတော်ကို ချစ်မြတ်နိုးသော လူငယ်များဖြစ်ရမည်။ အသင်းတော်ကို ဗဟိုပြုလျက် ခရစ်တော်၏မေတ္တာဖြင့် လူသားများကို အစေခံရမည်။ ဖန်ဆင်းခြင်းလက်ရာများကို ထိန်းသိမ်းစောင့်ရှောက်ရမည်။
တင်ပြသူ
ဒေါက်တာစောစေးခူ