ဖွင့်ဆိုမှုအသစ်
အင်တာနေရှင်နယ်ရီဗွီးအော့ဖ်မစ်ရှင်ဂျာနယ်တွင် စာရေးဆရာ ဒေါက်တာ မူဆာဒူဘီက ““သခင်ယေရှု၌ အိဒ်စ်ရောဂါရှိသည်”” ဟု ရေးသားခဲ့သည်။ စာရေးသူမှာ
အာဖရိကန်အမျိုးသမီး ဓမ်္မတွေးခေါ်ရှင်တစ်ဦး ဖြစ်သည်။ ဓမ်္မသစ်အနက် ဖွင့်ဆိုမှုတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ သခင်ယေရှု၌ အိတ်စ်ရောဂါရှိသည် ဟု သူဖွင့်ဆိုသည့် ကျမ်းပိုဒ်မှာ ရှင်မဿဲအခန်းကြီး ၂၅ ပါအကြောင်းအရာပါ။
ရှင်မဿဲ ၂၅ ကို ဖတ်လိုက်တဲ့အခါ သခင် ယေရှုက ““ ငါသည် အိတ်စ်ရောဂါခံစားချိန်၌ သင်တို့ သည် ငါ့ထံသို့ မလာကြ။ ငါ၏အနာများကို မဆေး ကြောပေး။ ငါ့အဖို့
ဆေးဝါးများလည်း ယူမလာကြ။ ငါ့ကို သင်တို့ရွံရှာကြ၏။ ငါခံစားရသော အိဒ်စ်ရောဂါ ကြောင့် ငါ့ကိုစွန့်ခွာကြ၏။ ငါ့ကို မကြိုဆိုချင်ကြ”” ဟု ပြောနေသည်ဟု ခံစားရကြောင်း ရေးသားခဲ့သည်။ ဤအိဒ်စ်ရောဂါ ပြဿနာသည် အသင်းတော် တွင် တာဝန်ရှိကြောင်းကိုလည်း ထောက်ပြသည်။ မဿဲ ၂၅ အရ ခရစ်တော်သည် အငယ်ဆုံးသောသူများနှင့် ထပ်တူခံစားသည်မဟုတ်လော။
မဿဲ ၂၅ တွင် အငယ်ဆုံးသောသူ၌ မပြု သမျှ ခရစ်တော်ကို မပြုသေးကြောင်း ဖော်ပြခဲ့သည်။ သို့ဆိုလျှင် အိဒ်စ်ရောဂါသည်အား မပြုစုသရွေ့ ခရစ်တော်ကို
မပြုစုခြင်းပင်။ ခရစ်တော်သည် လူ့လောကတွင် အသက် ထင်ရှားစဉ် ဆင်းရဲ၊ ဆာငတ်သူများကို ကူညီဖေးမခဲ့ သည်။ ယနေ့အသင်းတော်က ခရစ်တော်နည်းတူ ဂရုဏာထားပြုစုမည်ဆိုက ရောဂါနှင့် သေမည့်သူများ ပင်လျှင် လူ့ဂုဏ်သိက်္ခာအပြည့်နှင့် သေဆုံးရမှာဖြစ် ကြောင်း ဒေါက်တာဒူဘီက ရေးခဲ့သည်။
အမှုတော်ဆောင်၍ မရတော့ဒေါက်တာဒူဘီ၏ အမြင်များကို Insideout Magazine တွင် teve Titus ဆိုသူက ဖောက်သည်ချ ပြန်လည်ရေးသားခဲ့သည်။ Steve က ဆက်လက်၍ ““ အိတ်စ်ရောဂါသည်တွေနဲ့ အတူတူနေဖို့ ကူညီဖေးမဖို့၊ ငြင်းဆန်မယ်၊ ရွံရှာမယ်ဆိုရင် တော့..ဘုရားအမှုတော်ကို ဘယ်လိုမှ ဆောင်လို့မရ တော့ပါဘူး”” ဟု ရေးသားခဲ့သည်။
ဒေါက်တာဒူဘီက ရှင်မဿဲ ၂၅ ပါ အကြောင်းအရာကို သူမ၏ ရေခံ မြေခံနှင့် ကိုက်ညီအောင် အနက်ဖွင့်ဆိုသွားခြင်းကို ချီးကျူးလိုက်သည်။ သမ်္မာကျမ်းစာတွင် ခရစ်တော်၏ ဥပမာတော် များ ကို ပြန်စဉ်းစားကြည့်သော် သနား ခြင်း၊ ဂရုဏာ ထားရန်၊ မေတ်္တာထားရန်သာဖြစ်ကြောင်း တွေ့မြင်ရ သည်။ သို့ဖြစ်၍
အမှုတော်ဆောင်ခြင်းတွင် ကူညီမစမှု သည် အရေးကြီးလာသည်။ ထိုသို့လည်းဖြစ်သင့်ပါ သည်။ ၁ယော၊ ၄း၂၀ ကို ဖွင့်ကြည့်လျှင် သေချာတွေ့ နိုင်၏။ ““မျက်စိဖြင့် မြင်ရသော ညီအစ်ကိုကိုမှ မချစ်ဘဲ မြင်လို့မရတဲ့ ဘုရားကို ဘယ်လိုချစ်နိုင်မလဲ ”” ဟူ၍ ပါသည်။ ထို့ကြောင့် ဘုရားသခင်ကို ချစ်သကဲ့သို့ လူကို ချစ်ဖို့လိုလာကြသည်။
ဝတ်ပြုခြင်းနှင့် အစေခံခြင်း
ဒေါက်တာ အာရ်ဂျေမဲက်ကဲလ်ဗေသည် တောင်အာဖရိကရှိ Adams United Theological College ၏ အငြိမ်းစားကျောင်အုပ်ဖြစ်သည်။ သူ၏တရားဟောချက်တစ်ခု၌ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းနှင့် လူသားတွေရဲ့ အစေခံခြင်းကို နှစ်ခုအဖြစ် မမြင်သင့်ပါ။ ဤဝေါဟာရနှစ်ခုသည် တစ်ခုတည်းသော အဓိပ်္ပာယ်ရှိကြောင်း ပြောခဲ့သည်။
“ကိုယ်နှင့် စပ်ဆိုင်သူကို ကိုယ်နဲ့အမျှ ချစ်ခွင့်ရတာ၊ ကူညီခွင့်ရတာဟာ ထူးမြတ်သော အမှုတော်ဆောင်ခွင့် ပါဘဲ။ သခင် ယေရှုကိုယ်တိုင်က အဲ့သလို လုပ်ခဲ့တာကိုး” ဟုလည်း ဆရာကြီးကို ဟောပြောခဲ့သည်။ ဆိုလို သည် မှာ ဘုရားသခင်ကို ဝတ်ပြုသည်။ အမှုတော်ဆောင် သည်ဟု ဆိုရာတွင် လူသားများကို ကူညီမစမှုက အရေးကြီးကြောင်း ဟောကြားခဲ့ခြင်းပင် ဖြစ်သည်။
ဘုရားကျောင်းနံရံ ခုန်ကျော်ခြင်း
အထက်ဖော်ပြပါ အကြောင်းများကို သေချာ စဉ်းစားသော် အသင်းတော်ကို စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ပေါ်စေသည်။ အသင်းတော်သည် ဘုရားသခင်၏ ကိုယ်စားဖြစ်၍ သခင်ယေရှု၏ ဧဝံဂေလိ၏တရား ဟောပြောထမ်းဆောင်ရန်ဖြစ်သည်။ မဿဲ ၂၅ တွင် ခရစ်တော်က အငယ်ဆုံးသောသူကို ပြုစုဖို့ မှာကြား လိုက်သည်။
ဤသို့ဆိုလျှင် အိဒ်စ်ရောဂါသည်ဆိုသူများကို ပြုစုဖို့ယုံကြည်သူတိုင်း၌ တာဝန်ရှိလာ၏။ ယုံကြည်သူ များအားလုံးသည် နံရံလေးဘက် ကာရံထားသော
အသင်းတော်ဘုရားကျောင်းကို ခုန်ကျော်၍ ကမ်္ဘာ လောကကြီးထဲသို့ သွားရောက်ပြုစုရတော့မည်ဖြစ် ကြောင်း ထောက်ပြလာသည်။ ဝေဒနာသည်တွေကို သနားကြင်နာ ကူညီနိုင်ဖို့တွင်..ခရစ်တော်ကိုယ်တိုင် အိဒ်စ်ရောဂါ ခံစားနေရကြောင်းနှင့် အိဒ်စ်ရောဂါသည် တွေကို ပြုစုလိုက်သောအခါ ခရစ်တော်ကို ပြုစုနေသကဲ့ သို့ ခံစားနေရန် လိုအပ် သည်။ ထိုသို့ပြုလျှင်… ပြုခဲ့သော ကောင်းမှုအတွက်၊ ဝါကြွားမှုရှိ လာတော့ မည် မဟုတ်ပေ။
ပြန်လည်သုံးသပ်ခြင်း
ဒေါက်တာ ဒူဘီ၏ ဆောင်းပါးကို ပြန်စဉ်းစား လိုက်သောအခါ အသင်တော် များ ပြုရမည့်အချက်များစွာ ဖော်ထုတ် သွားသည်ဟု မြင်ရပါသည်။ အိတ်စ်ရော ဂါသည်များကို စာနာထောက်ထား သနား လျက် ကူညီဖေးမဖို့လိုကြောင်း ပို၍ သိမြင် လာရတော့သည်။ Care and Counselling ၏ အရေးပါမှုကိုလည်း ပို၍အဓိကကျ ကြောင်း တွေ့ရှိရပါသည်။
အားငယ်နေသူ များကို ဂရုပြုနေသော ကျွန်တော့်ဆရာ ဦးထွန်းထွန်းအေး (M.I.C.T) ကိုလည်း ပိုပြီးလေးစားမိသကဲ့သို့ ကိုတင်အောင်မိုး MBC လို လူများလည်း အများကြီး ပေါ်ထွန်းဖို့ လိုပါသေးသည်ဟု စိတ်ထဲခံ စားမိပါသည်။ Goodnews for the poor ဆိုပြီး….ခပ်တည်တည်နဲ့ တရားဟော ခဲ့၊ ကျမ်းစာကိုအနက်ဖွင့်ခဲ့ ပြီးလျှင် ဘာကို မှ ဂရုမစိုက် မာနထောင်ခဲ့ သောနေ့ ရက် များ စွာကို သတိပြုဆင်ခြင်မိတော့သည်။
စိုင်းခွန်နော်
Ref, Jesus has AIDS, Serving a Lord with AIDS,”Inside .out” April/May 2003, Issue 33