အဆုံးမဲ့ အလွမ်းတို့ လွင့်ပါးပါမှ

အခန်း (၁)

ဟိုးအဝေးမှာလာနေတဲ့ပုံရိပ်က နင်နဲ့တူလိုက်တာ။ အိုး ဟုတ်တယ်။ နင်မှနင်အစစ်ပဲ။ ဘုရားကျောင်းရှေ့ရောက်တိုင်း ဒီကွန်ကရစ်လမ်းပေါ်က ကြည့်နေကျအကြည့်က ငါ့ရဲ့အကျင့် တစ်ခုပဲ။ ဂျင်းဘောင်းဘီနဲ့စပို့ရှပ်ကို တစ်ခုံတမင်ဝတ်တတ်တဲ့ကောင်လေးက ဒီလမ်းလျော လေးကနေ ဘုရားကျောင်းလာတက်လေ့ရှိတာကိုး။ အဲဒီကောင်လေးက ငါ့ချစ်သူ နင်ပဲပေါ့။ ဒါပေမယ့် …။ နင် ငါ့အနားကနေ ရှောင်ပုန်းနေခဲ့တာကြာလှပြီ။ အိုး မဟုတ်ပါဘူး။ ငါကစ ရှောင်ခဲ့တာပါ။ နင်ကစတာ မဟုတ်ဘူး။ နင် ငါ့ကို စာနာပြီးရှောင်ခဲ့တာပဲ။ ခုဆို (၃) နှစ်ခွဲတောင် ရှိခဲ့ပြီ။

ငါအကြည့်မမှားပါဘူး။
နင်ပုံရိပ်က ငါ့ရင်ဘတ်ထဲမှာ တစ်ခုတည်းသာဖြစ်တည်ခွင့်ရှိနေခဲ့တာပါ။ ဒါဆို …နင် …။ဂျင်းဘောင်းဘီဘေးအိတ်နှစ်ဖက် လက်ထိုးပြီး မျက်နှာကိုအနည်းငယ်မော့ လမ်းလျှောက်တတ်တဲ့ နင့်ပုံကိုငါဘယ်မေ့မှာလဲ။ နင့်ဆံပင်က ဆံလုံးကြီးပြီး ပျော့ပျော့လေ။ ခြေဆောင့်လျောက်တဲ့အကျင့်ကြောင့် ဆံပင်တွေကခါနေတတ်တယ်။ ကရင်သွေးမို့ ထင်ပါရဲ့ အသားဖြူဝင်းပြီး၊ အရပ် ““၆”” ပေနီးနီးရှိတဲ့ နင့်ကိုယ်ဟန်ကလူတွေကြား ထဲထင်းကနေရှိတတ် တယ်။ ငါဘယ်မေ့ပါ့မလဲ။ နင်ဟာ ငါအမြဲဂရုစိုက်ခဲ့ရတဲ့ ငါ့ရဲ့ကိုယ်ပွားပဲလေဟာ။
နင်ပြန်လာတာပေါ့။ ဘယ်တုန်းကမြန်မာနိုင်ငံကို ပြန်ရောက်နေတာလဲ။ ငါ့ဆီ ဘာကြောင့် အကြောင်းမကြားရတာလဲ။ ဟင် နင်ငါ့ကိုစိတ်နာသွားတာပဲ။ စိတ်နာနေတဲ့ လူကို တွေ့တောင် တွေ့ချင်မှာ မဟုတ်ဘူးနော်။ ဒီလို အတွေးဝင်တိုင်း မျက်ရည်မခိုင်တဲ့ ငါ့စိတ်က မျက်ရည်ဝဲလာပြန်ပြီ။ ဒါပေမယ့်ဟာ … နင်နဲ့ငါက ချစ်သူမဟုတ်တောင် သူငယ်ချင်းတွေ ပဲဟာ။ သူငယ်ချင်းလို့တောင် အသိအမှတ်မပြုနိုင်တော့တဲ့အထိ မုန်းနေပြီလား မောင်ရယ်။

“နင့်ရဲ့ သူငယ်ချင်းမဖြစ်ချင်ဘူး၊ ချစ်သူပဲ ဖြစ်ချင်တယ်”
စမှားခဲ့ကြတာ သူူငယ်ချင်းကနေ ချစ်သူဖြစ်ချင်တဲ့အကြောင်း နင်ဖွင့်ဟခဲ့တဲ့နေ့ကပဲ ပေါ့နော်။ မောင်ရယ် … ဒီလို အဆုံးသတ်လမ်းခွဲရမှန်းသိခဲ့ရင် နင်လဲငါ့ကိုဖွင့်ပြောမှာ မဟုတ်ပါဘူး။ ငါ့အချစ်ကိုလည်း ဖွင့်ထုတ်ဖို့မလိုတော့ဘူးပေါ့။ ရင်ထဲကိုယ်စီနဲ့ သူငယ်ချင်း ဘဝမှာဘဲ နှစ်ဦးစလုံးရောင့်ရဲနေကြမှာနော်။ အခုတော့ဟာ … ကိုယ့်ဒဏ်ရာ ကိုယ်ထမ်းဖို့ ဖန်တီးခဲ့ကြသလို ဖြစ်ခဲ့ရပြီ။
နင်က ငါ့ချစ်သူ ဖြစ်ချင်ခဲ့သလို၊ ငါကလည်း နင့်ချစ်သူ ဖြစ်ချင်ခဲ့တာပါပဲ။ ငါလေ နင့်ကို သိပ်ချစ်တာပဲဟာ။ ငါ့ရင်ထဲက နင့်ကိုချစ်တဲ့ စိတ်ခံစားမှုက ငါ့ဘဝမှာ ငါအမြတ်နိုးဆုံး ခံစားမှုတစ်ခုပါ။ နင်တော့ ဘယ်လိုခံစားရလဲမသိဘူး။ နင့်ကို ချစ်တဲ့စိတ်ဟာ ငါ့စိတ်ကို အပေါ့ပါးဆုံး လွတ်မြောက်မှုတစ်ခုမှာ ရောက်ရှိနေသလိုပဲ။ တစ်မျိုးပဲ။ ဘာခံစားမှုနဲ့မှ မတူဘူး။
အခု၊ ငါငိုနေပြီ။ နင့်ကို အဝေးကမြင်တွေ့ချိန်မှာပဲ … ငါ့ရင်ဘတ်ထဲမှာ စူးရှ နာကျင်နေမိတယ်။ ငါနင့်ကို သတိရနေတာ၊ နင်မသိဘူး၊ မဟုတ်လား။ ငါလွမ်းလို့ နင့်ဓာတ်ပုံကို ကြည့်တိုင်း … ငါငိုခဲ့ရတဲ့ နေ့ရက်တွေ မရေတွက်နိုင်တော့ဘူး။ ီငမေပ မြောက်များစွာမှာ နင့်ကို သတိရတဲ့အကြောင်းရေးခဲ့တာ နင်သိရဲ့လား။ ငါဘယ်သူကို ရင်ဖွင့်ရမလဲ၊ ငါ့ဘဝမှာ သူငယ်ချင်းဆိုလို့ နင်ပဲရှိခဲ့တာ။ အပေါင်းအသင်းကို ငါရင်ဖွင့်ရလောက်အောင် ငါမယုံကြည် ဘူး။ နင်ကတော့ ငါ့ကိုမုန်းဖို့ပဲတတ်တယ်။ ငါ့ကိုစိတ်နာပြီး ငါမတွေ့မမြင်ရတဲ့နေရာကို ရက်စက်စွာနဲ့ ထွက်သွားခဲ့တယ်။ နင့်ကိုတွေ့မြင်ဖို့တောင် အခွင့်အရေးမပေးခဲ့ဘူး။ နင် သိပ်ချစ်တတ်တဲ့ချစ်သူပီသ သလို ရက်စက်တတ်တဲ့ချစ်သူလည်း ပီသခဲ့တယ်။
နင့်ကို ငါမကျေနပ်ဘူး။ ငါတို့နှစ်ယောက်ကမုန်းပြီး လမ်းခွဲစရာမှမလိုတာ။ အခြေအနေမပေးခဲ့ကြလို့ ချစ်လျှက်နဲ့ ဝေးကြရတဲ့ ချစ်သူတွေပဲ။ နင်ဒီလောက်ထိ မရက်စက်သင့် ဘူး။ အရင်တုန်းကစိတ်နဲ့ဆို ငါပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ၊ နင့်ဆီကိုပြေးလာပြီး နင်ကျောကုန်းကို ထုပစ်မိမှာ။ နင်က စိမ်းနေပြီဆိုတော့ ငါ့ကိုဂရုမစိုက်သလိုလုပ်ခဲ့ရင် ငါရှက်လွန်း လို့သေသွားနိုင်တယ်။ နင်နဲ့တွေ့မှ မာနကြီးတတ်တဲ့ငါ ဝမ်းနည်းအားငယ်နေတတ်ပြီ၊ အဲဒါ … နင့်ကြောင့် သိရဲ့ လား …။
ငါ့ကိုပျော်ရွှင်မှုတွေပေးခဲ့တာလဲနင် ဝမ်းနည်းကြေကွဲ စေခဲ့တာလဲ နင်ပဲ။
““ငါ နင့်ကို နှုတ်ဆက်ခဲ့ပါတယ် …””
နင်နောက်ဆုံးငါ့ကို ပြောသွားခဲ့တာလေ။ အဲဒီနေ့ ကတည်းက နင့်ကို မတွေ့ခဲ့ရတာ အခုချိန်ထိပဲ …။ နင့်အကြောင်းကို ငါသိခဲ့ရတာနည်းနည်းလေးပါ။ နင်ရန်ကုန် ကိုသွားပြီတဲ့။ လအနည်းငယ်ကြာတော့ နင့်အမေက နင်စင်ကာပူက နင့်ဦးလေးဆီသွားပြီးဆိုတဲ့ အကြောင်းကို ငါ့ရှေ့မှာ ပြောပြီးလာငိုတယ်။ နင့်အမေက တစ်မျိုးပဲနော်။ နင်နဲ့ငါရဲ့ ဇာတ်လမ်းမှာ အဓိကကျခဲ့တဲ့ နင့်အမေက ငါ့ကို နင့်အကြောင်း ဘာလို့ပြောပြရတာလဲ။ ငါရှေ့မှာ နင့်အမေ ငိုနေခဲ့တယ်။ တကယ်ဆို ငါ့ကငိုပြီး၊ သူကဝမ်းသာနေရမှာ လေ။ အေးလေ …သားအမိနှစ်ယောက်ပဲ ရှိတဲ့ နင့်အမေ့မှာ နင့်ကို သူဘယ်ခွဲချင်ပါ့မလဲနော်။ မိခင်ဆိုတော့ ငိုမှာပေါ့။ ငါစာနာနိုင်ပါတယ်။ ငါ့ကိုသာ စာနာမူ ဘယ်သူမှမပေးခဲ့ တာပါ။ အဲဒီထဲမှာ နင်ကထိပ်ဆုံးပဲ။
ငေးကြည့်နေတဲ့ ငါ့အကြည့်မှာ ခြေစုံရပ်သွားတဲ့ နင့်ကို အဝေးကမြင်နေရတယ်။ ဘုရားကျောင်းရှေ့မှာ မတ်တပ်ရပ်နေတဲ့ ငါ့ကိုနင်မြင်တွေ့သွားပြီပေါ့။ နင်ငါ့ကို မြင်တော့ ဘယ်လိုခံစားရလဲ။ မသိနိုင်ပေမယ့် ငါသိချင်တယ်။ အတန်ငယ်ဝေးနေလို့ နင့်သဏ္ဍာန်ကို ငါခန့်မှန်းလို့မရဘူး။
ငါကရော ဘုရားကျောင်းထဲ ဝင်ရမလား၊ နင့်ကိုနှုတ်ဆက်ဖို့စောင့်နေရ မလား၊ဒီနေရာကနေ နင်အနား ရောက်မလာ ခင် အိမ်ပဲပြန်ရမလား၊ တစ်ချိန်တစ်ခါက ချစ်သူကိုဘယ်လို ဆက်ဆံရမလဲ ငါမသိဘူး။ ငါချစ်ခဲ့တာ နင့်တစ်ယောက်တည်းလေ။ လွန်ခဲ့တဲ့သုံးနှစ်ကထက်တော့ ငါရင့်ကျက် သင့်ပြီနော်။ ဒါပေမယ့် နင်နဲ့ပတ်သက် လာရင် အရင်တုန်းကငါဟာ အခုငါပါပဲ။ ပြောင်းလဲလို့ မရခဲ့ဘူး။ ငါ့ရင်ဘတ်ထဲက ကျမ်းစာအုပ်ကို ပိုက်ထားတဲ့ ငါ့လက်က တုန်လာသလိုပဲ။ နင်သိသွားမှာ ငါရှက်တယ်။
ငါ့ရဲ့ဆုံးဖြတ်ချက်တွေ မပီပြင်ခင် မှာပဲ နင်ငါ့ဆီကိုလျှောက်လာခဲ့ပြီ။ ငါဘာလုပ် ရမလဲ …။ ငါ့ဘက်က မပြောင်းလဲခဲ့တာ မှန်ပေမယ့်၊ နင့်ဘက်က ပြောင်းလဲနေခဲ့ရင် ငါ့ရဲ့ဆောက်တည်ရာမဲ့မှုကို နင်သတိထား မိသွားနိုင်တယ်။ ဟင့်အင်း  ….။ နင်မပြောင်းလဲနိုင်ပါဘူး။ နင်ငါ့ကို သိပ်ချစ်ခဲ့တာ ငါအသိဆုံးပါ။ နင်ငါ့အနား ရောက်ခဲ့ရင်။ ပထမဆုံး နင့်မျက်ဝန်းကို ငါကြည့်မယ်။ နင့်မျက်ဝန်းမှာ ငါ့အတွက် အချစ်ရှိမရှိ ငါလေ့လာမယ်။ နင့်မျက်ဝန်းရဲ့ အရိပ်တွေကို ငါသိနေဖို့  လွန်ခဲ့တဲ့နှစ်များစွာ ကတည်းက ငါဖတ်ခဲ့ပြီးသားပါ။ နင့်ခေါင်းကို ဘာလို့ ငုံ့ထားတာလဲ။
အို … ဘုရားသခင်။ နင့်လည်ပင်းမှာ ဆွဲကြိုးလေ။ ငါဘာလို့ မေ့နေရတာလဲ။ ငါ့လည်ပင်းမှာ ဆွဲထားတဲ့ ဆွဲကြိုးလေးနဲ့အတူလုပ်ခဲ့တာလေ။ ချစ်သူ ဖြစ်တဲ့ အထိမ်းအမှတ်အဖြစ် ငါ့နာမည် (ံ) နဲ့နင်နာမည် (ှ) နဲ့ စာလုံးဖော်ပြီး ဆွဲခဲ့ကြ တာလေ။ နင့်လည်ပင်းမှာ ခုထိရှိနေတုန်းပဲ။ ငါရင်ခုန်လိုက်တာမောင်ရယ်။ ငါ့မျက်ဝန်းကို မော့ကြည့်လိုက်စမ်းပါ။ နင့်ကိုချစ်တဲ့ ငါ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့လေ။ ငါအခု နင့်ရှေ့ရပ်နေရတာကို မရှက်တော့ပါဘူး။ ငါ့ရဲ့ ပျက်ယွင်းနေတဲ့အနေအထားကို နင်သိ လဲဘာဖြစ်လဲ။ နင့်လည်ပင်းက ဆွဲကြိုးရှိ နေသေးသမျှ ငါ့ကိုနင်ချစ်တုန်းဆိုတာ ငါသိ ပါပြီ။

““နင် … ပိန်သွားလိုက်တာ … နေရောကောင်းရဲ့လား …””

နှုတ်ဆက်သံနဲ့အတူ မော့ကြည့် လိုက်တဲ့နင့်မျက်ဝန်းမှာ မျက်ရည်တွေနဲ့ ပါလား။ ပန်းရောင်ထနေတဲ့ မျက်နှာနဲ့ မချိပြုံးတဲ့ နင့်အပြုံးကိုငါမြင်တွေ့ရချိန်မှာ ငါ့စိတ်ကို ငါမထိန်းနိုင်တော့ဘူးမောင်ရယ်။ ငါသွားပါရစေတော့ ဒီထက်တစ်စက်္ကန့် ကြာရင် နင့်ရင်ခွင်ထဲကိုရှိုက်ကြီးတငင် ငါ ငိုမိ လိမ့်မယ်။
နင့်ထက် ခံနိုင်ရည် အမြဲနည်းခဲ့တဲ့ ငါ့ကို ဒီတစ်ကြိမ်လည်းခွင့်လွတ်ပေးပါဦး။ နင့်ရှေ့က ငါလှည့်ထွက်ပြေးခဲ့ပြီ။ နောက်က အော်ခေါ်လိုက်တဲ့ နင့်အသံကို ငါကြားပေ မယ့် ငါအိမ်ပြန်မှဖြစ်မှာမို့ပါ မောင်ရယ်။

အခန်း (၂)

အိမ်အရောက်တွင် အခန်းတံခါး ပိတ်၍ကြိတ်ငိုမိသည်။ အမေ၏ စူးစမ်းမှုဖြင့် မေးသောမေးခွန်းများကိုအခန်းထဲမှ အလျင်း သင့်သလို ကျွန်မဖြေလိုက်သည်။ ဘာမှမဖြစ် ရင်ပြီးတာပဲဟုဆိုလျှက် အမေထွက်ခွာသွား သည်။ ဖြစ်ခဲ့တာပေါ့အမေ …။ အမေ့ သမီး မခံစားနိုင်လောက်တဲ့ခံစားချက်တွေ တနင့်တပိုး ခံစားနေရတယ်လေ။ အမေ့ ရင်ခွင်ထဲမှာ သမီးအားရပါးရ ပေါက်ကွဲချင် တယ်အမေ။ သမီးဘယ်လို ပေါက်ကွဲငိုရ မလဲ။ အမေ တယုတယနဲ့ထားခဲ့တဲ့သမီးဟာ မောင့်ကြောင့် ထိခိုက်ကွဲရှနေတဲ့ အဖြစ်ကို အမေသိခဲ့ရင် မောင့်ကို အမေမုန်းမှာပေါ့။ သမီးချစ်သူ စင်ကာပူကို သွားနေတယ်ဆိုတဲ့ အကြောင်းပြချက်သာ အမေ့ကိုသိစေချင် တယ်။ မောင့်ကို အမေမမုန်းစေချင်ဘူး။ သမီးနဲ့မောင့်အကြောင်းကို အမေမသိစေ ချင်ဘူး။ အနေရိုးအေးတဲ့ ရဝမ်တိုင်းရင်း သူအမေသည် ကျွန်မ၏ကိုယ်ကျင့်တရားကို ယုံကြည်နေခဲ့တာ ကျွန်မအတွက်အနေ ချောင်စေခဲ့သည်။
နင်ဘာဖြစ်ကျန်ခဲ့လည်း မောင် ရယ်။ နင့်ရှေ့မှာရပ်ပြီး၊ ဟန်လုပ်စကား ပြော      နိုင်လောက်တဲ့ခံနိုင်ရည် မရှိပါဘူး။ နင့်ရင်ခွင် ထဲငါငိုမိလိမ့်မယ်။ နင့်ခေါ်သံကို ငါကြားပေ မယ့် ငါပြေးထွက်လာခဲ့တာ ခွင့်လွတ်ပါဟာ။ တကယ်ဆို နှစ်များစွာလွမ်းဆွတ်ခဲ့ရတဲ့ နင့်မျက်နှာကို ငါကြည့်ခွင့်ရချင်တာပါ။ ငါခုထိ ငါ့စိတ်ထဲကခံစားချက်တွေကို မမျို သိပ်နိုင်သေးဘူး။
စာကြည့်စားပွဲတွင်ထောင်ထား သောမောင့်ဓာတ်ပုံ၊ အားရပါးရ ရယ်မောနေ သောပုံ၊ ဓာတ်ပုံမှန်ဘောင်ကို ပွတ်သပ်၍ ကျွန်မ၏မျက်ရည်များ လိမ့်ဆင်းလာသည်။ နင်မြန်မာနိုင်ငံကို ဘာဖြစ်လို့ ပြန်လာရတာ လဲ။ ငါ့ကိုဝေဒနာတွေ ထပ်ပေးချင်သေးလို့ လား။ကိုယ်ယောင်ပြပြီး၊ နင်ပြန်သွားဦးမှာပဲ မို့လား။ ငါ့နှလုံးသားက နင်နဲ့ပတ်သတ်ရင် အထိခိုက်မခံနိုင်တာ နင်သိပြီးသားပါ။ နင် ထားခဲ့ရက်လည်း အမှတ်မရှိတဲ့ငါ့နှလုံးသား က နင့်ကိုတမ်းတနေတတ်ဦးမှာပါ။
ဝေးကွာမှုတွေကြောင့် အနည်ထိုင် စပြုလာပြီလို့ ငါ့ကိုယ်ငါယုံကြည်ခဲ့တယ်။ အခု ငါ့ယုံကြည်မှုတွေ ဘယ်ဆီရောက်ကုန် ပြီလဲ။ နင့်ကို စက်္ကန့်ပိုင်းအတွေ့မှာ အားလုံး အရည်ပျော်ကျခဲ့ပြီ။ ငါ့ရဲ့ခံယူချက်၊ ဆုံးဖြတ် ချက်တွေကို ငါသံသယဝင်စပြုလာပြီဟာ။ ငါမှားခဲ့ပြီလား … နင်နဲ့ပတ်သတ်လို့လေ။
ငါ့ဦးနှောက်က အမှန်တရားတစ်ခု လို သတ်မှတ်ခဲ့ပေမယ့်၊ ငါ့နှလုံးသားကတော့ ငါ့ဦးနှောက်ကို အကြိမ်ကြိမ်အပြစ်တင်ခဲ့တာ ပါ။ နင့်ကိုချစ်တဲ့ ငါ့အချစ်မှာ တွေးတော ဆင်ခြင်မှုဆိုတဲ့ဦးနှောက်ကို အသုံးပြုမိတာ များခဲလား။ နင်မရှိတဲ့နောက်မှာ ငါအကြိမ် ကြိမ် မွန်းကျပ်ခဲ့ရတဲ့မေးခွန်းပါမောင်။ လူဆိုတာ သံသယတွေနဲ့ မွန်းကြပ်နေရတဲ့ သတ်္တဝါလား။ နောင်တတွေကို ငါ ခံစားရချိန် မှာ ငါတို့နှစ်ယောက်ရဲ့ဘဝတွေကိုငါကိုယ် တိုင်ရိုက်ချိုးခဲ့သူရယ်လို့ အပြစ်တင်နေမိ တယ်။ အမှန်တရားလို့ ခံစားရချိန်မှာ နီးစပ်မှု တစ်ခုအတွက်သက်သက်နဲ့ အချစ်ဆိုတာ ဖြစ်တည်ခွင့်ရှိရတာမှ မဟုတ်တာ။ ဝေးကွာ ခြင်းမှာလဲ အချစ်စစ်ဆိုတာ ဖြစ်တည်နေနိုင် သေးတာပဲလို့ အားတင်းအသက်ရှင်နေခဲ့ ရတယ်။
ရှည်လျားသော သက်ပြင်းရှည်တစ်ခုကို ကျွန်မချလိုက်မိသည်။ ကျွန်မနှင့် မောင်၏ အချစ်ဇာတ်လမ်းသည် ရိုးရှင်းမှု၊ ဆွတ်ပျံ့ ကြည်နူးပျော်ရွှင်မှုဖြင့်သာ အစပြုခဲ့ကြသည်။
မောင်ရှစ်တန်းနှစ်တွင် မောင့်အဖေသည် ပြည်မြို့ပြည်သူ့ဆေးရုံသို့ ဆေးရုံ အုပ်အဖြစ်ရန်ကုန်မှ ပြောင်းရွှေ့လာခဲ့ ကြသည်။ မြို့သစ် (၁၃)လမ်း၊ ခေတ်္တရာ အသင်းတော်ဘုရားကျောင်းတွင် ပါဝင်လာခဲ့ သောမောင်နှင့်ခင်မင်ခဲ့ကြသည်။ အ.ထ. က  (၁) တွင် တစ်ကျောင်းတည်း တက်ခဲ့ကြ သလို၊ တစ်ခန်းတည်းမှာပင် အတူတူတက်ခဲ့ ကြသည်။ တစ်နှစ်အကြာတွင် အခင်ဆုံး သူငယ်ချင်းအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။ ထိုကာလများသည် မောင်နှင့်ကျွန်မ၏ အပျော်ရွှင်ဆုံးသောကာလများ ဖြစ်မည်ထင် သည်။ စာတော်သောကျွန်မကို မောင်၏ သူငယ်ချင်းအဖြစ် မောင့်အမေ အသိအမှတ် ပြုခဲ့သည်။ မောင်သည် အနေတည်၍ အပေါင်းအသင်းနည်းသည်။
လွမ်းတယ်မောင်ရယ်။ အရင်တုန်း က မောင်နဲ့ကျွန်မရဲ့ သူငယ်ချင်းဘဝကိုပေါ့။
ဂိမာန်နွေရဲ့သစ်ရွက်ခြောက်တွေကြားမှာ ကျွန်မကလက်တန်းကဗျာစပ်ခဲ့ပြီး မောင်က ကျွန်မကဗျာတွေကိုဖတ်တဲ့ တစ်ဦးတည်း သောပရိသတ်အဖြစ် ရှိခဲ့ဖူးသည်။
ဝဿန်မိုးတွေ သွန်းဖြိုးချိန်မှာတော့ ကျောင်းအဆင်းမိုးရေတွေကြားထဲ ဖြူစင် သောမေတ်္တာ သံယောဇဉ်တို့ဖြင့် နှစ်ဦးသား မိုးရေထဲစက်ဘီးနင်းခဲ့ကြသည်။ စာအုပ်တွေ လဲစို၊ နှလုံးသားတွေလဲစိုလို့ရွှဲလို့။
ဟေမန်နှင်းတို့ကြွေခဲ့တဲ့ နံနက်ခင်း တစ်ချို့မှာ မောင်ကဂီတာတီးပြီး သီချင်းဆို ချိန် ကျွန်မက ငြိမ်သက်စွာနားဆင်ခဲ့ဖူး သည်။ မောင်၏သြရှရှအသံကိုစွဲမက်လို့ မဆုံးခဲ့ပါ။
ငါတို့နှစ်ယောက်ရဲ့ ကြည်နူးမှု ပြည့်လျှံနေတဲ့ဘဝကို ဘယ်အရာမျှအနှောင့် အယှက်အဖြစ် မဝေးကွာစေနိုင်ဘူးလို့  နင်ရောငါရော ထင်မှတ်ခဲ့ကြတယ်။ ဘာသာ တူ၊ ဝါသနာတူ၊ အချစ်ချင်းတူတဲ့ အချစ်ခရီး လမ်းဟာ ဘုရားသခင်စီရင်ပေးပါလိမ့်မယ်။ ငါတို့ မိန်းခလေးတွေရဲ့ဘဝမှာ ဘုရားသခင် ရဲ့ အလိုတော်ကို (အချစ်အတွက်) စောင့်စား နေရုံကလွဲလို့ ဘာများတတ်နိုင်ဦးမှာလဲဟာ။ အချစ်စစ်တို့ရဲ့လမ်းတိုင်း မဖြောင့်ဖြူးခဲ့ဘူး လို့ ယူဆရတော့မှာပေါ့။
““အမိုး သမီးကိုချစ်ပါတယ်။ အမိုးကို ရှေးရိုးဆန်တယ်လို့ပဲ စွပ်စွဲလိုက်ပါ တော့သမီးရယ်၊
အမိုး ကရင်ချွေးမပဲ လိုချင်တယ် ကွယ်။ အမိုးကို ခွင့်လွှတ်စေချင်တယ် သမီး ရယ်””
နင့်အမေစကားအဆုံးမှာ ငါ့ရင် တစ်ခုလုံး ဗြောင်းဆန်သွားခဲ့တယ်။ ငါရှက် လဲ ရှက်တယ်ဟာ။ နင်စဉ်းစား ကြည့်စမ်းပါ။ သားရှင်ရဲ့အမေက သမီးရှင်ဘက်ကို သဘောမတူပါဘူးလို့ အပြောခံရတာ လောက် မိန်းကလေးတစ်ဦးရဲ့ဘဝမှာခံပြင်း အားငယ်စရာ၊ ရှက်စရာကောင်းတာ ဘာရှိ ဦးမှာလဲ။ ငါ့မာနတွေ အရောင်ထွက်လာတာ ငါ့မှာ ဘာအပြစ်ရှိလို့လဲ။ အပြစ်မရှိတာကို အပြစ်လို့ခွဲတဲ့ နင့်အမေကို ငါမကျေနပ်ဘူး။ နင်နဲ့ခွဲရမယ့်အကြောင်း စကားအဖြစ်နဲ့တင် မဟုတ်ဘူး။ အတွေးထဲတောင် မတွေးကြည့် ဝံ့ခဲ့တဲ့ငါပါဟာ။
နောက်တစ်နေ့ နင်ရောက်လာခဲ့ တယ်။ ငါ့ဘဝရဲ့ နေ့များစွာထဲမှာ အဲဒီနေ့ကို ငါအမုန်းဆုံးပဲ။ နင့်ကိုငါ နောက်ဆုံးတွေ့ခဲ့ တဲ့နေ့လေ။ ငါတို့နှစ်ယောက် မင်းကြီး တောင်ခြေကိုသွားခဲ့ကြတယ်။ နင်မျက်နှာ မကောင်းဘူး။ ဒီလိုပဲ။ ငါ့မျက်နှာလည်း ညှိုးငယ်နေမှာအမှန်ပဲနော်။ တို့နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် နဝဒေးတံတားကို မျက်နှာမူလို့ ထိုင်နေခဲ့ကြတယ်။ ပြည်မြို့က အလှပဆုံးမြင်ကွင်းတွေဟာ ငါတို့နှစ် ယောက်ရဲ့ အပူတွေကြောင့် မှုန်မှိုင်းနေကြ တယ်။
““နင်ငါ့ကိုချစ်တယ်မို့လား . . . ထား””
ဝဲကျလာတဲ့  ငါ့မျက်ရည်ကိုသုတ် ရင်း နင့်ကိုမကြည့်ပဲခေါင်းညိတ်လိုက်တယ်။ ငါ့လက်ကို နင်ဆုတ်ကိုင်လိုက်ပြီး . . . အတန်ကြာမှ။
““နင့်ကိုငါ မခွဲနိုင်ဘူးဟာ၊ နင်နဲ့ငါ အဝေးဆုံးကို ထွက်ပြေးကြမယ်လေ။ နင် ငါ့နောက်ကိုလိုက်ခဲ့မယ် မဟုတ်လား””
မောင့်စကားကြောင့် ကျွန်မလန့် ဖြန့်သွားခဲ့သည်။ တဆက်တည်း ကျွန်မ အမေ၏မျက်နှာကို မြင်ယောင်လာခဲ့သည်။ မဖြစ်သင့်ပါဘူး။ ဘုရားသခင်ဩ ငါတို့ နှစ် ယောက်ရဲ့အနာဂတ်ဟာ သည်လောက်ထိ မစုတ်ပြတ်သင့်ပါဘူး။ မညှိုးနွမ်းရဘူး။ ကျွန်မစိတ်လှုပ်ရှားစွာဖြင့် မောင်ကိုင်ထား သောကျွန်မလက်ကို ရုန်းမိလေသည်။ ဆယ်တန်းအောင်ခါစ၊ ပြည်တက်္ကသိုလ် အတူတက်ပြီးဘွ့ဲရကြတော့မှ ဘုရားကျောင်း မှာ လက်ထပ်ကြမည်ဟု ကျွန်မနှင့်မောင် တိုင်ပင်ခဲ့ကြသည်။ ကျွန်မတို့၏အနာဂတ် အတွေးများသည် အခု မရေရာကြတော့ဘူး လား။
ဘုရားသခင်သည် ခိုးယူပေါင်း သင်းသောဇနီးမောင်နှံကို အမင်္ဂလာဟု သတ်မှတ်၍ မနှစ်မြို့ပါ။ ကျွန်မ အမေသည် အရွယ်ရောက်သောအချိန်မှ သမ်္မာကျမ်းစာ တွင် ဘုရားသခင်သွန်သင်မှုများကို ဆုံးမခဲ့ သည်။ ကျွန်မ လုပ်ရပ်ကြောင့် ဝမ်းနည်းသွား ကြမည်ဖြစ်သော ကျွန်မ၏မိဘ၊ အသိုင်း အဝိုင်းများ။ မောင်ကရော ခုချိန်မှာ ကျွန်မ အားကိုးထိုက်သော ယောကျ်ားတစ်ဦးရဲ့ အရည်အချင်းပြည့်စုံပါပြီလား။ အချစ်ကို ယုံကြည်ပေမယ့် မောင်တို့ ယောကျ်ားတွေရဲ့ ဘဝဒဏ်ကိုမခံနိုင်မှုများကို မေမေကျွန်မကို ပြောပြခဲ့ဖူးသည်။
မောင့်စကားတစ်ခွန်းတည်း၌ပင် ကျွန်မ၏အတွေးများ သွေးပျက်ခမန်း ဖြစ်ခဲ့ရ သည်။ အချစ်နှင့်ဘဝသည် အချိန်အခါ မရှိဘဲရောစပ်သင့်ပါသလား။ ထိုချိန်က ကျွန်မအသိချင်ဆုံး၊ မေးခွန်းဖြစ်မည်ထင် သည်။ မောင့်နောက် ကျွန်မလိုက်ခဲ့ပါရဲ့။ ဘုရားသခင်က ခွင့်လွှတ်တယ်ထားအုံး၊ ကျွန်မတို့ပတ်ဝန်းကျင်ကို ဒီအဖြစ်ဆိုးကြောင့် ဘယ်လိုဖြတ်သန်းကြမလဲ။ မောင်ကရော အချစ်စိတ်မွန်းကြပ်နေချိန်မို့ မတွေးတော ခဲ့တဲ့အရာတွေ တည်ငြိမ်သွားချိန်မှာတော့ ပတ်ဝန်းကျင်ရဲ့ တီးတိုးပြောဆိုမှုတွေကို ခံနိုင် ရည်ရှိပါ့မလား။ ခံနိုင်ရည်မရှိလို့ ပြည်မြို့ရဲ့ အဝေးကို သွားကြမယ်ဆိုပါစို့။ ကျွန်မရဲ့ မိဘတွေကို  မထားရက်ခဲ့နိုင်ဘူးမောင်ရယ်။ အတွေးများကြောင့် ကျွန်မဦးနှောက်တွေ ထူပူကုန်သည်။
ကျွန်မ ဝမ်းနည်းစွာ ငိုချလိုက်မိ သည်။
““မဖြစ်နိုင်တာတွေ၊ မပြောနဲ့ဟာ …””
ထိုင်နေရာမှ မောင်ထ၍ ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် လုပ်နေသည်။ မောင်ရယ် နင့်နောက်ခိုးရာ လိုက်မှ ငါနင့်ကိုရမယ်ဆိုရင် ငါ့ရင်အကွဲခံ လိုက်တော့မယ်။ ငါ့ရဲ့မာနကို ခွင့်လွတ်ပါ။ နင်မို့ခိုးရာနောက်လိုက်ဖို့ ခေါ်ရက်တယ်လို့လဲ မထင်ရက်ပါဘူး။ နင်ငါ့ကို ချစ်လွန်းလို့သာ နင့်ဆီမှာ မိုက်ကန်းတဲ့အတွေးတွေ ရှိနေရ တာပေါ့။ ငါက မိန်းခလေးမောင်ရဲ့၊ နင်မိုက် တိုင်း ငါ့မှာ မိုက်ဖို့ အခွင့်မရှိဘူး။ နင်နဲ့ငါ ဘဝနစ်မွန်းဖို့ နင့်အလိုကို ငါလက်မခံပါရစေ နဲ့။ ပြဿနာတိုင်းမှာ ဖြေရှင်းဖို့ တနည်းတည်း ရှိတာမှမဟုတ်တာ။ ခေါင်းအေးအေးနဲ့ တွေးရင် နည်းလမ်းကောင်းထွက်စမြဲပါ။ ငါယုံတယ် နင်နဲ့ငါရဲ့အချစ်ဟာ စစ်မှန်ခဲ့မယ် ဆိုရင် ဘုရားသခင်ပစ်မထားရက်ပါဘူး။ နင်နားလည်အောင် ငါဘယ်လိုပြောပြရပါ့ မလဲ။
မောင်လမ်းလျှောက် ရပ်သွား သည်။ ထို့နောက် ကျွန်မပခုံးနှစ်ဖက်ကို ဆုပ်ကိုင်၍
““ငါ့ကို မယုံလို့လား၊ ငါယောကျ်ား ပါ၊ ငါဘာလုပ်သင့်တယ်ဆိုတာ ငါသိတယ်၊ သူတို့တတွေ ငါတို့နှစ်ယောက်ရဲ့အချစ်တွေ ကို ခွဲကြတော့မယ်၊ ငါအခွဲမခံနိုင်ဘူး၊ နင်ငါ့ ကိုခွဲနိုင်လို့လား၊ပြောစမ်းပါ၊ နင်ငါ့ကို ခွဲသွား တော့မှာလား””
ကျွန်မ အော်၍သာငိုလိုက်ချင် တော့သည်။ဒေါသတစ်ဝက်၊ ကြေကွဲမှု တစ်ဝက်ဖြင့်ပြောနေသော မောင့်ကို ကျွန်မ စိတ်ဆိုးလာသည်။ လုပ်ချင်တာကိုသာ စိတ်ထဲထည့်တားတတ်သော မောင့်ကို ပထမဆုံးအကြိမ် စိတ်ပျက်မိသည်။ ကျွန်မ မောင့်ကိုမခွဲနိုင်မှန်း မောင်သိပြီးသားပါ။
““ငါတို့မှာ ဖြေရှင်းဖို့နည်းလမ်းတစ် လမ်းတည်းရှိတာမဟုတ်ဘူး။ အေး . .. ငါနင့်ကို နောက်ဆုံး ပြောမယ်။
တစ်လမ်းပဲရှိရင်တောင် ဒီနည်း လမ်းဆို ငါဘယ်တော့မှမသုံးဘူး။ နင် ခေါင်း အေးအေးစဉ်းစားစမ်းပါ””
ကျွန်မအသံ အနည်းငယ်မာသွား သည်။ မောင့်ကို မော့ကြည့်လိုက်သောအခါ မောင်သည် ကျွန်မကို အံ့သြစွာဖြင့် မှင်သက် ကြည့်နေသည်။ မောင့်မျက်ဝန်းတို့သည် အုံ့မှိုင်းရီဝေလာသည်။ မောင့်မျက်ဝန်း အုံ့မှိုင်း သကဲ့သို့  မင်းကြီးတောင်ခြေ၌ မိုးသားများ အုံ့မှိုင်းလာသည်။ လေများတိုက်ခတ် လာသောကြောင့် မောင့်အင်္ကျီသည် တဖျတ် ဖျတ် လွှင့်နေသည်။ မောင့်ဆံပင်တို့သည် လွင့်လွင့်ဝဲ၀ဲ။ မထင်မှတ်စွာ မောင်သည် တစ်ခုခုကိုနာကျဉ်းသလိုဖြင့် ရယ်နေသည်။ ငါ စိတ်မကောင်းပါဘူး မောင်ရယ်။ နင်နဲ့ငါ့ရဲ့အနာဂတ်ဟာ လှပသင့်ပါတယ်။ နင့်ရယ်သံက ငါ့ရင်ကို စိတ်အထိခိုက်ဆုံးနှင့် စိတ်အပျက်ဆုံးကို ဖြစ်စေခဲ့တယ်။ နင့်ရယ်သံ ကို ငါသိပါတယ်မောင်ရယ်။
ငါ့ကို တစ်ဖက်သတ်စွပ်စွဲလိုက်တဲ့ ရယ်သံလေ။ ငါ့သိက်္ခာတရားထက် နင့်ကိုပို မချစ်ဘူး၊ နင့်ကိုငါ မယုံကြည်ဘူး၊ နင်ချစ်တာ လောက်ငါနင့်ကိုမချစ်ဘူး ဒီစကားတွေပါဝင် တဲ့ နင့်ရယ်သံနဲ့ ငါ့ကိုစွပ်စွဲထင်မှတ်သွားပြီ လေ။ နင့်ကို မချော့တော့ပါဘူး။ နင်စိတ် ပြေမှ ငါချော့တော့မယ်ဆိုပြီး နင့်ကို ဥပကေ်္ခာ ပြုလိုက်တယ်။ ဒါဟာ ငါ့ရဲ့ အကြီးမားဆုံး မှားယွင်းမှုဖြစ်ခဲ့တာ လွန်မှသိခဲ့ရတယ်လေ။
““ငါ နင့်ကို အိမ်ပြန်ပို့ပေးမယ် …””
မျက်ရည်ဝဲ၀ဲနဲ့ စက်ဘီးယူထွက် သွားတဲ့ နင့်နောက်ကျောကို ငါကြည့်ပြီး ပြုံးခဲ့ မိတယ်။ ငါတို့အိမ်ပြန်လမ်းမှာ မိုးတွေရွာလာ ခဲ့တယ်။ မိုးရေနဲ့အတူ နင်ငိုနေခဲ့လား။ တစ်လမ်းလုံး စကားမပြောခဲ့ကြပဲ ငါ့အိမ်ရှေ့ ကျမှ
““ငါ နင့်ကို နှုတ်ဆက်ခဲ့ပါတယ်””
ပြောပြီး နင်ထွက်သွားခဲ့တယ်။ ငါ့ ရင်ထဲတစ်ခုခုကို ဆုံးရှုံးရတော့မလိုနဲ့ ဝမ်း နည်းမိတယ်။ နင်တော့ ဘယ်သိပါ့မလဲ။ ငါ့အိမ်ရှေ့ကနေ မိုးရွာရွာထဲမှာ နင့်နောက် ကျော ပျောက်ကွယ်သွားတဲ့အထိကို ငေး ကြည့်နေမိခဲ့တယ်။
ထိုနေ့မှစ၍ မောင်သည် ကျွန်မ ဘဝထဲမှ ပုန်းရှောင်သွားခဲ့သည်။ မောင် ပုန်း ရှောင်ခဲ့သော်လည်း ကျွန်မ၏နှလုံးသားမှ မောင့်ခြေရာများသည် ကျွန်မကို ယနေ့ချိန်ထိ လွမ်းဆွတ်နာကျင်စေခဲ့သည်။ မောင်ခေါ်ရာ နောက်သို့ မလိုက်ခဲ့သောကျွန်မသည် မောင့်ကို ထားရစ်စေခဲ့တာလား၊ ကျွန်မ မတွေ့နိုင်သောနေရာသို့ ရှောင်ပုန်းခဲ့သော မောင်သည် ကျွန်မကို ထားရစ်ခဲ့တာလား။ နားလည်လက်ခံလာအောင် ဖြေရှင်းဖြောင်းဖျ ဖို့ နှောင့်နှေးခဲ့သော ကျွန်မသာလျှင် နောက် ဆုံးတရားခံ ဖြစ်မည်ထင်သည်။
ထမင်းစားခန်းမှ ထမင်းစားရန် အတွက် အစ်မခေါ်သံကြောင့် ကျွန်မ၏ အတွေးကမ်္ဘာမှ လန့်နိုးလာခဲ့သည်။ မောင့် ဓါတ်ပုံမှန်ဘောင်ကို နေရာတကျပြန်ထား လိုက်၍ အမေ့ကို လာမည်ဟုဖြေလိုက်သည်။ ီငမေပ ရေးလက်စာအုပ်ကိုယူလိုက်သည်။ ဘောပင်ယူ၍ီငမေပတွင် ကဗျာတစ်ပုဒ်ကို စပ်ဆိုလိုက်မိသည်။

““အချစ်ဦးမို့
မေ့ဖူးပါဘူး
ကြမ်္မာမဆိုင်
ကံမဆုံလည်း
မောင်ပျော်စေကြောင်း
ဆုတောင်းနေမည်””
အခန်း(၃)

နောက်ဆုံးချိန် ဃူေျျတက်ချိန်ကို မတက်တော့ပဲ အိမ်ပြန်ရန် ဆုံးဖြတ်လိုက် သည်။အခန်းထဲမှထွက်၍ကော်ရစ်တာ အတိုင်း လမ်းလျှောက်လာခဲ့သည်။ တစ် ယောက်တည်း ဘယ်သွားရမှန်းမသိ။ သူငယ်ချင်းများသည် အခန်းထဲမှာ စာဆက် သင် နေခဲ့ကြသည်။ တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်းသာ နေချင်သည်။ မောင်ရေ၊ နင်မရှိတဲ့ ပြည်တက်္ကသိုလ်မှာ ငါ့အတွက်တော့ ဘာတစ်ခုမှ အဓိပ်္ပါယ်တစုံ တရာမရှိခဲ့ဘူး။ လွင့်မျောနေသောစိတ်တွေကို သက်သာလိုသက်သာငြား ဘယ်ကိုသွား ရမလဲ  အတွေးဖြင့်ရှုတ်ထွေးဆဲ။
““ထား …””
နောက်ကျောဆီမှခေါ်သံ။ ချက် ချင်းသိလိုက်တဲ့ ငါ့အသိမှာ … နင်တစ်ဦး တည်းသာ ငါ့ကို ““ထား”” လို့ ခေါ်ခွင့်ရခဲ့ တဲ့သူပဲရှိတယ်။ အံသြမှု တဒင်္ဂကဖြင့် နောက် လှည့်ကြည့်မိသည်။ နင်ငါ့ဆီကို ရောက်လာ ပြီပေါ့နော်။
““မောင် …””
မျက်ခုံးနှစ်ဖက်ကျုံ့ပြီး ပြုံးနေတဲ့ နင့်မျက် ဝန်းမှာ မျက်ရည်တွေနဲ့။ မချိပြုံးမို့ ထင်ပါရဲ့ နင့်အပြုံး က မဲ့တဲ့တဲ့ဖြစ်သွားတယ်။ နင်က အရင်တိုင်းပဲနော်။ ခုထိ … ဂျင်းပန် ကြိုက်တုန်းပဲ။
““ငါ့ကို မောင်လို့ခေါ်တဲ့အတွက် ကျေးဇူး တင်ပါတယ်။ ထားရယ် …””
မျက်ရည်မကျအောင်ထိန်းနေရတဲ့ နင့်မျက် တောင်တွေက ပုတ်ခတ်၊ ပုတ်ခတ်နဲ့၊ ငါ့မျက်ဝန်းက မျက်ရည်တွေကတော့ ငါမထိန်းချုပ်ခင်မှာ စီးကျနေပြီ …။
““ငါတို့တစ်နေရာမှာ စကားပြောရအောင်၊ နင် ဃူေျျ ပြီးပြီလား …””
ခေါင်းညိတ်မှုမဆုံးခင်မှာ မောင့်လက်တစ် ဖက်က ကျွန်မလက်တစ်ဖက်ကို ဆုတ်ကိုင်လာသည်။ လေးထပ်ဆောင်ရှေ့အစွန် ဆိုင်ကယ်အပ်ထားရာ ဆီသို့ လျှောက်လာခဲ့ကြသည်။ မောင့်ခါးကိုဖက်၍ ပြည်တက်္ကသိုလ်မှ မင်းကြီးတောင်ခြေသို့ ဦးတည် မောင်းနှင်သွားသည်။ တောင်ခြေထိပ်တွင် ဆိုင်ကယ် ကိုရပ်၍ ဧရာဝတီမြစ်ပြင်ကျယ်၊ နဝဒေးတံတားကို စီးမိုးမြင်နိုင်သော ထိုင်ခုံပေါ်သို့ ထိုင်လိုက်ကြသည်။ သုံးနှစ်ခွဲတောင်ပျောက်ဆုံးနေခဲ့သည့် မောင့်မျက်နှာ ကို လွမ်းဆွတ်မှုများစွာဖြင့် ငေးမောကြည့်နေမိသည်။ မောင်ကပိန်၍ အသားပိုဖြူလာသည်။ အရင်ကမရှိခဲ့ သော ပါးသိုင်းမွှေးများက ရိတ်ခါစမို့ထင်၏ စိမ်းစိမ်း လေးများဖြစ်နေသည်။
ငါ့ရင်ထဲ နင့်ကိုမေးစရာတွေ အများကြီး။ သုံးနှစ်ခွဲအတွင်း နင့်ဘဝကို ဘယ်လို ဖြတ်သန်းခဲ့လဲ။ သူများ နိုင်ငံမှာ အဆင်ပြေရဲ့လား။ နင့်ရဲ့ခံစားချက် အတွေးအခေါ်တွေ ဘယ်ထိပြောင်းလဲသွားပြီလဲ။ နင်ဘာလို့ ပြန်လာတာလဲ။ အို …နင့်အကြောင်း တွေ ငါသိချင်နေတာအများကြီးပါ။ နင်ငါ့ကို စိတ်နာမှုတွေ ပျောက်သွား ပြီလား။ ခုနင် ငါ့အနားရှိနေတာကို အိပ်မက်မက်နေသလိုပဲ ခံစားရ တယ်။ အိပ်မက်လေးထဲမှာ မနိုးထပါ ရစေနဲ့နော်။ ရှိုက်သံ။ မောင် နင်ငိုနေတာ။ ငိုပေါ့မောင်ရယ်။ ယောကျ်ားတစ်ယောက်မှာလည်း အသည်းနှလုံးနဲ့ပါပဲ။ နင် ဘာရှက် စရာရှိလဲ။ သိပ်ချစ်ကြတဲ့ ချစ်သူ နှစ်ဦး မဆုံနိုင်လို့ ငိုတဲ့မျက်ရည်ဟာ အဓိပ်္ပါယ်ရှိပါတယ်။
ငါ့လက်နဲ့ နင့်ဆံပင်တွေ ကို ပွတ်သပ်နှစ်သိမ့်နေရင်း ငါလည်း ငိုနေတာပဲ၊ ဘာဖြစ်လဲနော်။ ကိန်္ဒရီ၊ ကိန်္ဒရာတောင် တစ်ညလေးခွဲရတာ ကို နှစ်ပေါင်းများစွာငိုသေးတာပဲ။ တို့နှစ်ယောက်က သုံးနှစ်ခွဲတောင်ခွဲခဲ့ကြရ တာပဲ။ မောင့်လက်အစုံသည် ကျွန်မ လက် တစ်ဖက်ကိုဆုတ်ကိုင်၍ မောင့်မျက်နှာနှင့် ဖိ ကပ်ထားသည်။         ““ငါ့ကို ခွင့်လွတ် ပါ “ထား”ရာ၊ အရင်တုန်းကအတွက်ရော၊ အခုအတွက်ရော …””
နင့်ကိုငါဘယ်တုန်းကမှ ခွင့်မလွှတ် ခဲ့တာ မရှိခဲ့ပါဘူး။ နင်သိပြီး ဖြစ်မှာပါ။ အရင် တုန်းကအတွက်ရော အခုအတွက်ရောတဲ့ လား။ အရင်တုန်းကတောင် ခွင့်လွှတ် ချစ်နေ ခဲ့သေးတာ အခုအတွက်တော့ နင်ဘယ်လို ဆုံးဖြတ်၊ ဆုံးဖြတ် ငါခွင့်လွှတ်ချစ်နေဦးမှာပါပဲ မောင်ရယ်။ မိန်းမတွေရဲ့ အချစ်နဲ့သစ်္စာ တရားဟာ နင်တို့ယောကျာ်းတွေထက် အမြဲ ပိုသာနေခဲ့ပြီးသားပါ။ ခံနိုင်ရည်စွမ်းရည်လည်း အချစ်အတွက်ပိုရှိခဲ့တာကြီးပါပဲ။ နင်ငါ့ကို ချစ်နေတုန်းဆိုတာသိရရုံနဲ့တင် ငါ အရာရာ ရင်ဆိုင်ဖို့ အသင့်ရှိနေပြီလေ။
““ငါ့ကြောင့် နင့်မှာနာကျင်မှုတွေ တနင့်တပိုးခံစားခဲ့ရတယ်။ ငါ့ကြောင့် နင့်ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတယ်။ ငါအသုံးမကျမှုကြောင့် နင်နဲ့ဝေးခဲ့ရတယ်။ ငါ့ကြောင့် တစ်ခုတည်းပါထားရာ၊ နင်ငါ့ကို ချစ်နေဆဲပဲဆိုတာ သိလိုက်ရတော့ ငါ့ကိုယ်ငါ ယူကြုံးမရ ဖြစ်မိတယ်ဟာ …၊ နင်ပေးတဲ့ အချစ်နဲ့ ငါမထိုက်တန်တော့ပါဘူး””
““နင့်ကြောင့် မဟုတ်ပါဘူးဟာ …၊ စာတန်ရဲ့ လှည့်စားမှုတစ်ခုပါ မောင် ရယ် …””
မောင်ရယ်၊ငါက ကရင်မလေးဖြစ် လိုက်ရင် (ဒါမှမဟုတ်) နင်ကကရင်လူမျိုး မဟုတ်ခဲ့ရင် ငါတို့ရဲ့အချစ်တွေဟာ သာယာ ဖြောင့်ဖြူးနိုင်မယ်ထင်ပါရဲ့နော်။ ခုတော့ ပဉ်္စလက်ဆန်တဲ့လောကကြီးမှာ ရှင်ကွဲကွဲ နေကြပြီ လူကြီးမိဘကသဘောမတူလို့ ခိုးပြေးကြပါပြီတဲ့ … နင့်အသိုင်းအဝိုင်း၊ ငါ့အသိုင်းအဝိုင်းကြားမှာ တင့်တယ်တဲ့ အိမ်ထောင်တစ်ခုကို ထူထောင်လို့ရပါ့ မလား။ နင်နဲ့ငါ မွေးလာမယ့်သားသမီး တွေ ကို ငါတို့ဘယ်လိုပုံသက်သေနဲ့ ဘာသာ တရားနဲ့အညီဆုံးမကြမလဲ။ ပုံသက်သေ ကောင်းမပြနိုင်တဲ့မိခင်၊ ဖခင်အဖြစ်မခံနိုင်ဘူး မောင်၊ တို့နှစ်ယောက်ဝေးကြရတာမှ ကောင်း ဦးမယ်။ အနာဂတ်ကိုသိခဲ့လို့ နင်ခေါ်ရာ နောက် ငါမလိုက်နိုင်ခဲ့တာပါ။
““အချစ်ဆိုတာ နီးခြင်း၊ ဝေးခြင်း ပေါ်မှာ အခြေမခံပါဘူး။ ချစ်နေဖို့သာ လိုတာပါဟာ …””
မျက်ရည်ခမ်းခြောက်စမို့ နီရဲမို့အစ် နေသောမောင့်မျက်ဝန်းများက တအံ့တသြ ဖြင့် ကျွန်မကိုငေးကြည့်နေသည်။ ““ထား …၊ ငါလေ … နင့်ရဲ့ ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို အံသြမိတယ်၊ ပိုပြီး လဲချစ်လာတယ်၊ ငါစင်ကာပူကို မပြန်တော့ ဘူး၊ နင်ရှိတဲ့ပြည်မြို့မှာပဲ ငါနေမယ်၊ ငါ့အမေရဲ့အစွဲကို အချိန်ယူပြီး ငါဖျောက် နိုင်အောင်ကြိုးစားမယ်၊ နင်နဲ့ဘုရားရှေ့၊ လူရှေ့မှာ သိက်္ခာရှိရှိနဲ့ဘုရားကျောင်းမှာ လက်ထပ်နိုင်ရမယ်။ ငါနင့်ကို နောက်တစ်ခါ အဆုံးရှုံးမခံနိုင်တော့ဘူး …၊ ဒါပေမယ့် …”” စကားစကို ရပ်၍ မောင်စိတ်ပျက်ဟန် ခေါင်းငုံ့သွားသည်။
““ဆက်ပြောလေမောင်၊ ဘာဒါပေ မယ့်လည်း …””
စူးစိုက်စွာဖြင့် မောင်ကျွန်မမျက်နှာ ကို မော့ကြည့်လာသည်။
““ငါမှာ အချိန်အကန့်အသတ် နင့် ကိုမပေးနိုင်တော့ …၊ နင်ငါ့ကို စောင့်နေ နိုင်ပါ့မလား …””
မောင့်စကားအဆုံး ကျွန်မပေါ့ပါး စွာရယ်မိလိုက်သည်။ မောင်က စိုးရိမ်စွာ စိုက်ကြည့်နေဆဲ။
““ငါ့အချစ်မှာ ဝေးခြင်း၊ နီးခြင်း မရှိ ဘူး၊ အချစ်တစ်ခုပဲရှိတယ်။ နင့်ကိုငါ တစ် ဘဝလုံးစောင့်ဆိုလည်း ချစ်နေမှာပါ””
ကျွန်မစကားအဆုံးတွင် မထင်မှတ် စွာ မောင်သည်အော်ကြီးဟစ်ကျယ် ရယ်မော နေလေသည်။ မောင့်ကို တဖန်အံသြရသူက ကျွန်မဖြစ်လာသည်။ မောင်ဒီလောက်ထိ မပျော်ရွှင်သင့်ပါဘူး၊ ဧရာဝတီမြစ်မှ တိုက် ခတ်လာသောလေကို လက်နှစ်ဖက်ဖြန့်၍ လေကိုတဝကြီး ရှုရှိုက်နေသည်။

ကျွန်မ ဘက်သို့လှည့်လာကာ စပ်ဖြဲဖြဲမျက်နှာဖြင့်
““ငတုံးမ၊ ငါ့ကို အမေက နင်နဲ့ သဘောတူတယ်ကတိပေးလို့ ငါအပြီး ပြန်လာခဲ့တာ …ဟား …ဟား””
မောင်သည် ကျွန်မအနားမှ ထွက်ပြေးသွားသည်။ မောင့်စကားကို မယုံ ကြည်နိုင်စွာ အံသြဝမ်းသာမှုဖြင့် မောင့်ကို ငေးကြည့်နေမိသည်။ ခပ်လှမ်းလှမ်း အရောက်တွင် မောင်မျက်နှာစပ်ဖြဲဖြဲ လုပ်ပြ၍ ကျွန်မမခံချင်အောင် စနေသည်။ မောင့်ပျော်ရွှင်မှုများသည် ကျွန်မထံသို့ ကူးစက်လာသောအခါတွင်
““ကောင်စုတ်၊ နင်သိမယ်၊ ငါ့ကို စိတ်ဆင်းရဲအောင်လုပ်တယ် …””
မောင့်ရယ်သံတို့ ထုံလွှမ်းကာ ထွက် ပြေးရာသို့ ကျွန်မ၏စိတ်ဆိုးမှုဖြင့် ထုံလွမ်း သောဒေါသဖြင့် မောင့်ကိုလိုက်ထုရန် ပြေး လိုက်သည်။ ထိုခဏတွင်ပင် ကျွန်မတို့သည် ရယ်သံများကြားတွင် သူငယ်ချင်းချစ်သူ ဘဝသို့ ပြန်လည်ရောက်ရှိခဲ့ပါပြီ။

သျှင် (ပြည်၊ ခေတ္တရာ)