”ခုနှစ်နှစ်ဆိုတဲ့အချိန်ဟာ မောင်ကြီးအတွက်တော့ နည်းတောင်နည်းပါသေးတယ် နှမငယ်။ ကိုယ်မြတ်နိုးစွာချစ်ရတဲ့ချစ်သူကို ပိုင်ဆိုင်ခွင့်ရဖို့ ခုနှစ်နှစ်ကျွန်ခံရတာမောင်ကြီး အတွက်တော့ ဘာမှမပြောပလောက်ပါဘူး””
ကြည်လဲ့နေတဲ့ ကောင်းကင်ပြာကြီးကို မြက်ခင်းစိမ်းစိမ်းပေါ် ပက်လက်အိပ်လို့ ကြည့် နေရင်း၊ ရင်ထဲမှာ ကြည်နူးပီတိဖြာနေမိတယ်။ ခပ်လှမ်းလှမ်းမှာ မြက်နုစိမ်းစိမ်းလေးတွေကို စားနေတဲ့ သိုးလေးတွေ ဆိတ်လေးတွေ ရဲ့မြင်ကွင်းကလည်း ရွှင်လန်းချမ်းမြေ့စရာပါပဲ။ နောင်ကြီးရဲ့စိတ်အတွေးတွေကလည်း အဝေးကပျပျလေးလှမ်းမြင်နေတဲ့ တောတောင် စိမ့်စမ်းတွေနဲ့အတူ … အဆုံးမဲ့ပျံ့လွင့်နေလေရဲ့။
++++++++++++++++++
””ခုနှစ်နှစ်ဆိုတဲ့အချိန်ဟာ မောင်ကြီးအတွက်တော့ နည်းတောင်နည်းပါသေးတယ် နှမငယ်။ ကိုယ်မြတ်နိုးစွာချစ်ရတဲ့ချစ်သူကို ပိုင်ဆိုင်ခွင့်ရဖို့ ခုနှစ်နှစ်ကျွန်ခံရတာမောင်ကြီး အတွက်တော့ ဘာမှမပြောပလောက်ပါဘူး””
ကြည်လဲ့နေတဲ့ ကောင်းကင်ပြာကြီးကို မြက်ခင်းစိမ်းစိမ်းပေါ် ပက်လက်အိပ်လို့ ကြည့် နေရင်း၊ ရင်ထဲမှာ ကြည်နူးပီတိဖြာနေမိတယ်။ ခပ်လှမ်းလှမ်းမှာ မြက်နုစိမ်းစိမ်းလေးတွေကို စားနေတဲ့ သိုးလေးတွေ ဆိတ်လေးတွေ ရဲ့မြင်ကွင်းကလည်း ရွှင်လန်းချမ်းမြေ့စရာပါပဲ။ နောင်ကြီးရဲ့စိတ်အတွေးတွေကလည်း အဝေးကပျပျလေးလှမ်းမြင်နေတဲ့ တောတောင် စိမ့်စမ်းတွေနဲ့အတူ … အဆုံးမဲ့
၁
““ရာခေလ”” …တဲ့။
နာမည်လေးလှသလောက် အဆင်းသဏ္ဍာန်ကလည်း လှပလွန်းပါတယ်။
ရှည်လျားနက်မှောင်နေတဲ့ ဆံနွယ်တွေကို ပိုးသားအဖြူစလေးနဲ့ ခပ်မြင့်မြင့်လေး စုစည်းထားတော့ သွယ်လျလျခန်္ဓာနဲ့ ပြောင်ရှင်းနေတဲ့နဖူးပြင်ရဲ့အလှက ဘယ်လိုမှ ကွယ်ဝှက် လို့မရနိုင်တော့ဘူးပေါ့။ ချွန်မြမြနှာဖျားပေါ်သီးနေတဲ့ ချွေးစက်လေးတွေက မင်းမျက်နှာရဲ့ အလှကို ပိုပြီးတော့ကဗျာဆန်သွားစေတယ်။
““လှလိုက်တာချစ်သူရယ်””
ပုံပြင်ယဉ်ကျေးပြီး အသွေးအဆင်းလှတဲ့မင်းကို မျက်စိတစ်ချက်အကြည့်မှာတင်ပဲ စွဲမက်သွားစေခဲ့ရတာကို မောင်ကြီး မအံ့သြမိပါဘူး။ ဘာကြောင့်လဲဆိုတော့ မောင်ကြီးရဲ့ နှလုံးသားအတွက် မင်းက လှပတဲ့ကဗျာတစ်ပုဒ်ဖြစ်နေလို့လေ။
မင်းနဲ့အတူ သိုးလေးတွေကို ရေတိုက်ရင်း မင်းမျက်နှာနုဖပ်ဖပ်လေးကို ခိုးကြည့်လို့ ရခဲ့တဲ့ကြည်နူးမှုမျိုး မောင်ကြီးဘယ်တုန်းကမှမခံစားခဲ့ဖူးဘူး။ ဒါဟာ ““အချစ်”” ဆိုရင် ဘယ်လောက်ပဲဒုက်္ခတွေ အခက်အခဲတွေ ကြုံတွေ့ပါစေဒီအချစ်ကိုမောင်ကြီးရဲ့နှလုံးသားမှာ ထာဝရသိမ်းထားလိုက်ပါမယ်။ ဒါ သေချာမှုတစ်ပါပဲ။ မတွေဝေပါဘူး နှမယ်။
““အဖေ့ကို သွားပြောလိမ့်အုံးမယ်”” လို့ပြောပြီး လှစ်ခနဲပြေးထွက်သွားတဲ့ မင်းကို ကြည့်ရင်း ပုံပြင်ယဉ်ကျေးသိမ်မွေ့တဲ့ အလှပိုင်ရှင်မင်းမှာသမင်မလေးတစ်ကောင်လို မြူးကြွတဲ့ အလှကိုလည်း ပိုင်ဆိုင်ထားသေးပါလားလို့ တွေးပြီး ကြည်ကြည်နူးနူး ပြုံးမိသွားတယ်။ပျံ့လွင့်နေလေရဲ့။
++++++++++++++++++++++++++++
၂
အမေ “ရေဗက္က”က ခါရန်မှာရှိတဲ့သူ့မောင်ဆီသွားပါလို့ လွှတ်လိုက်လို့ မောင်ကြီး လာသာလာရတယ်။ ကြောက်လိုက်တာ ဒါပေမယ့် ဦးရီးတော် ““လာဗန်”” က ““မင်းဟာ ငါ့ အရိုးထဲကအရိုး ငါ့အသားထဲကအသားပဲကွာ”” လို့ပြောပြီး ဆွေမျိုးရင်းမို့ နွေးနွေး ထွေးထွေးကြိုဆိုလို့ စိတ်ထဲမှာသက်သာသွားရတာ။ ပျော်လည်းပျော်သွားတယ်။
““အင်း … တကယ်တော့ ဦးရီးတော်နဲ့ မတွေ့ရခင်ကထဲက မောင်ကြီးရင်ခုန် လှိုက်မော ပျော်ရွှင်ခွင့်ရခဲ့တာပါ။ မင်းတို့ အရှေ့ပြည်သားတွေနေတဲ့ ခါရန်ပြည်ရဲ့တောစပ်က ရေတွင်းမှာ ခဏနားနေတုန်း သိုးတွေရေတိုက်ဖို့လာနေတဲ့ မင်းကိုစပြီး မြင်တွေ့လိုက်ရတဲ့ အချိန်ကစလို့ပေါ့””
အပြစ်ကင်းတဲ့ သိုးဖြူလေးတွေခြံရံလို့ လျှောက်လှမ်းလာတဲ့ မင်းရဲ့ခြေလှမ်းတွေ နဲ့အတူ တလွင့်လွင့်လှုပ်ခတ်လွင့်မျောရင်း လိုက်ပါလာတဲ့လည်စည်းပုဝါလေးက လေပြေနုရဲ့ ဆွဲခေါ်ရာဘက်ယိမ်းကနေတဲ့မြင်ကွင်းဟာ သပ်ရပ်လှပတဲ့ကဗျာတစ်ပုဒ်ကို ဖတ်နေရသလိုပါပဲ နှမငယ်။
အနားရောက်လို့ မင်းကိုနှုတ်ဆက်ပြီး မင်းရဲ့သိုးတွေကို ရေတိုက်ဖို့၊ ရေတွင်းပေါ်က ဖုံးထားတဲ့ကျောက်တုံးကို လှိမ့်ဖယ်လိုက်တဲ့ အချိန်မှာ ဆုံဆည်းခွင့်ရလိုက်တဲ့၊ မျက်ဝန်းနှစ်စုံရဲ့ အတွေ့နဲ့အတူ မဝံ့ရဲတဲ့ ကျေးဇူးတင်အပြုံးတစ်ပွင့်ကြောင့် မောင်ကြီးရဲ့ဦးရီးတော် ““လာဗန်”” က နှမငယ်တို့အိမ်မှာနေဖို့ခေါ်သွားပြီး နေနေရတဲ့ကာလဟာ မောင်ကြီးအတွက်တော့ ပျော်ရွှင် စရာနေ့ရက်တွေကို ဖြတ်သန်းနေရတာပါပဲ …
နေ့ဘက်မှာ မင်းနဲ့အတူသိုးတွေကိုထိန်းကျောင်းရင်း အရိပ်ကောင်းတဲ့သစ်ပင် အေက်မြက်ခင်းပြင်မှာ အနားယူလို့ မင်းပြင်ဆင်ပေးတဲ့အစားအစာတွေစားရတာ မောင်ကြီး အတွက်တော့ နတ်သုဒ်္ဓါတမျှပါပဲ။ အိမ်ရောက်တော့လည်း ဦးရီးတော်နဲ့ အိမ်အလုပ်တွေ ဝိုင်းကူရင်း … အဝေးကလှမ်းမြင်နေရတဲ့ မင်းကို တိတ်တခိုး လှမ်းကြည့်ရတဲ့ အရသာဟာ ကြည်နူးစရာကောင်းပါဘိ။ လသာတဲ့ညတွေမှာ ခြံထဲကသံလွင်ပင်တွေအောက် မြက်ခင်း ပြင်မှာထိုင်လို့ စကားတွေပြောကြတယ်လေ။ ဒီအချိန်မှာ ရှက်သွေးဖြာနေတဲ့ မင်းမျက်နှာလေး ကိုတစ်ဝကြီး ကြည့်နေတာကို တိမ်မဲညိုတွေက မနာလိုဘူးထင်ပါရဲ့။ လမင်းကြီးကို ခဏခဏဖုံးကွယ်ပစ်တယ်။ မောင်ကြီးကတော့တိမ်မဲညိုတွေကို ရင်ထဲက ကျိတ်ပြီး ကျေးဇူး တင်လိုက်တာ သူတို့ကြောင့် နှမငယ်ရဲ့လက်ချောင်းလေးတွေ ဘယ်လောက်နူးညံ့အိထွေး တယ်ဆိုတာ သိခွင့်ရသလို မောင်ကြီးရဲ့ရင်ခွင့်မှာ နှမငယ်ရဲ့ရှက်သွေးဖြာနေတဲ့မျက်နှာလေး ပုန်းဝှက်ထားပေးခွင့်ရလို့ပေါ့။
နှမငယ် … တို့များရဲ့ အကြင်နာညများစွာဟာ ဘယ်တော့မှ မဆုံးသွားစေရဘူးနော်။
++++++++++++++++++++++++
၃
မင်းတို့အိမ်ကိုရောက်တာ တစ်လတောင်ပြည့်သွားပြီ။
ဒီနေ့ဟာ မောင်ကြီးအတွက်တော့ အပျော်တွေစုပြီး တိုးဝင် လာတဲ့နေ့တစ်နေ့ပါပဲ။ ဦးရီးတော်က..
““မင်းက ငါ့တူဆိုတော့၊ ဒီအတိုင်းအလုပ်လုပ်ပေးနေရတာ အကျိုးမရှိဘူး။ မင်းကို အဖိုးအခပေးချင်တယ်။ အဖိုးအခကို ပြောကွာ”” လို့ဆိုလာတယ်။ အို ရင်ထဲမှာ နတ်ပူးသလို အပျော်တွေတုန်ခါလာပြီး ချက်ချင်းပဲ။
““ဦးရီးတော်ရဲ့ သမီးအငယ်”” ““ရာခေလ”” ကိုရယူချင်ပါတယ်။ ဒီအတွက် ခုနှစ်နှစ်ကျွန်ခံပါ့မယ်”” လို့ ပြောလိုက်တာပေါ့။
ဦးရီးတော်က သဘောတူတယ်လေ။ အခြားသူနဲ့ ပေးစား ရတာထက်စာရင် ငါ့တူနဲ့ပေးစားရတာ ပိုကောင်းတာပေါ့လို့တောင် ပြောသွားသေးတယ်။
““ကျေးဇူးတင်ပါတယ် ဘုရားသခင်ရယ်””
ကိုယ့်ချစ်သူကို မပိုင်ဆိုင်ချင်တဲ့သူ ဘယ်သူရှိပါ့မလဲနော်။
နောက်ပြီး မောင်ကြီးအလုပ်လုပ်ရမှာကလည်း မင်းနဲ့ဝေးတဲ့ တစ်နယ်တစ်ကျေးမှာမှ မဟုတ်တာ။ နေ့တိုင်း မင်းကိုမြင်တွေ့ခွင့်ရနေ မှာပဲ။
““ခုနှစ်နှစ်မကလို့ ခုနှစ်သက်ဆိုရင်လည်း ရပါတယ် နှမငယ် …””
မောင်ကြီးအတွက်တော့ အားလုံးပြည့်စုံပါတယ်။ မောင်ကြီးနဲ့ အနီးဆုံးမှာမင်းရှိနေတာပဲ….။ အတိတ်ဆီပြန့်လွင့်သွားတဲ့စိတ်တွေ ပြန်စုစည်းပြီးအဝေးရောက်သွားတဲ့ သိုးလေးတွေနောက်အပြေးလိုက်ခဲ့ ရတယ်။
+++++++++++++++++++++++++
၄
ဒီနေ့ဟာ … မောင်ကြီးရဲ့ အပျော်ဆုံးနေ့ပဲ။ မင်းကို ပိုင်ဆိုင်ခွင့်ရတော့ မယ်။ ဦးရီးတော်က ငါတို့ရဲ့ လက်ထပ်ပွဲ အတွက် ရွာထဲကလူတွေကို ခေါ်ဖိတ်ပြီး ပွဲလုပ်ပေးတယ်လေ။ ပြီးတော့ ““ဇိလပ”” ဆိုတဲ့ကျွန်မလေးကို လက်ဖွဲ့အဖြစ်နဲ့ထည့် ပေးလိုက်သေးတယ်။ မောင်ကြီးလည်း အပျော်လွန်ပြီး အဖော်အပေါင်းတွေနဲ့ စပျစ် ရည်သောက်တာ အတော်များသွားတယ် ထင်ပါရဲ့။
မနက်လင်းတော့ မောင်ကြီးအနား မှာရှိတဲ့သူဟာ မင်းမဟုတ်ဘဲ မင်းရဲ့အမ ““လေအာ”” ဖြစ်နေတယ်။ ခေါင်းတစ်ခုလုံး မိုးကြိုးဆယ်စင်း ပစ်ခွင်းလိုက်သလို သွက်သွက်ခါအောင်လည်သွားပြီး ကိုယ့် ကိုယ်ကို ဘယ်လိုဆောက်တည်ရမှန်း မသိ အောင်ဖြစ်သွားတယ်။ ဒေါသအိုးပေါက်ကွဲ ပြီး ဦးရီးတော် ““လာဗန်”” ဆီတဟုန်ထိုး ပြေး ထွက်လာခဲ့ မိတယ်။
““ကျွနု်ပ်ကို ဘာဖြစ်လို့လှည့်စားရ တာလဲ ကျုပ်လိုချင်တာ ““ရာခေလ”” ကျုပ် နှလုံးသားထဲက မြတ်မြတ်နိုးနိုး ချစ်တာ ““ရာခေလ”” ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ””
လက်သီးနှစ်ဖက်ကျစ်ကျစ်ပါ အောင်ဆုပ်ရင်း၊ ဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းအစုံနဲ့ မိုးကြိုးပစ်သလို ကျုပ်အော် လိုက်မိတယ်။
ဦးကြီးတွေ ဘကြီးတွေ အို ဘာမှ ကျုပ်ခေါင်းထဲမှာ မရှိတော့ဘူး။
ကျုပ်ရဲ့ ဒေါသတွေအထွတ်အထိပ် ရောက်နေပြီဆိုတာသိလို့ ဦးရီးတော်က
““စိတ်အေးအေးထားပါ ငါ့တူရယ်။ ဦးရီးတို့နယ်ရဲ့ဓလေ့က သမီးအကြီးကို အိမ် ထောင်မချပေးခင်သမီး အငယ်ကိုမပေးရ ဘူးကွဲ့၊နောက်ထပ်ခုနှစ်ရက်လောက်စောင့် လိုက်ပါအုံးနော် ””
လို့ လေသံအေးအေးနဲ့ ပြောလာတယ်။
““တောက်ဍ””
ပြင်းထန်တဲ့ တောက်တစ်ချက် ခေါက်ပြီး
““ခုနှစ်ရက်စောင့်ပြီးရင် ကျုပ်ချစ်သူ ““ရာခေလ”” ကို တကယ်ပေးမှာလား””
“ခဲ” မှန်ဖူးတဲ့ “စာ” သူငယ်လို မယုံသင်္ကာသံနဲ့ ကျုပ်မေးလိုက်တော့ …
““စိတ်ချပါတူမောင်၊ ခုနှစ်ရက် စောင့်ပြီးရင် သမီးအငယ်ကိုပေးပါ့မယ်၊ ဒါပေမယ့် … သမီးငယ်နဲ့လက်ထပ်ပြီး ရင်တော့ခုနှစ်နှစ်ထပ်ပြီး ကျွန်ခံရအုံး မယ်နော်””
““ကျုပ်ချစ်သူကိုသာ ရမယ်ဆိုရင် နောက်ထပ်ခုနှစ်နှစ်မကလို့ နှစ်ခုနှစ်ထောင် ခံရခံရ ကျုပ်သဘောတူတယ်။ ခင်ဗျားသာ သစ်္စာမဖောက်နဲ့””
““ကောင်းပါပြီ နောက်ခုနှစ်ရက် နေရင် သမီးငယ်နဲ့လက်ထပ်ပေးပါ့မယ်။ မင်းလဲသမီးငယ်ကိုရပြီးရင် ခုနှစ်နှစ်ထပ် ကျွန်ခံရအုံးမယ်ဆိုတာ မမေ့နဲ့နော်””
ပြောပြောဆိုဆို ကျောခိုင်းပြီးထွက် သွားတဲ့ ဦးရီးတော်ရဲ့ကျောပြင်ကို စူးရဲတဲ့ အကြည့်တွေနဲ့ ခပ်စိမ်းစိမ်းကြည့်ရင်း …
““အင်း … ဒါ ငါ့ကို ဘုရားသခင် ဒဏ်ခတ်တာပဲ””
““ငါက အဖေ “ဣဇက်” ကို လှည့်စားပြီး သားဦးအရာကို လိမ်ယူခဲ့မိတာ ကိုး။ ခုတော့ ဦးရီးတော်လာဗန်ရဲ့လှည့်စား တာကို ငါပြန်ခံရတယ်””
““ဘုရားသခင် ကျွန်တော်ရဲ့အပြစ် ကိုခွင့်လွှတ်တော်မူပါ။ ကိုယ်တော်၊ ကျွန်တော့်ကို ကတိပေးထားတယ်လေ။ ““ငါသည် သင့်ဘက်မှာနေမည်”” ဆိုတဲ့ အတိုင်းကျွန်တော့်ကိုသနားသဖြင့် ကယ်မ တော်မူပါ။ ကျွန်တော်အသက်လောက် ချစ်ရတဲ့ချစ်သူကို ပိုင်ဆိုင်ခွင့်ပေးပါအဖရယ်””
““ရာခေလ”” ချစ်သူရယ်မင်းနဲ့ မဝေးပါရစေနဲ့ အခုတော့ မောင်ကြီးရင်ကွဲ မတတ်ခံစားနေရပြီ မင်းလေးသိရဲ့လားဟင်””
တို့များရဲ့အကြင်နာညတွေ ပျောက် ဆုံးသွားမှာလား?
ခုနှစ်ရက်တော့သည်းခံလိုက်ပါအုံးနော် ….။
***************************
၅
မင်းဘယ်ရောက်နေလဲ နှမငယ်။ မနက်မိုးလင်းတာနဲ့ မြင်နေရတဲ့မင်းရဲ့ မျက်နှာလေး မောင်ကြီးမတွေ့ရတော့ဘူး။ မောင်ကြီးကို စိတ်နာသွားပြီလား။ မုန်းသွား ပြီလားဟင်။ တောင်းပန်ပါတယ် နှမငယ် ရယ်။ မောင်ကြီးကို ချန်မထားခဲ့ပါနဲ့နော်။ တကယ်လို့ မင်းချန်ထားခဲ့မယ်ဆိုရင် ကျန်ခဲ့ ရတဲ့မောင်ကြီးရင်ထဲမှာရော ချန်ခဲ့ရတဲ့ မင်းရင်ထဲမှာပါ တသက်တာနာကျင်နေရလိမ့် မယ်။ ပြည့်ပြည့်၀၀သာနေတဲ့ လမင်းကြီးကို မောင်ကြီးတစ်ယောက်ထဲ ငေးကြည့်ရင်း နှလုံးသားထဲက စိမ့်ထွက်လာတဲ့ကဗျာ တစ်ပုဒ်ကို နှုတ်ဖျားကရွတ်ဆိုလိုက်မိတယ်။
အကြင်နာည
သာတဲ့လလည်း
ဘယ်ဆီကိုရောက်
ကွယ်ပျောက်နေလဲ။
တိမ်တွေကာဖုံး
ပျောက်ဆုံးတာလား …။
တမင်ရှောင်ပုန်း
မင်းမုန်းတာလား …။
ဝေခွဲအသိ
မရှိတော့ဘူး
အချစ်ဦးရယ် …။
ဟင်း …။ လေးတွဲ့တွဲ့ သက်ပြင်းတစ်ချက်ကိုချရင်း ..
““ဘာပဲဖြစ်ဖြစ်လေ။ နောက်ခုနှစ် ရက်ကြာရင် …””ဆိုတဲ့ အတွေးတစ်ချက် ခေါင်းထဲရောက်လာတာနဲ့ လှပ်ခနဲခုန်သွား တဲ့ ဘယ်ဘက်ရင်ဘတ်ဆီ လက်ဖဝါးနဲ့ အသာဖိရင်း စစ်မှန်တဲ့ငါ့ရဲ့မေတ်္တာကြောင့် တူသောအကျိုးကို ခံစားရမှာပါလေ…။
++++++++++++++++++++++++++++++
၆
ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ပြူတင်းပေါက်က လှမ်းကြည့်ရင်း မောင်ကြီး ရင်တွေ တဆစ်ဆစ်နာလာတယ်။ မင်းမျက် နှာလှလှလေးကို မမြင်ရတာခြောက်ရက် တောင်ရှိသွားပြီ။ အနားမှာမင်းရှိတုန်းက အလုပ်လုပ်ခဲ့ရတဲ့ခုနှစ်နှစ်နဲ့ မင်းကိုမမြင်မ တွေ့ရဘဲနေနေရတဲ့ ခုနှစ်ရက်တာကာလ ကွာခြားလွန်းလှပါတယ် နှမငယ်။
ပညာရှိတစ်ဦးရဲ့ အဆိုအမိန့်တစ်ခ ုကို သွားသတိရမိတယ်။
““လူ့ဘဝဆိုတာ တိုတိုလေး။
ပျော်ရွှင်နေတဲ့နှသားနဲ့ အလုပ်လုပ် နိုင်ဖို့ အရေးကြီးတယ်၊ ပျော်တဲ့နှလုံးသားနဲ့ မိုင်ပေါင်းများစွာ လျှောက်နိုင်ပေမယ့်၊ ဝမ်းနည်းတဲ့နှလုံးသားဟာ တစ်မိုင်လောက် ဆို မောနေပြီ”” တဲ့
နှမငယ်ရယ် … မောင်ကြီး မညည်းတွားပါဘူး။မနက်ဖြန် ခုနှစ်ရက်ပြည့် တဲ့နေ့မှာ မင်းနဲ့လက်ထပ်ပြီး …နောက် ထပ်ကျွန်ခံရမယ့်ခုနှစ်နှစ်ဟာ မောင်ကြီး အ တွက်တော့ ပျော်စရာနေ့ရက်တွေ ဖြစ်မှာပါ။ဘာဖြစ်လို့လဲဆိုတော့မင်းကို ပိုင်ဆိုင်ပြီး ပြီလေ။ ဘယ်လောက်ပဲ ဆက်ပြီး ကျွန်ခံရပါ စေမမူတော့ပါဘူး။ မင်းနဲ့လက်တွဲပြီး ဘ၀ ခရီးကိုလျှောက်ရမှာဆိုတော့ နေ့ရက်တိုင်း ဟာ မောင်ကြီးအတွက် အကြင်နာနေ့ရက် တွေပဲပေါ့။ မင်းနဲ့အတူ စိမ်းလန်းတဲ့ မြက် ခင်းပြင်ပေါ်ပြေးလွှားဆော့ကစားရင်း သိုး လေးတွေကို ထိန်းကျောင်းရမယ်။
အရင်တုန်းကလို သိုးလေးတွေ ကြားက မင်းကိုခိုးကြည့်ဖို့မလို့တော့ဘူး။ အရိပ်ကောင်းတဲ့ သစ်ပင်အောက် မြက်ခင်း စိမ်းကြီးပေါ်မှာ အတူလဲလျောင်းရင်း ကောင်းကင်ပြာကြီးနဲ့ စကားပြောကြမယ်။
လသာတဲ့ညတွေဆို လမင်းကြီးမှာ မျက်နှာချင်းဆုံရအောင်နော်လို့ တိတ်တခိုး ပြောပြီး တစ်နေရာစီကနေလမင်းကြီးကို ကြည့်ကြဖို့မလိုတော့ဘူး။ နှစ်ယောက်အတူ တူကြည့်ခွင့်ရမယ်။
ကြယ်ကလေးတွေကို ရေတွက်ရင်း တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်လို့ တောင်းချင်တဲ့ဆုတွေကို တောင်းခွင့်ရမယ်။
နှမငယ်…မပျော်ဘူးလားဟင် မောင်ကြီးကတော့ အတွေးနဲ့တင် ပျော်နေမိ ပြီ။ ဦးရီးတော်ကို ကျေးဇူးတင်ရမယ်နော် ခုနှစ်နှစ်ထပ်ကျွန်ခံရမယ်ဆိုပေမယ့် ခုနှစ် ရက်ပဲစောင့်ပြီး မင်းကို ပိုင်ဆိုင်ခွင့်ရလို့ အင်း … ဒါဆို … နောက်ထပ်ကျွန်ခံရမယ့် ခုနှစ်နှစ်ထဲကဒီခုနှစ်ရက်ကို ပြန်နှုတ်ခိုင်း ရမယ်နော်။ အလကားစတာပါနှမငယ် …။
မောင်ကြီးအပျော်လွန်ပြီး လျှောက်တွေးနေ တာပါ။ ဒါပေမဲ့ အခု လောလောဆယ် တကယ့်လက်တွေ့ဘ၀ မှာတော့ မောင်ကြီးအနားမှာ မင်းမရှိဘူး။ မင်းကို မြင်ခွင့်လေးတောင် ဆုံးရှုံးနေရပြီပဲ။
+ + + + + + + +
၇
မနက်ဖြန် … မနက်ဖြန်မှာ မင်းရှိပါ့မလား။ မင်းကို မြင်ခွင့်ရပါတော့မလား။ မနက်ဖြန်ဆိုတာကို ရင်ခုန် လှိုက်မောခြင်းများစွာနဲ့ မြော်လင့်စောင့်စားရတော့မယ်။ ဒီတစ်ညကို မောင်ကြိးဘယ်လို ကျော်ဖြတ်ရမလဲကွယ်။ ဒီရက်တွေအတွင်းမှာ မင်းခံစားရတဲ့ ဝေဒနာဟာ မောင်ကြီးထက်လျော့မှာ မဟုတ်ဘူးဆိုတာကိုလည်း မောင်ကြီးသိပါတယ် နှမငယ်။
မင်းကိုလွမ်းလို့ ရင်နာရတာထက် မင်းခံစားနေရမယ့် ဝေဒနာတွေကိုသိလို့ ကြေကွဲ ရတာက ပိုဆိုးပါတယ်။
အနားမှာလင်းလဲ့လဲ့ပျံဝဲနေကြတဲ့ ပိုးစုန်းကြူးလေးတွေရယ် သင်းပျံ့ပျံ့လွင့်ပါးလာတဲ့ ပန်းရနံ့လေးတွေရယ်ဟာ မောင်ကြီးရဲ့ပါးပြင်ထက်က စီးကျနေတဲ့မျက်ရည်တွေကို မသိမ်းပေး နိုင်ပါဘူးလေ …။
ရီဝေတဲ့မျက်ဝန်းတွေနဲ့ လမင်းကြီးကိုမော့ကြည့်နေတုန်း ရင်းနှီးဖူးတဲ့ ကိုယ်သင်းနံ့ကို လေပြေနုနဲ့အတူရှုရှိုက်မိလိုက်လို့ နောက်ကိုအလှည့် တရှိုန်ထိုးပြေးဝင်လာတဲ့ သွယ်လျလျခန်္ဓာတစ်ခုကြောင့် ဝမ်းသာအားရအမိအရဖမ်းချုပ်ပြီး အံ့သြခြင်းများစွာနဲ့ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်မိတယ်။ ပူနွေးတဲ့မျက်ရည်စီးကြောင်း နှစ်စုံပေါင်းစည်းမိ သွားချိန်မှာတော့ … အကြင်နာည သာတဲ့လက ပိုလို့တောင်လှနေပါဘိတော့။
မလွမ်းသူ (ပဲခူး)