(ဆာလံ၊ ၁ဝ၇)၌ “ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့် ဂုဏ် ကျေးဇူးတော် ကို ချီးမွမ်းကြလော့”ဟု မိန့်တော်မူထားပါသည်။ ထိုစကားတော်သည ဘုရားသခင်၏စကားဖြစ်၍ သက်သေရှိပါသည်။ ထာဝရဘုရားသည် ကောင်းမြတ်၍ ကတိတည်သောဘုရားရှင်ဖြစ်ကြောင်း၊ အသက်တာ၌ လက်တွေ့ ခံစားသိရှိထားသောသူများ ယနေ့လောကတွင် အမြောက်အမြားရှိနေကြပါသည်။ ထိုသက်သေကို မိတ်ဆွေ၏အသက်တာ၌ ခံစားရပြီးလား၊ မခံစားရသေးပါက ခံစားနိုင်ဖို့ရန် ယနေ့သခင်ယေရှုကဖိတ်ခေါ်လျက်ရှိပါသည်။
ကရုဏာတော်
ကရုဏာတော်ဟူသည် ဘုရားသခင်၏ကျေးဇူးပြုမှုဖြစ်သည်။ မထိုကမတန်ဘဲနှင့် ခံစားရရှိသောအရာဖြစ်သည်။ မိမိတို့ လုပ်ဆောင်ကြောင့် ထိုက်တန်စွာခံစားရရှိသောအရာမှာ ကရုဏာတော်မဟုတ်တစ်စုံတစ်ဦးသောပုဂ္ဂိုလ်က ထာဝရဘုရား သည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်အစဉ်တည်ကြောင်း ပြောဆိုသည့်အခါ ထိုသက်သေကို ခံစားထားသော အခြားသူများက အတူတကွအာမင်ခေါ်၍ ဝန်ခံကြမည်သာဖြစ်သည်။ ဘုရားသခင်၏ ကရုဏာကျေးဇူးကို ခံစားရမှု အမျိုးမျိုးရှိကြပါသည်။ အချို့က ကျန်းမာရေး၊ အချို့ကစိတ်ဒုက္ခပြဿနာ၊ အချို့ကစီးပွါးရေး၊ မိသားစုပြဿနာ စသဖြင့် တစ်ဦးနှင့် တစ်ဦးမတူညီကြပါ။ သို့သော် တူညီသည့်ကဏ္ဍမှာ လူသားတိုင်းဝဋ်ကြွေးကံပိ၍ တမလွန်အရေး စိတ်မအေး ဖြစ်နေကြ သည့် ပြဿနာဖိစီးမှုမှ ကယ်မတော်မူခြင်း ဖြစ်သည်။ ဤကရုဏာတော်ကျေးဇူးပြုမူသည် လူသားတိုင်းတန်တူညီမ ခံစားနိုင် ရန် ဘုရားရှင်၏ မေတ္တာနှင့် ပြင်ဆင်ပေးတော်မူ ချက်ဖြစ်ပါသည်။
လူတိုင်းအတွက်အခွင့်အရေး
ဘုရားရှင်သည် မိမိကောင်းမြတ်တော်မူခြင်းကိုသက်သေထူနိုင်ဖို့ရန် လူမျိုးတစ်မျိုးကို ရွေးချယ်တော်ခဲ့ပါသည်။ ထိုလူမျိုး တော် အားဖြင့် လူသားများသည် မိမိကောင်းမြတ်ကြောင်းသိမြင်ခံစားနိုင်ဖို့ရန်ပြင်ဆင်ပါသည်။ ထိုနည်းတူ ဘုရားရှင် သည် မိမိကောင်း မြတ်ကြောင်းကို အြားသူများခံစားနိုင်ဖို့ ကျွနု်ပ်တို့အား မိမိ၏စကားတော် ကို နားထောင်စေခြင်း အားဖြင့် သက်သေထူနိုင်ဖို့ရန် အခွင့်အရေးပေးထားပါသည်။
ဘုရားရှင်သည် ဣသရေလလူများကို အဲဂုတ္တုပြည်မှကယ်နုတ်၍ ခါနန်ပြည်သို့ခေါ်ဆောင်ရာ တွင် တောလမ်း ခရီး မှခေါ် ဆောင်ခဲ့ပါသည်။ ဣသရေလလူတို့သည် လမ်းခရီး၌ဆင်းရဲဒုက္ခကြုံတွေ့သောအခါ ထာဝရဘုရားကိုအော်ဟစ်၍ သူတို့အားထို ဒုက္ခထဲမှ ဘုရားရှင်ကယ်နုတ်ခဲ့ပါသည်။ ထိုအတူ လောက၌အသက်ရှင်စဉ် ကျွနု်ပ်တို့အတွက် အရာရာ ၌ပြေလည်မှုရကြမည် မဟုတ်ပါ။ ရွှေငွေဥစ္စာရှိသော်လည်း ထိုအရာများက ကျွနု်ပ်တို့၏ပြဿနာအလုံးစုံကို မဖြေ ရှင်းပေးနိုင်ပါ။ လောကကြီးထဲတွင် လူ့အစွမ်းဖြင့်မဖြေရှင်းနိုင်သောပြဿနာများစွာရှိပါသည်။ ထိုသို့ပြဿနာကြုံရခြင်းသည်လည်း ဘုရားရှင်ကမျက်နှာ လိုက်၍မဟုတ်ပါ။ ထိုပြဿနာများဖြင့် ဘုရားရှင်ကိုခေါ်နိုင်ရန် အခွင့်အရေးပေးခြင်းဖြစ် သည်။ ပြဿနာများ ထဲမှ ဘုရားရှင်ကို အော်ဟစ်၍ ဘုရားရှင်ကပြန်ထူးပြီး အဖြေပေးသည့်သက်သေကိုရလျှင် ခရစ္စမတ်သည် ကျွနု်ပ်တို့ အတွက် အဓိပ္ပါယ်ရှိလာမည် ဖြစ်သည်။ ထာဝရဘုရားသည် အတိတ်ကာလက အသက်ရှင်သောဘုရားဖြစ်ရုံသာမက ယနေ့လည်း အသက်ရှင်တော်မူသော ဘုရားဖြစ် ပါသည်။
ကျွန်ုပ််ုပ်အတွက်သတင်းကောင်း
ယနေ့လောကတွင် သတင်းအမျိုးမျိုးရှိပါသည်။ သတင်းတိုင်းသည်လူတိုင်းအတွကကောင်းသည်မဟုတ်ပါ။ “ငါ့ကို ယုံကြည် သော သူသည် အပြစ်စီရငခြင်းမခံရ”ဟူသောကတိတော်သည် ကျွနု်ပတို့အတွက် ဘုရားရှင်ပြင်ဆင်သော ခရစ္စမတ်သတင်းကောင်း ဖြစ်ပေသည်။ ထိုသတင်းကောင်းသည် ဒုက္ခပြဿနာထဲမှ ဘုရားရှင်ကိုအော်ဟစ၍ ဘုရားရှင်၏ ကယ်မမှုကိုခံစားရကာ ဘုရားရှင်သည်ကတိတော်နှင့်အညီ သစ္စာတည်ကြောင်းသိဖို့ရန်ကျွနု်ပ်တို့ကောင်းကျိုး အတွက် ဘုရားရှင်၏ပြင်ဆင်တော်မူချက်ဖြစ် သည။ ဆင်းရဲခြင်းရှိသမျှမှ ကျွနု်ပ်တို့ကိုကယ်လွှတ်ဖို့ရန် ဘိသိက်ခံယူ၍ ကြွလာတော် မူသော အရှင်သည် သခင်ခရစ်တော်ဖြစ်ပါ သည်။ မည်သည့်ဆင်းရဲခြင်းဒုက္ခထဲမှမဆို ကျွနု်ပ်တို့ကို ကယ်လွှတ်ဖို့ရန် ကိုယ်တော်ရှင်သည် စောင့်မျှော်လျက်ရှိပါသည်။ ကျွနု်ပ်တို့ ကြုံတွေ့ရသည့် ဒုက္ခပြဿနာထဲမှ ကိုယ်တော်ကို ယုံကြည်ခြင်းဖြင့် အော်ဟစ်အကူအညီတောင်းဖို့ရန်သာလိုအပ်ပါသည။ လွန်ခဲ့ သောနှစ်ပေါင်း(၂ဝဝဝ)ခန့်က လောကသို့ကြွလာ၍ သက်သေအမျိုးမျိုးကိုထူပြီးသည့်နောက် ကွယ်ပျောက် သွားသော အရှင်မဟုတ်ပါ။ ယနေ့တိုင်အသက်ရှင်၍ သက်သေထူဖို့ရန် စောင့်မျှော်နေသောအရှင်ဖြစ်ပါသည်။
ဧမာနွေလအရှင်
အပျိုကညာဝမ်း၌ ပဋိသန္ဓြေွယူ၍ လူ့လောက၌ဖွားသန့်စင်မှုကို ိခံယူတော်မူသောထိုအရှင်သည် ကျွနု်ပ်တို့ အသက်တာ ထဲ၌ ကျွနု်ပ်တို့နှင့်အတူအသက်ရှင်လိုသောဘုရားရှင်ဖြစ်သည်။ ကျွနု်ပ်တို့၏ အခက်အခဲပြဿနာများကို သိရှိသလို ကျွနု်ပ်တို့၏ နှလုံးသားလိုအင်ဆန္ဒကိုလည်း သိတော်မူသောအရှင်ဖြစ်ပါသည်။ ထိုအရှင်၏နာမကား ဧမာနွေလ တည်းဟူသော “ကျွနု်ပ်တို့နှင့် အတူရှိတော်မူသောဘုရား”ဟု အနက်ရပါသည်။ ဘုရားရှင်ကို မည်သူမျှလှည့်စား၍မရပါ။ ထိုသို့ဖြစ်ရခြင်းမှာ ဘုရားကမျက်နှာ လိုက်၍မဟုတ်ပါ။ နှလုံးသား၏ဆန္ဒနှင့် တုန့်ပြန်မှုကိုလိုက်၍ အဖြေပေးသော ကြောင့်ဖြစ်သည်။ ထိုကြောင့် မိတ်ဆွေ၏၏၏၊ သင်သည် ခရစ်တော်ဘုရားကို ယုံကြည်သူ မဖြစ်သေးသော်လည်း စိတ်အား မငယ်ပါနှင့်။ ကိုယ်တော်ကို ယုံကြည်နိုင်ပါမည့်အကြောင်း သက်သေ ပေးပါ ဟု နှလုံးသားကဆန္ဒနှင့်တောင်းခံပါက ကိုယ်တော်သည်သင့်အား အမှန်ပင်သက်သေထူမစမည်ဖြစ်ပါသည်။
သက်သေခံပါ
သခင်ခရစ်တော် လောက၌ ဖွားမြင်ခြင်းခံတော်မူသည့်အချိန်ကာလတွင် ကောင်းကင်တမန်သည် သိုးထိန်းများထံ လာ ရောက်၍ သတင်းကောင်းကိုကြားပြောပါသည် (လု၊၂း၈)။ ထိုအခါ သိုးထိန်းတို့သည် ချက်ခြင်းတုန့်ပြန်ကာ သူငယ်တော်အား သွားရောက်ဖူးမျှော်ကြပါသည်။ ထို့အတူ ယနေ့ခရစ္စမတ်၏ သတင်းကောင်းကို ကျွန်ုပ်တို့ကြားရ သည့်အခါ ဦးစွာမယုံကြည် ပါနှင့်။ ယုံကြည်နိုင်ဖို့ရန် သက်သေပေးပါမည့်အကြောင်း မြည်းစမ်း၍ခေါ်ကြည့်ပါ။ သက်သေရကိုရ လျှင်ကိုယ်တော်ကိုယုံကြည်ပါ။ သိုးထိန်းများသည် သတင်းကြားပြောကြောင်းတွေ့ရသည်။ ထိုနည်းတူကျွနု်ပ်တို့လည်း ကိုယ်တော်ရှင်၏ ကောင်းမြတ်ကြောင်းသတင်း ကြားရသည့်အတိုင်း မြည်းစမး၍ သက်သေကိုရပြီးနောက် ကိုယ်တောအား ယုံကြည်လာသောအခါ ထိုသတင်းကောင်းကို အခြား သူများပါကြားသိ ခံစားနိုင်ရန် ထပ်ဆင့်ဝေငှသက်သေခံပါ။ ဤနည်းအား ဖြင့်အခြားသူများလညး ခရစ္စမတ်၏ကောင်းမြတ်ခြင်းကို ခံစားနိုင်ရန် ပါဝင်လုပ်ဆောင်ကြဖို့ မေတ္တာဖြင့်သတိပေးဝေငှလိုက် ရပါသည်။
ဆရာကြီးဦးတင်မောင်ထွန်း