ခရစ္စမတ်ဆိုတာ ခရစ်တော်ရဲ့မွေးနေ့ ပွဲဖြစ်ပါတယ်။
ယေရှုခရစ်တော်ကိုသတိရအောက်မေ့ပြီး ခရစ္စမတ်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပရခြင်းဘဲ ဖြစ်ပါတယ်။
ကျနော် အိမ်မှာ ကြက်ကလေးမွေးတော့ ကြက်ကလေးက ဆော့ရင်းနဲ့ အိမ်သာတွင်းထဲကျသွားတယ်။ အိမ်သာကျင်းထဲမှာ ကြက်ကလေးက ပိကျိပိကျိနဲ့ ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ ကျနော် တုတ်နဲ့ကော်လည်း ကြက်ကလေးကတော့ ဟိုပြေးဒီပြေးပါဘဲ။ ကြက်ကလေးတော့ တွင်းထဲမှာ ဒီတိုင်းပြစ်ထားရင်တော့ သေတော့မယ် ငါဘယ်လိုလုပ်ရမလည်းပေါ့ နောက်ဆုံးတော့ကျနော်လည်း ပုဆိုးကို သေခြာပြင်ဝတ် ခတောင်းကျိုက်ပြီးတော့ အိမ်သာကျင်းထဲ ဆင်းပြီး ကြက်ကလေးကို တွင်းပေါ်ပြန်တင်ပေးခဲ့တယ်။ ဒါပေမဲ့ ကျနော်ကတော့ တော်တော်လေး ညစ်ပတ်သွားတယ် ချီးပေသွားတယ်။ သန့်ရှင်းရေးကောင်းကောင်းပြန်လုပ်ရတယ်။ း)
ဒီလိုပါဘဲ လူသားအပြစ်သားတိုင်းကို ကယ်တင်ဖို့ ယေရှုခရစ်တော်ဟာလည်း ဘုရားဇာတိကနေ လူဇာတိကိုခံယူပြီး နှိမ့်ကျလှတဲ့ နွားတင်းကုတ်မှာ မွေးဖွားခဲ့ပါတယ်။ ဒါကိုအကြောင်းပြုပြီး ခရစ္စမတ်ဆိုတဲ့ ယေရှုခရစ်တော်ရဲ့မွေးနေ့ပွဲ ဖြစ်ပေါ်လာခြင်းဘဲဖြစ်ပါတယ်။
လူတိုင်းမှာ မွေးနေ့ပွဲဆိုတာရှိပါတယ်။ ကျနော် အဖေနဲ့အမေ၊ အဖိုးနဲ့အဖွား၊ ဘေး ဘီ ဘင် ဘောင် စသဖြင့် မွေးနေ့တွေရှိကြပါတယ်။ ကျနော်မှာ အဖိုးအဖွားတို့ခုချိန်မှာ အသက်မရှိတော့ပါဘူး။ အသက်မရှိတော့တဲ့ သူတို့အတွက် မွေးနေ့ပွဲလုပ်ပေးချင်ပေမဲ့ လုပ်ပေးလို့မရတော့ပါဘူး။ သူတို့ဟာ အသက်မရှိကြတော့လို့ မွေးနေ့ပွဲ ဆိုတာမရှိတော့ပါဘူး။ ဒါပေမဲ့ ကျနော်ရဲ့ အသက်ရှိနေသရွှေ့ကာလပတ်လုံး မွေးနေ့ကိုတော့ လုပ်သွားလို့ရပါတယ်။
ဒီအတိုင်းပါဘဲ ယေရှုခရစ်တော်ဟာလည်း အစဉ်အမြဲ ကျနော်တို့နဲ့ရှိနေလို့ ခရစ္စမတ်ဆိုတဲ့ မွေးနေ့ပွဲကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်သွားရခြင်းဘဲဖြစ်ပါတယ်။
(သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ မဿဲ ၁း၂၁)
May God Bless You
အစဉ်လေးစားစွာဖြင့်
သွေးသစ်သစ္စာ
မူရင်း။ ။ http://lashioregion.multiply.com/reviews/item/6