ရာသီတွေရယ် အို နေညိုခြင်းရဲ့ တစ်ဖက်မှာ ဆက်လက်ရှင့်သန်နေဆဲပါအဖေ။ ရေကြည်တစ်ပေါက် မသောက် ရရင်လည်း ရှိပါစေ၊ ““မျှော်လင့်ခြင်းတဲ့ အဲဒီတွင်းလေးကိုပဲ အ၀ီစိရောက်အောင် ဆက်တူးရင်း …။

လူတွေက ကျွန်မကို ပြောကြတယ်၊ လမ်းလျှောက်တာ မငြင်သာဘူး၊ စက်ဘီးစီးတာ အရမ်းမြန်တယ်၊ ဆိုင်ကယ် စီးကြမ်းတယ်၊ ကားမောင်းတာ ပရမ်းပတာနဲ့တဲ့။ ကျွန်မလူတွေရဲ့ အသံကိုနားထောင်ကြည့်မိတဲ့အခါ၊ အဲဒီဂုဏ်သတိ္တတွေဟာ ကျွန်မမှာတကယ်ရှိတဲ့အရာတွေ လား၊ လူတွေပေးထားလို့ ကျွန်မရရှိလိုက်တဲ့အရာတွေလား၊ ဘယ်အရာဟာ တကယ့် အမှန်တရားလဲဆိုတာတော့ သိမ်မသေချာပါဘူး။ ဒါပေမဲ့ …

ကျွန်မအတွက် သိပ်သေချာတာတစ်ခုက၊ အသည်းနုနုလမ်းမ တစ်ခုအပေါ် မငြင် မသာ၊  ပရမ်းမတာနဲ့၊ ကြမ်းတမ်းမြန်ဆန် မောင်းနှင့်ဖြတ်သန်းခဲ့ဖူးပါရဲ့။ ကျွန်မသိထားတာက ““လမ်းကြမ်းသည် ဖြေးဖြေးမောင်းပါ””။ အဲဒီတုန်းက ချစ်သူက ကျွန်မကို စကားတစ်ခွန်း ဆိုခဲ့တယ်။ ငါတတ်တဲ့ မြေကြီးစကားနဲ့ ကောင်ကင်ကြီးနားလည်အောင် ပြောပြနိုင်ဖို့ဆိုတာ သိပ်ခက်တယ်၊ (ကျေးဇူးပြု၍) အသည်းနုသည် ဖြေးဖြေးမုန်းပါ”” … တဲ့။

နွေဦးရဲ့ လေရှုးနဲ့အတူ သောကအပူတွေကို မှုတ်ထုတ်ရင်း လှည့်ထွက်သားသော ကဗျာဆန်တဲ့ ချစ်သူရဲ့နောက်ကျောကို ငေးကြည့်လှောင်ရီရင်း၊ ပွဲသိမ်းလက်သီးတစ်လုံး အမိအရပေးလိုက်တယ်။ ဟေ့သက ကိုယ်က လေယာဉ်တော့မဟုတ်ဘူး၊ ဒါပေမဲ့ ရာသီဥတု မကောင်းရင်၊ကွင်း (RAW WAY့) မကောင်းရင် မဆင်းဘူး””…။

နောက်ကိုတစ် ချက်မှလည့်မကြည့်ဘဲ သူ့ ထွက်သွားခဲ့ရတယ်။ ပန်းပွင့် လေးတွေကို အမှတ်မထင် ခူးယူပြီး တစ်ချက်လောက် နမ်းရှိုတ်ပြီးတော့ ၀ဲပြစ် လိုက်တတ်တဲ့ ကျွန်မ၊ အိမ် ပြန်ရောက်တဲ့အခါ ခြံထဲက နှင်းဆီးပန်း တစ်ဖွင့်ကို တစ် ချက်လောက် နမ်းရှိုတ်ဖို့၊ လှမ်းအခူးမှာ အမှတ်မထင် နှင်းဆီခူး၊လက်ကို စူးသွား ခဲ့ရတယ်။ အဲဒီညမှာ ကျွန်မ ရင်ထဲဆူးတဲ့ စူးဟာ ယနေ့ အထိထုတ်လို့မရ၊ ထားရ နာကျင်၊ဘ၀ရဲ့သခင် ကိုယ် တော် ရှင်ကများ ပြုပြင်စီရင် လိုက်လေရော့လား။

ကျွန်မဘ၀ရဲ့ ညအခါတွေဟာ အမြဲတမ်းလသာခဲ့ ဖူးပါတယ်။ ငယ်ငယ်က ဆရာမသင်ပေး ဖူးတဲ့ကဗျာ။ ညအခါ လသာသာ၊ ကစားမလား၊ နားမလာ”” …. ကြီးလာတော့ အဲဒီကဗျာလေးကို ဆက်တွေးဖြစ်တာက ““ကစားချင်၊ ကစား၊ နားချင်နား၊ လောကရဲ့ကစားကွင်း ကျဉ်းချင်ကျန်းမယ်၊ ကျယ်ချင်ကျယ်မယ်၊  တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဘ၀၊ ညနဲ့ လဟာ တူနိုင်မယ်မထင်ပါရဲ့။ ကျွန်မဘ၀ရဲ့ ညအခါတစ်ရက် လငပုပ်ဖမ်းလို့ အလှပျက်၊ အထီးကျန်၊ ရက်စက်ခြင်းတွေဟာ ကျွန်မကို ပွေ့ဖက်၊ ကြေကွဲခြင်းတွေနဲ့ အတူအိပ်စက် နာကျင်မှုတွေနဲ့ အိပ်ပျက်ခဲ့ဖူးတယ်။

““သတိ ..သမီးကို အဖေပြောစရာရှိတယ်။ သမီး အရွယ်လည်းရောက်၊ ပညာအသွင်းပြည့်စုံပြီ။ ကိုယ်ခြေ ထောက်ပေါ်ကိုယ် ရပ်တည်နေနိုင်ပြီ။”” ““အခုအဖေ တကယ် ပြောတာလား၊”” ““အဖေအားလုံး စီစဉ်ပြီးပြီ။”” ရင်ထဲမှာ တဆက်ဆက် နာကျင်သွားတယ်၊ လူမှန်းမသိခင်က အမေ ဆုံး၊ လူမှန်းသိတော့ အဖေ့ကို ဆုံးရှုံးပြန်ပြီးပေါ့ ..”” ““အဖေ .. အဖေ မယူလို့မရဘူးလား”” ““ခြေလွန်၊ လက်လွန်ဖြစ်သွား လို့၊ အဖေလည်း အမြန်စီစဉ်လိုက်ရတာ””  ရင်ထဲက နာကျင်မှု ရှက်ဒေါသထောင်းကနဲ ထသွားတဲ့အခါ၊ ““အဖေဟာ ယုံကြည်သူတစ်ယောက်ဖြစ်ပြီးတော့…”” ကျွန်မစကား မဆုံးလိုက်ရခင် အဖေရဲ့ရှက်ဒေါသဟာ ကျွန်မပါးပြင်ပေါ် ကျရောက်လာတယ်။““ဖြန်း”” …

“ပါးပြင်ပေါ်က နာကျင်ခြင်းဝေဒနာထက်၊ စိတ် ထဲက ကြေကွဲတဲ့ဝေဒနာက ပိုပြီးနာတယ် အဖေ … ပိုပြီး နာတယ်”

နာကျင်မှုနဲ့ ကြေကွဲမှုပေါင်းစပ်လို့ ဒြပ် ပြုတဲ့အခါ …။

““လူ၏ စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသော စိတ်ကိုကား၊ အဘယ်သူသည်းခံနိုင် သနည်း။”” (သု၊ ၁၈း၁၄)။

အရှက်တရားဟာ ကုန်းဆင်းမှာ ဘီးပေါက် ခဲ့တဲ့  ““ည””။ လမသာတဲ့ ““ည””၊ ကျွန်မ ကစားရမလား၊ နားရမလား ကိုယ်တော်။

သတိရခြင်းကို သတိရမိနေတဲ့အခါတွေမှာ ကျွန်မရဲ့အသက်ကို အဖေနာမည်နဲ့ တယ်လီဖုန်း ဆက်ခွင့်ပြုပါ။ ကျွန်မကိုယ်ထဲမှာ စိတ်ထဲမှာ စွဲထင်ကျန် နေတဲ့ အဖေရဲ့ကိုယ်ရနံ့ကို  ဘာနဲ့ အစွန်းချွတ်ရမလဲ။  အတွေးထဲမှာ ကြားနေရတဲ့ အဖေစကားသံတွေ အတွက် ဘယ်ခလုပ်ကို ပိတ်ရမလဲ။

“မတော်တဆတစ်ခုမှာ နှလုံးသားတစ်လုံး လည်း ရစရာမရှိတော့ပါ” ဆိုတဲ့ …ချစ်သူ လူကြုံ ပါးလိုက်တဲ့စကား ကျွန်မပြန်ကြားနေရတယ်။ ကျွန်မ ဘ၀မှာ ““တ”” စရာဆိုလို ကောင်းကင်ဘုံ၌ ရှိတော်မူ သော ““အဖ”” ဘုရားသခင်၊ ကိုယ်တော်ရှင်က လွဲပြီး ဘယ်သူရှိအုံးမှာလဲ။

ခွင့်ပြုပါကိုယ်တော်၊ ကိုယ်တော်ရှင်က မပေး ဘူးဆိုရင်တောင် ကိုယ်တော်ထံမှာပဲ ဆက်လက် တောင်းခံနေမှာပါ။ကျွန်မရင်ထဲကဘ၀၊ အဖေပြန်လာ မယ့် “ည”တွေ ကို မျှော်လင့်ရင်း၊ ““ရေကြည်တစ်ပေါက် မသောက်ရရင်လည်း နေပါစေ၊ ““မျှော်လင့်ခြင်းတဲ့”” အဲဒီတွင်းလေးကိုပဲ အ၀ီစီရောက်အောင် ဆက်တူးရင်း …။ လမသာတဲ့ ညတွေနဲ့အတူ၊ လောကရဲ့ကစား ကွင်း အကျဉ်း၊ အကျယ်၊ ဆိုဒ်မျိုးစုံအလယ်မှာ ကျွန်မ ကစားနေတတ်ပြီ အဖေ။

မာယာညကို ချစ်တဲ့အဖေ၊ အဖေကိုချစ်တဲ့ ကျွန်မ၊ ကျွန်မချစ်တဲ့ တစ်ချိန်ကချစ်သူ၊ သြော် … ချစ်သူတွေ … ချစ်သူတွေ။ တစ်ချိန်က ချစ်သူကတော့ သိနိုင်ပါမလား၊ အခု ကျွန်မချစ်တတ်သွားပြီ ကိုယ်တော်။  အသီးအရွက် နုနုတွေကို ကျွန်မကြိုက်တယ်။ နုနယ်လှပတဲ့ ပန်းပွင့်လှလှလေး တွေကို ကျွန်မနှစ်သက်တယ်။ အသည်းနုနုလေးတစ် ပွင့်ကို ကျွန်မတချက်နမ်းရှုတ်စွန့် ပစ်လိုက်ဖူးတယ်။ အဖေကိုချစ်တဲ့ နှလုံးသား နုနုလေးတစ်ပွင့်ဟာ လည်း လေတချက်အဝှေ့မှာ ပွင့် ချိန်ကုန်ခဲ့ဖူးတယ်။

ကျွန်မလက်မှာ နှင်းဆီ ဆူးရဲ့ဒဏ်ရာ၊ မနာတော့ပေမယ့် အမာရွတ်လေး သေးသေးလေး ရှိ နေပါသေးတယ်။ တစ်ခါတစ်ခါ ကိုယ့်ပါးပြင် ကိုယ့်ဖာသာကိုယ် ယောင်ရမ်းစမ်းမိတဲ့ အခါတွေမှာ ရင်ထဲမှာ အလွန်နာကျင်သွားရတဲ့ ဒဏ်ရာမဲ့အနာလေး၊ ကျေးဇူးပြု၍ ကိုယ်တော် ကုသပေး လှည့်ပါ။ လောကချစ်သူတို့ရေ ကျွန်မဆုတောင်းမေတ်္တာတွေ ပို့သပေးနေတတ်ပြီ။ ““အချင်း ချစ်သူ၊ သင်၏ စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်း ရှိမည့်အကြောင်း ငါဆုတောင်း၏ (၃ယော ၁း၂)။ အသည်းနုနုခူးတမ်းကစားပွဲများတွင် ကျွန်မအကျွမ်းဝင်ခဲ့ဖူးလို့ သတိပေးပါရစေ။
သတိ၊အသည်းနုနုမခူးရ

တေမိ

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.