Posted in၀တ္ထုတို
အဆုံးမဲ့ အလွမ်းတို့ လွင့်ပါးပါမှ
အခန်း (၁) ဟိုးအဝေးမှာလာနေတဲ့ပုံရိပ်က နင်နဲ့တူလိုက်တာ။ အိုး ဟုတ်တယ်။ နင်မှနင်အစစ်ပဲ။ ဘုရားကျောင်းရှေ့ရောက်တိုင်း ဒီကွန်ကရစ်လမ်းပေါ်က ကြည့်နေကျအကြည့်က ငါ့ရဲ့အကျင့် တစ်ခုပဲ။ ဂျင်းဘောင်းဘီနဲ့စပို့ရှပ်ကို တစ်ခုံတမင်ဝတ်တတ်တဲ့ကောင်လေးက ဒီလမ်းလျော လေးကနေ ဘုရားကျောင်းလာတက်လေ့ရှိတာကိုး။ အဲဒီကောင်လေးက ငါ့ချစ်သူ နင်ပဲပေါ့။ ဒါပေမယ့် ...။ နင် ငါ့အနားကနေ ရှောင်ပုန်းနေခဲ့တာကြာလှပြီ။ အိုး မဟုတ်ပါဘူး။ ငါကစ ရှောင်ခဲ့တာပါ။ နင်ကစတာ…




